Myanmar Association of Japan Alumni ( MAJA )

2019 ခုနှစ် July တွင်ဖြေဆိုမည့် JLPT Exam အတွက် Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်) ပျောက်ဆုံးပျက်စီးသူများအတွက် ပြန်လည်ထုတ်ယူနိုင်မည့်ရက်အသိပေးကြေငြာခြင်း။


2019 ခုနှစ် July တွင်ဖြေဆိုမည့် JLPT Exam အတွက် Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်) အကြောင်း အမျိုးမျိုးကြောင့် ပျောက်ဆုံးပျက်စီးပါက ဇွန်လ (၁၅) ရက် မှ (၃၀) ရက် အတွင်း (အစိုးရရုံး ပိတ်ရက်မှအပ) ရုံးချိန်အတွင်း အောက်ပါလိပ်စာတွင် လာရောက်လျှောက်ထားပြီး ပြန်လည်ထုတ် ယူနိုင်ပါသည်။

လိုအပ်ချက်များ
၁. ဓါတ်ပုံ ၁ပုံ
၂. မှတ်ပုံတင် မူရင်နှင့်တကွ မိတ္တူ ၁ စောင်

ရန်ကုန်မြို့
MAJA Education Centre
No.66/A, Thura Street, (9) Ward, South Okkalapa Township, Yangon.
Ph: 09-962751373, 09-262602121

မှတ်ချက်
...........

လျှောက်လွှာတင်ပြီး စာမေးပွဲကြေး ပေးသွင်းထားသူများအား စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား(Test Voucher) ထုတ်ပေးခြင်းကို ၂၂.၃.၂၀၁၉ မှ ၆.၄.၂၀၁၉ အထိ ပိတ်ရက်မရှိထုတ်ပေးခဲ့ပါသည်။

သို့သော် လာရောက်ထုတ်ယူခြင်း မရှိသော ကျောင်းသား/သူများ ကျန်ရှိနေပါသောကြောင့် ၁၁.၄.၂၀၁၉ အထိ Test Voucher ထုတ်ပေးခြင်းကို တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါသည်။

ထိုသို့ ရက်တိုးမြှင့် ထုတ်ပေးသည့်တိုင်အောင် လာရောက်ထုတ်ယူခြင်းမရှိသော သူများအား နောက်ကျ ကြေးအဖြစ် (၅၀၀၀ ကျပ်) ပေးသွင်းပြီး ၁၂.၄.၂၀၁၉ မှ ၆.၅.၂၀၁၉ အထိ (အစိုးရ ရုံးပိတ်ရက်မှ အပ) ရုံးချိန် အတွင်း (နံနက် ၉း၃၀ မှ ညနေ ၄း၃၀ အထိ) လာရောက် ထုတ်ယူခွင့်ပြု့ခဲ့ပါသည်။

အထက်ပါသတ်မှတ်ရက်များအတွင်း စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား(Test Voucher) လာရောက်ထုတ် ယူထား ခြင်းမရှိထားသောကျောင်းသား/ သူများအနေဖြင့် စာမေးပွဲ ဖြေဆိုခွင့်ရှိမည်မဟုတ်ကြောင်းကိုလည်း အသိပေး အပ်ပါသည်။

မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

 2019-09-05
Online Study in Japan Fair 2026 For Myanmar
visitors :      300,157