~ကျေးဇူးတင်လွှာ~ ၂.၇.၂၀၂၃ (တနင်္ဂနွေနေ့) တွင် Japanese Language Proficiency Test (JLPT) စာမေးပွဲအား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါသည်။
စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဘက်ဘက်မှကူညီပံ့ပိုးပေးကြပါသော မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ဂျပန်ဖောင်ဒေးရှင်း(ရန်ကုန်)၊ စာမေးပွဲပြုလုပ်ကျင်းပခွင့်ပြုပါသော ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ တက္ကသိုလ်များ၊ အခြေခံပညာ အထက်တန်းကျောင်းများ၊ သက်ဆိုင်ရာ စာဖြေဌာနတာဝန်ခံ ဆရာ ဆရာမကြီးများ၊ တာဝန်ကျခေါင်းဆောင်များ၊ ကြီးကြပ်ရေးမှူး/ လက်ထောက်ကြီးကြပ်ရေးမှူးများ၊ အသံပိုင်းဆိုင်ရာပညာရှင်များ၊ လုံခြုံရေးအဖွဲ့များနှင့် ဝန်ထမ်းများအား Myanmar Association of Japan Alumni(MAJA) မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။
ထပ်မံကျင်းပပြုလုပ်သွားမည့်စာမေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လည်း တတ်အားသမျှ ပူးပေါင်းပါဝင် ကူညီပေးကြပါရန် လေးစားစွာတိုက်တွန်းမေတ္တာရပ်ခံအပ်ပါသည်။
စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
2023-07-05