Myanmar Association of Japan Alumni ( MAJA )

2023 JULY JLPT စာမေးပွဲနှင့် ပတ်သက်၍ အထူးသတိပြုရန် ကြေငြာချက်-၂


၂၀၂၃ ခုနှစ်၊ ဇူလိုင်လ () ရက်နေ့တွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် စာမေးပွဲဖြေဆိုခွင့် (Test Voucher) ကတ်ပြားများအား (၁၃..၂၀၂၃) ရက်နေ့ နောက်ဆုံးထား၍ ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ Online မှ လျှောက်လွှာ တင်ထားသူများ အနေဖြင့်လည်း သတ်မှတ်ရက် (..၂၀၂၃)ရက်နေ့ အထိ Online System မှတစ်ဆင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား Download ရယူနိုင်ပြီး၊ အဆိုပါကတ်ပြားအား Color Print ထုတ်၍ စာဖြေဌာနသို့ ယူဆောင်လာရမည် ဖြစ်ပါသည်။ ဖုန်းဖြင့် ပြသခြင်းအား ခွင့်မပြုပါ။

မည်သည့်စာဖြေဌာနမဆို test voucher တွင် ပါရှိသော စာဖြေဌာနလိပ်စာများ သို့ မနက်()နာရီ တွင်ရောက်ရှိရပါမည်။ ပြန်လည်ပြင်ဆင်ကြေငြာထားသော စာဖြေဌာနများအား အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မန္တလေးစာဖြေဌာန ‘’ပင်မကိုယ်ပိုင်အထက်တန်းကျောင်း’’ တွင် JLPT (N4) စာမေးပွဲဖြေကြားမည့် ကျောင်းသား၊ ‌‌ကျောင်းသူများသို့ အသိပေးချက်။

https://www.facebook.com/photo?fbid=651195470386117&set=a.608906494615015

မန္တလေးစာဖြေဌာန..က ၁၆’’ တွင် JLPT (N4 level) စာမေးပွဲဖြေကြားမည့် ကျောင်းသား၊ ‌‌ကျောင်းသူများသို့ အသိပေးချက်။

https://www.facebook.com/photo/?fbid=651195913719406&set=a.608906494615015

အထူးသတိပြုရန်များ

) စာမေးပွဲနေ့တွင် စာဖြေသူများအားလုံးသည် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား (Test Voucher) နှင့် အောက်ဖော်ပြပါ သက်သေခံကတ်ပြားမူရင်းတခုခု အား မဖြစ်မနေယူဆောင်လာရပါမည်။ (ဖုန်းဖြင့် ပြသခြင်းအား ခွင့်မပြုပါ။) Test Voucher နှင့် သက်သေခံကတ်ပြားမူရင်း မပါရှိပါကဖြေဆိုခွင့် မရှိပါ။

(က) မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်)

() သက်တမ်းရှိ နိုင်ငံကူးလက်မှတ်

() သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (က/A ဆိုင်ကယ်လိုင်စင်မှာ မွေးသက္ကရာဇ်မပါသဖြင့် အကျုံးမဝင်ပါ)

() မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ)

() သာသနာဝင်စိစစ်ရေးကတ်ပြား၊ သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြား (ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များစသည်တို့အတွက်)

Manual Test Voucher ပျောက်ဆုံးပျက်စီးခြင်း

လူကိုယ်တိုင်လာရောက်ထုတ်ယူထားသော Manual Test Voucher များ ပျောက်ဆုံး/ပျက်စီးပါက စာမေးပွဲ ဖြေဆိုသည့်နေ့တွင် စာဖြေဌာနရှိ ရုံးခန်းတွင် ပြန်လည်ထုတ်ယူရမည်ဖြစ်ပါသည်။ (မှတ်ပုံတင်မူရင်းနှင့် ဓါတ်ပုံ()ပုံ ယူဆောင်လာရန်လိုအပ်ပါသည်။)

သက်သေခံကတ်ပြား/ID ပျောက်ဆုံးပျက်စီးခြင်း

မဖြစ်မနေယူဆောင်လာရန်လိုအပ်သော သက်သေခံကတ်ပြား/ID မူရင်း ပျောက်ဆုံးပျက်စီးပါက ၃လအတွင်း ထုတ်ယူထားသော ရပ်ကွက်/ရဲစခန်းထောက်ခံစာမူရင်းနှင့် သက်သေခံကတ်ပြား/ID မိတ္တူ()စောင်အား ယူဆောင်လာရန် လိုအပ်ပါသည်။

