Myanmar Association of Japan Alumni ( MAJA )

2023 July JLPT စာမေးပွဲ Online မှ လျှောက်လွှာတင်ထားသူများ Test Voucher ထုတ်ယူခြင်းနှင့် ပတ်သက်၍


2023 July JLPT စာမေးပွဲအတွက် Online မှ လျှောက်လွှာတင်ထားသူများအနေဖြင့် ဇွန်လ () ရက်နေ့မှ စတင်၍ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) အား အောက်ပါအတိုင်း ထုတ်ယူနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

စာမေးပွဲဖြေဆိုသည့်နေ့တွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) အား Print ထုတ်၍ယူဆောင်လာရမည်ဖြစ်ပါသည်။ (ဖုန်းဖြင့်ပြသ၍မရပါ။)

စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) ဝင်ရောက်ထုတ်ယူရမည့် Website Link

https://jlpt-maja.org.mm/

Test Voucher ထုတ်ယူပုံ အဆင့်ဆင့်

၁။ ပထမဦးစွာ အထက်ပါ link အား copy ယူ၍ browser တွင် ဖွင့်ပါ။

၂။ လော့ဂ်အင် ခလုတ်အားနှိပ်ပါ။

၃။ လော့ဂ်အင်အမည် နှင့် စကားဝှက်အား ဖြည့်သွင်းပါ။

၄။ လျှောက်လွှာဖောင်အချက်အလက် ခလုတ် အား နှိပ်ပါ။

၅။ လျှောက်ထားသူသည် "Test Voucher" နှင့် "Application Form" ၂ခုလုံးကို (Download) လုပ်ရပါသည်။

Test Voucher file တွင် စာမျက်နှာ မျက်နှာ ပါဝင်ပါသည်။

စာမျက်နှာ - Test Voucher (ခုံနံပါတ်၊ ဖြေဆိုရမည့်ရက်၊ အချိန် နှင့် နေရာ ပါဝင်ပါသည်။)

စာမျက်နှာ - စာမေးပွဲစည်းကမ်းများ

စာမျက်နှာ - စာမေးပွဲဖြေဆိုရမည့်နေရာပြမြေပုံ

Application Form file ကိုနှိပ်ပါက လျှောက်လွှာပုံစံ Form C ကို download လုပ်မည် ဖြစ်ပါသည်။

(Form C တွင် ဖြည့်သွင်းထားခဲ့သော Passcode 8လုံးသည် Online result ကြည့်ရှုရာတွင် လိုအပ်ပါသည်။)

Test Voucher ထုတ်ရန် စကားဝှက် မေ့လျော့သူများအနေဖြင့် ရန်ကုန်စာဖြေဌာနဖြစ်စေ၊ မန္တလေးစာဖြေဌာနဖြစ်စေ အစိုးရရုံးဖွင့်ရက်များတွင် ရုံးချိန်အတိုင်း (နံနက် ၉း၀၀ နာရီမှ ညနေ ၄း၀၀ နာရီ အတွင်း) အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်၍ Password Reset ပြုလုပ်ပေးပါရန် အကြောင်းကြားနိုင်ပါသည်။

ဆက်သွယ်ရန်ဖုန်း - 01- 757 10 15

(နေ့လယ် ၁၂း၀၀ နာရီမှ ၁း၀၀ နာရီအတွင်း ထမင်းစားချိန် ဖုန်းဖြေဆိုခြင်း ခေတ္တနားပါသည်။)

စာမေးပွဲဖြေဆိုရမည့်နေ့တွင် ယခု Test Voucher (စာမေးပွဲဖြေဆိုခွင့်ကတ်) Print စာရွက်နှင့်အတူ အောက်ပါ သက်သေခံကတ် (မူရင်း) တစ်ခုခု မပါရှိလျှင်စာမေးပွဲဖြေဆိုခွင့် မပြုပါ။

() မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်။)

() သက်တမ်းရှိ နိုင်ငံကူးလက်မှတ်

() သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (က/A ဆိုင်ကယ်လိုင်စင်မှာ မွေးသက္ကရာဇ်မပါသဖြင့် အကျုံးမဝင်ပါ။)

() မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ အကျုံးဝင်ပါသည်။)

() သာသနာဝင်စိစစ်ရေးကတ်ပြား၊ သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြား (ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များအတွက်သာ အကျုံးဝင်ပါသည်။)

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2023-06-01
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,717