Myanmar Association of Japan Alumni ( MAJA )

သင်တန်းကျောင်းများအတွက် လျှောက်လွှာလက်ခံခြင်းနှင့်ပတ်သတ်၍


၂၀၂၃ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် သင်တန်းကျောင်းများ အနေဖြင့် လျှောက်လွှာတင်သွင်းရာတွင် လိုအပ်သောအချက်အလက်များနှင့် သတိပြုရန်အချက်များအား အောက်ပါအတိုင်း ပြင်ဆင်ပြုလုပ်ပေးရန်လိုအပ်ပါသည်။

လျှောက်လွှာတင်သွင်းရာတွင် ယူဆောင်ပြင်ဆင်လာရမည့် အချက်အလက်များ

*သက်တမ်းရှိ သင်တန်းကျောင်းလိုင်စင် မိတ္တူ (သို့) သက်တမ်းရှိ လုပ်ငန်းလိုင်စင် မိတ္တူ (သို့) သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင် မိတ္တူ။

(လျှောက်လွှာဝယ်ယူစဉ်က တင်သွင်းထားသည်နှင့်ကိုက်ညီရမည်)

* ကျောင်း Letter Head ဖြင့် ထုတ်ပြန်ထားသည့် ပိုင်ရှင်/ကိုယ်စားလှယ်လွှဲစာမူရင်းနှင့်မိတ္တူ (ပိုင်ရှင်ကိုယ်တိုင်ဖြစ်ပါကလဲ ဖြည့်သွင်းလာရမည်)

* Level အလိုက်စာဖြေသူစာရင်း။

( Level တစ်ခုလျှင် စာရင်းစာရွက်တရွက်ဖြင့်ပြင်ဆင်လာရမည်)

* လာရောက်သူ၏ မှတ်ပုံတင် မူရင်းနှင့် မိတ္တူ။

* လျှောက်လွှာဖောင် နှင့် တကွ စာဖြေသူ၏သက်သေခံကတ်ပြားမိတ္တူ

(လျှောက်လွှာဖောင်ရေးသွင်းရာတွင် နောက်ဆုံးစာရွက်အထိ စာသားများထင်ရှားစွာ ရေးဖြည့်ရမည်ကို သတိပြုပါ။ သက်သေခံကတ်ပြားမိတ္တူပေါ်တွင် အမည်နှင့်မွေးသက္ကရာဇ်အား အင်္ဂလိပ်လို ရေးသားလာရမည်။ {Eg AYE AYE AUNG , 04.12.1991} မြန်မာမွေးသက္ကရာဇ်များဖြစ်ပါကလဲ အင်္ဂလိပ် မွေးသက္ကရာဇ်ဖြင့် ပြောင်းလဲဖြည့်သွင်းခဲ့ရမည်။

စာဖြေသူ၏ဓါတ်ပုံ()ပုံအားTest Voucher နှင့် Test Voucher Copy စာရွက်တွင် ဓါတ်ပုံတပုံစီ ကပ်ရမည်။

လျှောက်လွှာဖောင်များအား ကျောင်းသားစာရင်းပါ အမည်အတိုင်း အစဉ်လိုက်စီလာပေးရမည်။)

* စာမေးပွဲကြေးအား ပိုက်ဆံအမျိုးအစားအလိုက် (၁၀၀) စည်း စီလာပေးရန်။

ယူဆောင်ပြင်ဆင်လာရမည့် အချက်အလက်များ မပါရှိပါက/မစုံလင်ပါက လက်ခံဆောင်ရွက်ပေးနိုင်မည် မဟုတ်ပါ။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

 2023-03-19
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,718