Myanmar Association of Japan Alumni ( MAJA )

(1) 2023 JULY JLPT စာမေးပွဲနှင့် ပတ်သက်၍ အထူးသတိပြုရန် (2) 2023 JLPT (July) စာမေးပွဲအတွက် နာမည်၊ မွေးသက္ကရာဇ် ပြင်ဆင်လိုသူများနှင့်ပတ်သတ်၍


2023 JULY JLPT စာမေးပွဲနှင့် ပတ်သက်၍ အထူးသတိပြုရန်

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ () ရက်နေ့တွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် စာမေးပွဲဖြေဆိုခွင့် (Test Voucher) ကတ်ပြားများအား (၁၃..၂၀၂၃) ရက်နေ့ နောက်ဆုံးထား၍ ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။

Online မှ လျှောက်လွှာတင်ထားသူများ အနေဖြင့်လည်း သတ်မှတ်ရက် (..၂၀၂၃)ရက်နေ့ အထိ Online System မှတစ်ဆင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား Download ရယူနိုင်ပြီး၊ အဆိုပါကတ်ပြားအား Color Print ထုတ်၍ စာဖြေဌာနသို့ ယူဆောင်လာရမည် ဖြစ်ပါသည်။

) စာမေးပွဲနေ့တွင် စာဖြေသူများအားလုံးသည် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား (Test Voucher) နှင့် အောက်ဖော်ပြပါသက်သေခံကတ်ပြားမူရင်းတခုခု အား မဖြစ်မနေယူဆောင်လာရပါမည်။ မပါရှိပါကဖြေဆိုခွင့် မရှိပါ။ ဖုန်းဖြင့် ပြသခြင်းအား ခွင့်မပြုပါ။

(က) မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်)

() သက်တမ်းရှိ နိုင်ငံကူးလက်မှတ်

() သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (က/A ဆိုင်ကယ်လိုင်စင်မှာ မွေးသက္ကရာဇ်မပါသဖြင့် အကျုံးမဝင်ပါ)

() မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ)

() သာသနာဝင်စိစစ်ရေးကတ်ပြား၊ သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြား (ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များစသည်တို့အတွက်)

) Test Voucher တွင်ပါရှိသော ခုံနံပါတ်၊ နေရာ၊ အချိန် နေ့ရက်အတိုင်း လာရောက်ဖြေဆို ရပါမည်။ စာဖြေဌာနနေရာသို့ ရောက်ရှိသည့်အခါ ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ပြီး၊ လမ်းညွှန်ပေးသည့် နေရာများတွင် စောင့်ဆိုင်းပါ။ ကျောင်းဝင်းပြင်ပတွင် လူစုလူဝေး ဖြစ်ပေါ်စေရန် မပြုလုပ်ပါနှင့်။

) ရိုးရိုးခဲတံ 2B, HP (ဘောပင်၊ ခဲသားဘောပင် လုံးဝအသုံးပြုခွင့်/ယူဆောင်လာခွင့်မရှိပါ) ခဲဖျက်၊ ချွန်စက်၊ ID card (လျှောက်ထားစဉ်က ပူးတွဲတင်ပြထားသော မှတ်ပုံတင်၊ ကားမောင်းလိုင်စင်၊ Passport စသည်) နှင့် အခြားလိုအပ်သည်များအား ဖိုင်အိတ်အကြည် များဖြင့်သာ ထည့်သွင်းယူဆောင်လာရန်။

) ကျောပိုးအိတ်နှင့် လက်ကိုင်အိတ်များအား စာဖြေဌာနဝင်းအတွင်းသို့ လုံးဝ ယူဆောင်လာခွင့်မပြုပါ။ ယူဆောင်လာသည့် ကျောပိုးအိတ်နှင့် လက်ကိုင်အိတ်များအား မိမိတာဝန်ဖြင့်သာ ကျောင်းဝင်းပြင်ပတွင် ထားခဲ့ရမည် ဖြစ်သည်။

) ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ တယ်လီဖုန်းနှင့် တခြားတန်ဖိုးရှိပစ္စည်းများအား ယူဆောင်လာပါက မိမိတာဝန်သာဖြစ်ပြီးပျောက်ဆုံး၊ ပျက်စီးမှုများနှင့် ယူဆောင်လာခြင်းကြောင့် ဖြစ်ပေါ်လာသော ကိစ္စရပ်များအတွက် စာဖြေဌာနမှ တာဝန်ယူဆောင်ရွက်ပေးမည် မဟုတ်ပါ။