) Test Voucher တွင်ပါရှိသော ခုံနံပါတ်၊ နေရာ၊ အချိန် နေ့ရက်အတိုင်း လာရောက်ဖြေဆို ရပါမည်။ စာဖြေဌာနနေရာသို့ ရောက်ရှိသည့်အခါ ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ပြီး၊ လမ်းညွှန်ပေးသည့် နေရာများတွင် စောင့်ဆိုင်းပါ။ ကျောင်းဝင်းပြင်ပတွင် လူစုလူဝေး ဖြစ်ပေါ်စေရန် မပြုလုပ်ပါနှင့်။

) ရိုးရိုးခဲတံ 2B, HP (ဘောပင်၊ ခဲသားဘောပင် လုံးဝအသုံးပြုခွင့်/ယူဆောင်လာခွင့်မရှိပါ) ခဲဖျက်၊ ချွန်စက်၊ ID card (လျှောက်ထားစဉ်က ပူးတွဲတင်ပြထားသော မှတ်ပုံတင်၊ ကားမောင်းလိုင်စင်၊ Passport စသည်) နှင့် အခြားလိုအပ်သည်များအား ဖိုင်အိတ်အကြည် များဖြင့်သာ ထည့်သွင်းယူဆောင်လာရန်။

) ကျောပိုးအိတ်နှင့် လက်ကိုင်အိတ်များအား စာဖြေဌာနဝင်းအတွင်းသို့ လုံးဝ ယူဆောင်လာခွင့်မပြုပါ။ ယူဆောင်လာသည့် ကျောပိုးအိတ်နှင့် လက်ကိုင်အိတ်များအား မိမိတာဝန်ဖြင့်သာ ကျောင်းဝင်းပြင်ပတွင် ထားခဲ့ရမည် ဖြစ်သည်။

) ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ တယ်လီဖုန်းနှင့် တခြားတန်ဖိုးရှိပစ္စည်းများအား ယူဆောင်လာပါက မိမိတာဝန်သာဖြစ်ပြီးပျောက်ဆုံး၊ ပျက်စီးမှုများနှင့် ယူဆောင်လာခြင်းကြောင့် ဖြစ်ပေါ်လာသော ကိစ္စရပ်များအတွက် စာဖြေဌာနမှ တာဝန်ယူဆောင်ရွက်ပေးမည် မဟုတ်ပါ။

) တယ်လီဖုန်းယူဆောင်လာခြင်းမပြုရန် တိုက်တွန်းပါသည်။ မဖြစ်မနေ ယူဆောင်လာရမည်ဆိုပါက နှိုးစက် (Alarm) Setting များအား ပိတ်၍ ဖုန်းအား Power Off လုပ်ထားရမည်ဖြစ်ပါသည်။ Vibration Mode, Silent Mode, Airplane Mode များ ပြုလုပ်ထားခြင်းအား ခွင့်မပြုပါ။ စာဖြေခန်းအတွင်းတွင် ဖုန်းအား Power Off ပြုလုပ်ပြီး၊ ပလတ်စတစ်အိတ်အတွင်းသို့ ထည့်သွင်းကာ စားပွဲခုံအောက်စသည့် လက်လှမ်းမမှီသည့်နေရာတွင် ထားရှိရပါမည်။

စာမေးပွဲဖြေဆိုနေချိန်တွင် တယ်လီဖုန်း အသုံးပြုခြင်း၊ အသံမြည်ခြင်း၊ အသံဖမ်းယူခြင်း၊ ဓါတ်ပုံရိုက်ခြင်းများအား တားမြစ်ထားပြီး၊ ကျူးလွန်ပါက မသမာသူ (Misconduct) အဖြစ်သတ်မှတ်ပြီး အောင်စာရင်းထွက်ရှိမည်မဟုတ်ပါ။

) ပါးစပ်နှင့် နှာခေါင်းစည်း မတ်စ် (Mask) တပ်ဆင်လာရန်။ Covid-19 ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာဖြေဌာနအတွင်း ပြုမူနေထိုင်ကြပါရန်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2023-06-27
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များ ထုတ်ယူခြင်းနှင့်ပတ်သတ်၍
visitors :      259,059