Myanmar Association of Japan Alumni ( MAJA )

JLPT 2023 JULY သင်တန်းကျောင်းများအတွက် လျှောက်လွှာရောင်းချခြင်းနှင့် ပတ်သက်၍ ရန်ကုန် နှင့် မန္တလေး


၂၀၂၃ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် သင်တန်းကျောင်းများအား လျှောက်လွှာ ရောင်းချရန် Google form မှတဆင့် ကြိုတင်စာရင်းကောက်ယူခဲ့ပြီး သတ်မှတ်ချက်နှင့် မကိုက်ညီသော ကျောင်း(၁၇) ကျောင်း အား မတ်လ ()ရက်နေ့တွင် အီးမေးလ်မှတဆင့် ပေးပို့အကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။

ရောင်းချရန် လျှောက်လွှာစာရွက်များမှာ လျာထားသည့် အချိန်ထက်နောက်ကျကာ မတ်လလယ်ခန့်တွင် ရောက်ရှိမည် ဖြစ်ပါကြောင်း ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိ သည်နှင့်တစ်ပြိုင်နက် သတ်မှတ်ချက်နှင့် ပြည့်စုံသော ကျောင်း (၃၆၈) ကျောင်းသို့ လာရောက်ဝယ်ယူရမည့် နေရာ၊ နေ့ရက်တို့  အား  Google form တွင်ပါရှိသော မေးလ်လိပ်စာများသို့ ပေးပို့အကြောင်းကြား ပေးသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2023-03-02
၂၀၂၇ ခုနှစ်၊ (၄) လပိုင်း အတွက် ခေါ်ယူမည့် သတင်းစာ စကော်လားရှစ် (2027 April Intake - ASAHI Shimbun Scholarship)
visitors :      283,444