) တယ်လီဖုန်းယူဆောင်လာခြင်းမပြုရန် တိုက်တွန်းပါသည်။ မဖြစ်မနေ ယူဆောင်လာရမည်ဆိုပါက နှိုးစက် (Alarm) Setting များအား ပိတ်၍ ဖုန်းအား Power Off လုပ်ထားရမည်ဖြစ်ပါသည်။ Vibration Mood, Silent Mood, Airplane Mood များ ပြုလုပ်ထားခြင်းအား ခွင့်မပြုပါ။ စာဖြေခန်းအတွင်းတွင် ဖုန်းအား Power Off ပြုလုပ်ပြီး၊ ပလတ်စတစ်အိတ်အတွင်းသို့ ထည့်သွင်းကာ စားပွဲခုံအောက်စသည့် လက်လှမ်းမမှီသည့်နေရာတွင် ထားရှိရပါမည်။ စာမေးပွဲဖြေဆိုနေချိန်တွင် တယ်လီဖုန်း အသုံးပြုခြင်း၊ အသံမြည်ခြင်း၊ အသံဖမ်းယူခြင်း၊ ဓါတ်ပုံရိုက်ခြင်းများအား တားမြစ်ထားပြီး၊ ကျူးလွန်ပါက မသမာသူ (Missed Conduct) အဖြစ်သတ်မှတ်ပြီး အောင်စာရင်းထွက်ရှိမည်မဟုတ်ပါ။

) ပါးစပ်နှင့် နှာခေါင်းစည်း မတ်စ် (Mask) တပ်ဆင်လာရန်။ Covid-19 ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာဖြေဌာနအတွင်း ပြုမူနေထိုင်ကြပါရန်။

မှတ်ချက်။ စည်းကမ်းချက်များနှင့် ပတ်သက်၍ စာဖြေသူများ နားလည်သဘောပေါက်လွယ်ကူစေရန် ဗီဒီယိုဖိုင်ဖြင့်လည်း ထုတ်ပြန်ကြေငြာသွားမည် ဖြစ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

2023 JLPT (July) စာမေးပွဲအတွက် နာမည်၊ မွေးသက္ကရာဇ် ပြင်ဆင်လိုသူများနှင့်ပတ်သတ်၍

နာမည်၊ မွေးသက္ကရာဇ် ပြင်ဆင်လိုသူများအနေဖြင့်ဇူလိုင်လ()ရက် စာမေးပွဲဖြေဆိုသည့်နေ့တွင် ဖြေဆိုရမည့်Test Site ရှိ Office မှ သတ်မှတ်ထားသော နေရာတွင် ပြင်ဆင်နိုင်ပါသည်။

လိုအပ်သည့်အချက်များ

၁။ Test Voucher မူရင်း

၂။ သက်သေခံကဒ်ပြား မူရင်း (Passport, Driving License ကားလိုင်စင်အမျိုးအစား B, C, D, E , နိုင်ငံသားသက်သေခံကဒ်)

( ပြင်ဆင်ခြင်းနမူနာအားပုံတွင်ကြည့်ပါ။)

မှတ်ချက်

၁။ သက်သေခံကဒ် နှင့် Test Voucher တွင် ပါရှိသည့် အမည်၊ မွေးသက္ကရာဇ် များ လုံးဝကွဲလွဲနေပါက ပြင်ဆင်ခွင့်မရပါ။

၂။ အမှားပြင်ဆင်လိုသူသည် အမည်စာလုံးပေါင်းမှားယွင်းမှုမရှိစေရန် Passport, ဘွဲ့လက်မှတ် များတွင် အသုံးပြုသည့်အတိုင်း သေချာစွာဖြည့်သွင်းပေးပါ။

၃။ အမှားပြင်ဆင်ခြင်းအားစာမေးပွဲဖြေဆိုသည့်နေ့ (..၂၀၂၃) တွင်သာ လက်ခံမည်ဖြစ်ပြီး၊ အောင်လက်မှတ် ထွက်ရှိမည့် ကာလအထိ အမှားပြင်ဆင်ခြင်းလျှောက်ထားမှုအား လက်မခံပါ။

၄။ အောင်လက်မှတ်ထုတ်ပေးပြီးနောက် အမှားပြင်ဆင်ရန် လျှောက်ထားသူများသည် ပြင်ဆင်ခြင်းအတွက် ၂လ/၃လ ခန့်ကြာမြင့်မည်ဖြစ်ပြီး၊ အမှားပြင်ဆင်ခြင်းလျှောက်ထားသူဉီးရေ များပြားသည့်အပေါ်တွင် မူတည်၍ ပိုမိုကြာမြင့်ခြင်းရှိနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2023-06-12
(1) ၂၆ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသော ပြိုင်ပွဲဝင်များ၏ အမည်စာရင်း ကြေညာခြင်း (2) TYCA Vol.10 Interview အောင်မြင်သူစာရင်း ကြေငြာခြင်း
visitors :      224,951