၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များ ထုတ်ယူခြင်းနှင့်ပတ်သတ်၍ ကြေငြာချက်-၂
၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များအား ရန်ကုန်မြို့နှင့် မန္တလေးမြို့ များတွင် သင်တန်းကျောင်းများမှတဆင့် ထုတ်ယူခြင်းအား ဉီးစွာပြုလုပ်ဆောင်ရွက်ခဲ့ရာ သင်တန်းကျောင်း များမှ ထုတ်ယူသည့် အရေအတွက် နည်းပါးလာပြီ ဖြစ်ပါသောကြောင့် တစ်ဦးချင်းအလိုက်ထုတ်ယူခြင်းအား မူလလျာထားရက်ထက် စော၍ လာထုတ်ယူနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
(ရန်ကုန်စာဖြေဌာန)
၂၄.၃.၂၀၂၃ ရက်နေ့ အထိ (ပိတ်ရက်မရှိ)
နေရာ
- ရန်ကုန်ပညာရေးတက္ကသိုလ် (Learning Hub)
အမှတ် ၃၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ် ၄ မှ ဝင်ရန်။)
၂၈.၃.၂၀၂၃ ရက်နေ့ နောက်ပိုင်း (ရုံးဖွင့်ရက်အတွင်း)
နေရာ
- MAJA Office
အမှတ် ၂ဘီ-၅, နှင်းဉယျာဉ်အိမ်ရာ၊ နှင်းဆီကုန်း (က) ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်။
အချိန်
- မနက် ၉း၀၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ
ဖုန်း
- 09 428 756 746
(မန္တလေးစာဖြေဌာန)
နေရာ
- MAJA Office (Mandalay Branch)
ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
နေ့ရက်နှင့်အချိန်
- ရုံးဖွင့်ရက်အတွင်း မနက် ၉း၀၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ
ဖုန်း
- 09 255 162 533
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း