မန္တလေးစာဖြေဌာန “KMC Private High School’’ တွင် JLPT (N1,N2 level) စာမေးပွဲဖြေကြားမည့် ကျောင်းသား၊ ကျောင်းသူများသို့ အသိပေးချက်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် JLPT စာမေးပွဲအတွက် မန္တလေးစာဖြေဌာန၊ “KMC Private High School”တွင် စာမေးပွဲကျင်းပပြုလုပ်ရန် အခက်အခဲရှိပါသဖြင့်၊ “KMC Private High School” တွင် N1 အဆင့်စာမေးပွဲဖြေဆိုမည့်သူများ (23A-2100201-10001~ 23A-2100201-10127) နှင့် N2 အဆင့်စာမေးပွဲဖြေဆို
မည့်သူများ (23A-2100201-20001~ 23A-2100201-20781) ၏စာဖြေဌာနအား ယခင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) ပေါ်တွင်ရိုက်နှိပ်ထားသော စာဖြေဌာန “KMC Private High School, 43rd Street Between 65th-66th Street, Mandalay” အစား အောက်ဖော်ပြပါအတိုင်း “ပင်မကိုယ်ပိုင်အထက်တန်းကျောင်း” စာဖြေဌာနသို့ ပြောင်းလဲဖြေဆိုရမည် ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
ယခုကြေငြာချက်နှင့်အတူ“ပင်မကိုယ်ပိုင်အထက်တန်းကျောင်း”ကျောင်း၏ လိပ်စာ နှင့် မြေပုံအမှတ်အား အသိပေး အကြောင်းကြား အပ်ပါသည်။
ရုတ်တရက်ဖြစ်ပေါ်လာသော အခက်အခဲကြောင့် ပြောင်းလဲကျင်းပရသည်ဖြစ်ပါသဖြင့် စာဖြေသူများအနေဖြင့် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း