Myanmar Association of Japan Alumni ( MAJA )

၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များ ထုတ်ယူခြင်းနှင့်ပတ်သက်၍


၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် အောက်ပါအတိုင်း လာရောက်ထုတ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ ကနဦးရက်များတွင် တပြိုင်နက်ထဲ လာရောက်ခြင်းကြောင့် လူစုလူဝေးဖြစ်ပေါ်မှုအား ရှောင်ရှားနိုင်စေရန်အတွက် သင်တန်းကျောင်း များမှတဆင့် ထုတ်ယူခြင်းအား ဉီးစွာပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၁။ သင်တန်းကျောင်းအလိုက်ထုတ်ယူခြင်း

သင်တန်းကျောင်းများအနေဖြင့် မိမိတို့ကျောင်းသားများအနက်မှ အောင်လက်မှတ် ထုတ်ယူရန် အရေးတကြီး လိုအပ်လျက်ရှိသောကျောင်းသားများအတွက် အောက်ဖော်ပြပါ စာရွက်စာတမ်းများဖြင့် လာရောက် ထုတ်ယူ နိုင်ပါသည်။

() ကျောင်းသားများ၏အမည်နှင့် ခုံနံပါတ်စာရင်း (နမူနာပုံတွင်ကြည့်ပါ)

() စာဖြေသူတဦးချင်းစီ၏ Test Voucher (ပျောက်ဆုံး/ပျက်စီးပါက စာဖြေသူ၏ မှတ်ပုံတင်မိတ္တူ နှင့် ခုံနံပါတ်) ‌

() သင်တန်းကျောင်းလိုင်စင်

() လာရောက်ထုတ်ယူသူ၏ မှတ်ပုံတင်မူရင်း

() ကိုယ်စားထုတ်ယူပါက ကိုယ်စားလှယ်လွှဲစာ (နမူနာပုံတွင်ကြည့်ပါ)

() ခံဝန်ကတိပြုလွှာ (နမူနာပုံတွင်ကြည့်ပါ)

တို့အားယူဆောင်ကာ (..၂၀၂၃) မှ (၁၀..၂၀၂၃) ရက်နေ့အတွင်း လာရောက်ထုတ်ယူနိုင်ပါမည်။

မှတ်ချက်။ သင်တန်းကျောင်းများမှ တဆင့် အောင်လက်မှတ်ထုတ်ယူခြင်းအတွက် မည့်သည့်အခကြေးငွေမှ ကောက်ခံခြင်း မပြုပါရန် အသိပေးအပ်ပါသည်။ အကယ်၍ ကောက်ခံပါက ကျောင်းသားများအနေဖြင့် JLPT စာမေးပွဲကျင်းပရေးကော်မတီ ထံသို့ စာဖြင့်ဆက်သွယ်တိုင်ကြားနိုင်ပြီး အဆိုပါကျောင်းများအား အမည်ပျက်စာရင်း ထည့်သွင်းသတ်မှတ်သွားမည်ဖြစ်ပါသည်။

၂။ တစ်ဦးချင်းအလိုက်ထုတ်ယူခြင်း

တစ်ဦးချင်းအလိုက်ထုတ်ယူမည့် စာဖြေသူများအနေဖြင့် မိမိ၏ Test Voucher (ပျောက်ဆုံး/ပျက်စီးပါက စာဖြေသူ၏ မှတ်ပုံတင်မိတ္တူ နှင့် ခုံနံပါတ်) ယူဆောင်လာကာ (၁၁..၂၀၂၃) မှ (၂၄..၂၀၂၃) ရက်နေ့အတွင်း လာရောက်ထုတ်ယူနိုင်ပါသည်။

** ယခုသတ်မှတ်ကာလနောက်ပိုင်းတွင် ထုတ်ယူမည် ဖြစ်ပါက MAJA ရုံးတွင် လာရောက်ထုတ်ယူနိုင်မည် ဖြစ်ပါသည်။

၃။ ထုတ်ယူရမည့် နေရာနှင့်အချိန်

(ရန်ကုန်စာဖြေဌာန)

နေရာ

- ရန်ကုန်ပညာရေးတက္ကသိုလ် (Learning Hub)

အမှတ် ၃၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ် မှ ဝင်ရန်။)

အချိန်

- မနက် ၉း၀၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ

ဖုန်း

- 09 428 756 746

(မန္တလေးစာဖြေဌာန)

နေရာ

- MAJA Office (Mandalay Branch)ရေလမ်း၊ တိုက် () အခန်း () မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

အချိန်

- မနက် ၉း၀၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ

ဖုန်း

- 09 255 162 533

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2023-03-03
၂၀၂၇ ခုနှစ်၊ (၄) လပိုင်း အတွက် ခေါ်ယူမည့် သတင်းစာ စကော်လားရှစ် (2027 April Intake - ASAHI Shimbun Scholarship)
visitors :      283,444