JLPT 2023 December လျှောက်လွှာလက်ခံခြင်းနှင့် ပတ်သက်၍ ကြေငြာချက်
JLPT 2023 December လျှောက်လွှာလက်ခံခြင်းနှင့် ပတ်သက်၍ ကြေငြာချက်
၂၀၂၃ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အား ဒီဇင်ဘာလ (၃) ရက်နေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များ၌ ကျင်းပသွားမည်ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုလိုသူများအတွက် လျှောက်လွှာလျှောက်ထားခြင်းအား အောက်ပါအစီအစဉ်အတိုင်း လက်ခံပြုလုပ်သွားမည်ဖြစ်ပါသည်။
၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့ (တနင်္ဂနွေနေ့)
၂။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။
၃။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level N1 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N2 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N3 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N4 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N5 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Online System ဖြင့် လက်ခံခြင်း (ရန်ကုန် နှင့် မန္တလေး)
----
၁။ Online လျှောက်လွှာလက်ခံကာလ
Level N1 - ၁၄.၈.၂၀၂၃ (တနင်္လာနေ့) မှ ၁၆.၈.၂၀၂၃ (ဗုဒ္ဓဟူးနေ့)
Level N2 - ၁၄.၈.၂၀၂၃ (တနင်္လာနေ့) မှ ၁၆.၈.၂၀၂၃ (ဗုဒ္ဓဟူးနေ့)
Level N3 - ၁၄.၈.၂၀၂၃ (တနင်္လာနေ့) မှ ၁၆.၈.၂၀၂၃ (ဗုဒ္ဓဟူးနေ့)
Level N4 - ၁၇.၈.၂၀၂၃ (ကြာသပတေးနေ့) မှ ၂၂.၈.၂၀၂၃ (အင်္ဂါနေ့)
၁၉.၈.၂၀၂၃ (စနေနေ့)၊ ၂၀.၈.၂၀၂၃ (တနင်္ဂနွေနေ့) ရက်များ ပိတ်ပါသည်။
Level N5 - ၂၃.၈.၂၀၂၃ (ဗုဒ္ဓဟူးနေ့) မှ ၂၄.၈.၂၀၂၃ (ကြာသပတေးနေ့)
၂။ Online မှ လျှောက်လွှာလက်ခံမည့် လူဦးရေ
Level အားလုံးအတွက် လူဦးရေ (၅၀,၀၀၀)ဦး
၃။ Online လျှောက်လွှာလက်ခံမည့် အချိန်
System သို့ တစ်ပြိုင်နက်ထဲ ဝင်ရောက်ခြင်းအား ထိန်းချုပ်နိုင်ရန် လျှောက်လွှာလက်ခံမည့်အချိန်အား ကြိုတင်အသိပေးမည် မဟုတ်ပါ။ (လျှောက်လွှာလက်ခံကာလအတွင်း မိမိအဆင်ပြေသည့်ရက်တွင် (နံနက် ၉း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအတွင်း) Online System သို့ ဝင်ရောက်လျှောက်ထားနိုင်ပါသည်။)
သင်တန်းကျောင်းများအတွက် ရောင်းချ/လက်ခံခြင်း
----
၁။ ကြိုတင်စာရင်းပေးသွင်းခြင်း။
Google form မှ တဆင့် (၂၄.၇.၂၀၂၃ မှ ၂၈.၇.၂၀၂၃) ရက်နေ့အတွင်း ကြိုတင်စာရင်းပေးသွင်းရပါမည်။ သင်တန်းကျောင်းတစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများဆုံး (၁၅၀) စောင်နှုန်းဖြင့်သာ ရောင်းချသွားမည် ဖြစ်ပါသည်။ (လိုင်စင်တခုအား သင်တန်းကျောင်းတစ်ကျောင်းဟုသတ်မှတ်ပါသည်။ လိုင်စင်အခွဲများအကြုံးမဝင်ပါ။)
၂။ လျှောက်လွှာအရောင်းကာလ
ရန်ကုန်စာဖြေဌာန - ၉.၈.၂၀၂၃ (ဗုဒ္ဓဟူး) မှ ၁၁.၈.၂၀၂၃ (သောကြာနေ့)
မန္တလေးစာဖြေဌာန - ၉.၈.၂၀၂၃ (ဗုဒ္ဓဟူး) မှ ၁၀.၈.၂၀၂၃ (ကြာသပတေးနေ့)
၃။ လျှောက်လွှာလက်ခံကာလ
ရန်ကုန်စာဖြေဌာန - ၁၂.၈.၂၀၂၃ (စနေနေ့) မှ ၁၈.၈.၂၀၂၃ (သောကြာနေ့)
မန္တလေးစာဖြေဌာန - ၁၂.၈.၂၀၂၃ (စနေနေ့) မှ ၁၄.၈.၂၀၂၃ (တနင်္လာနေ့)
ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် (၁၀)နှစ်အောက် ဖြေဆိုသူများအတွက် အတွက် ရောင်းချ/လက်ခံခြင်း
----
၁။ လျှောက်လွှာအရောင်းကာလ နှင့် လက်ခံကာလ
Level အားလုံးအတွက်- ၁၃.၈.၂၀၂၃ (တနင်္ဂနွေနေ့) မှ ၁၅.၈.၂၀၂၃ (အင်္ဂါနေ့)
