Myanmar Association of Japan Alumni ( MAJA )

JLPT 2023 JULY ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် (၁၀)နှစ်အောက် ဖြေဆိုသူများအတွက် လျှောက်လွှာရောင်းချ/လက်ခံခြင်းနှင့် ပတ်သက်၍ (ရန်ကုန် နှင့် မန္တလေး)


၂၀၂၃ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် (၁၀)နှစ်အောက် စာမေးပွဲလျှောက်ထားလိုသူများအတွက် လျှောက်လွှာဝယ်ယူခြင်း နှင့် လျှောက်ထားခြင်းများအား အောက်ပါအစီအစဉ်အတိုင်း လက်ခံပြုလုပ်သွားမည်ဖြစ်ပါသည်။

၁။ စာမေးပွဲကျင်းပမည့်ရက်

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ () ရက် (တနင်္ဂနွေနေ့)

၂။ စာမေးပွဲကျင်းပမည့်နေရာ

ရန်ကုန်မြို့နှင့် မန္တလေးမြို့။

၃။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)

Level N1 - ၄၂,၀၀၀ + ,၀၀၀ = (၄၅,၀၀၀ ကျပ်)

Level N2 - ၄၂,၀၀၀ + ,၀၀၀ = (၄၅,၀၀၀ ကျပ်)

Level N3 - ၄၂,၀၀၀ + ,၀၀၀ = (၄၅,၀၀၀ ကျပ်)

Level N4 - ၃၇,၀၀၀ + ,၀၀၀ = (၄၀,၀၀၀ ကျပ်)

Level N5 - ၃၇,၀၀၀ + ,၀၀၀ = (၄၀,၀၀၀ ကျပ်)

၄။ လျှောက်လွှာအရောင်းကာလ နှင့် လက်ခံကာလ

Level အားလုံးအတွက်- ၁၃..၂၀၂၃ မှ ၁၆..၂၀၂၃ ရက်နေ့အထိ

ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် (၁၀)နှစ်အောက် စာမေးပွဲလျှောက်ထားလိုသူများအတွက် အထက်ပါ ကာလအတွင်း လျှောက်လွှာဝယ်ယူခြင်းနှင့် လျှောက်ထားခြင်းအား ကိုယ်တိုင်/ကိုယ်စား စနစ်ဖြင့် တစ်ပြိုင်နက်ထဲ လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ပါသောကြောင့်အောက်ဖော်ပြပါလိုအပ်ချက်မျာအားတပါတည်းယူဆောင်လာပေးရန်လိုအပ်ပါမည်။

(ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များအတွက် သာသနာဝင်စိစစ်ရေးကတ်ပြားမိတ္တူ (သို့) သာသနာနွယ်ဝင် စိစစ်ရေးကတ်ပြားမိတ္တူ နှင့် ဓါတ်ပုံ()ပုံ ယူဆောင်လာရမည်ဖြစ်ပြီး၊ (၁၀) နှစ်အောက် လျှောက်လွှာတင်သူများအတွက် မွေးစာရင်းမိတ္တူ နှင့် ဓါတ်ပုံ()ပုံ ယူဆောင်လာရပါမည်။)

၅။ လျှောက်လွှာ ရောင်းချ/လက်ခံမည့်အချိန် နှင့် နေရာ

အချိန် - မနက် ၉း၀၀ နာရီ မှ ညနေ ၃း၃၀ နာရီအထိ

နေရာ (ရန်ကုန်စာဖြေဌာန) - ရန်ကုန်ပညာရေးတက္ကသိုလ် (Learning Hub)

အမှတ် ၃၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ် မှ ဝင်ရန်။)

နေရာ (မန္တလေးစာဖြေဌာန) – MAJA Office (Mandalay Branch)

ပထမထပ်၊ တိုက် () အခန်း () ရေလမ်း၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး။

JLPTစာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

 2023-03-10
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,717