Online System ဖြင့် လက်ခံခြင်း၊ သင်တန်းကျောင်းများအတွက် ရောင်းချ/လက်ခံခြင်းနှင့် ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်၊ (၁၀) နှစ်အောက် ဖြေဆိုသူများအတွက် အတွက် ရောင်းချ/လက်ခံခြင်းစသည့် တစ်မျိုးစီအတွက် သီးသန့် အသေးစိတ်ရှင်းလင်းချက်များအား ထပ်မံ ကြေငြာသွားမည် ဖြစ်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
JLPT 2023 Decemberလျှောက်လွှာရောင်းချခြင်းနှင့်ပတ်သက်၍ကြေငြာချက်
(သင်တန်းကျောင်းများ) ရန်ကုန် နှင့် မန္တလေး
ဒီဇင်ဘာလ (၃)ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ JLPT အတွက် သင်တန်းကျောင်း၊ ကုမ္ပဏီများ နှင့်ပတ်သတ်၍ အောက်ပါအတိုင်း အသိပေးအပ်ပါသည်။
၁။ ကြိုတင်စာရင်းပေးသွင်းခြင်း။
တပြိုင်နက်တည်း လျှောက်လွှာလာရောက်ဝယ်ယူသူ များပြားနိုင်ပါသောကြောင့်၊ လူစုလူဝေး ဖြစ်ပေါ်မှုအား အတန်အသင့် ထိန်းချုပ်နိုင်စေရန် ရက်ချိန်းယူသည့်စနစ် (Booking System) ဖြင့် ရောင်းချသွားမည် ဖြစ်ပြီး သင်တန်းကျောင်းတစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများဆုံး (၁၅၀) စောင်နှုန်းဖြင့်သာ ရောင်းချသွားမည် ဖြစ်ပါသည်။ (လိုင်စင်တခုအား သင်တန်းကျောင်းတစ်ကျောင်းဟုသတ်မှတ်ပါသည်။ လိုင်စင်အခွဲများအကြုံးမဝင်ပါ။)
လျှောက်လွှာဝယ်ယူမည့် သင်တန်းကျောင်းများအနေဖြင့် အောက်ဖော်ပြပါ Google form မှတဆင့် (၂၄.၇.၂၀၂၃ မှ ၂၈.၇.၂၀၂၃) ရက်နေ့အတွင်း ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ပါမည်။
Google From Link >>> https://forms.gle/yYFc8qv4EPYQrqAD8
၂။ လျှောက်လွှာ၀ယ်ယူရန်လိုအပ်ချက်များ။
- သက်တမ်းရှိ သင်တန်းကျောင်းလိုင်စင် မိတ္တူ (သို့) သက်တမ်းရှိ လုပ်ငန်းလိုင်စင် မိတ္တူ (သို့) သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင် မိတ္တူ။
- ကျောင်း Letter Head ဖြင့် ထုတ်ပြန်ထားသည့် ပိုင်ရှင်/ကိုယ်စားလှယ်လွှဲစာ မူရင်းနှင့်မိတ္တူ (နမူနာပုံတွင်ကြည့်ရန်) လျှောက်လွှာဝယ်ယူချိန်တွင် Google form ၌ဖြည့်စွက်ထားခဲ့သော လျှောက်လွှာအစောင်ရေအတိုင်းသာ ဝယ်ယူနိုင်မည်ဖြစ်ပြီး၊ လျှောက်လွှာတင်ချိန်တွင်လည်း အဆိုပါ အရေအတွက်အတိုင်းသာ လက်ခံသွားမည် ဖြစ်သည်။
- Level အလိုက်စာဖြေသူစာရင်း (နမူနာပုံတွင်ကြည့်ရန်)
- လာရောက်သူ၏ မှတ်ပုံတင် မူရင်းနှင့် မိတ္တူ
၃။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့ (တနင်္ဂနွေနေ့)
၄။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။
၅။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level N1 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N2 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N3 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N4 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N5 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
၆။ လျှောက်လွှာအရောင်းကာလ
ရန်ကုန်စာဖြေဌာန - ၉.၈.၂၀၂၃ (ဗုဒ္ဓဟူး) မှ ၁၁.၈.၂၀၂၃ (သောကြာနေ့)
မန္တလေးစာဖြေဌာန - ၉.၈.၂၀၂၃ (ဗုဒ္ဓဟူး) မှ ၁၀.၈.၂၀၂၃ (ကြာသပတေးနေ့)
သတ်မှတ်ချက်နှင့်အညီ စာရင်းပေးသွင်းထားသောကျောင်းများသို့ လာရောက် ဝယ်ယူရမည့် နေ့ရက်၊ အချိန်၊ နေရာ အသေးစိတ်အား Email မှတဆင့် ဆက်သွယ် ပေးပို့သွားပါမည်။
၇။ လျှောက်လွှာလက်ခံကာလ
ရန်ကုန်စာဖြေဌာန - ၁၂.၈.၂၀၂၃ (စနေနေ့) မှ ၁၈.၈.၂၀၂၃ (သောကြာနေ့)
မန္တလေးစာဖြေဌာန - ၁၂.၈.၂၀၂၃ (စနေနေ့) မှ ၁၄.၈.၂၀၂၃ (တနင်္လာနေ့)
လျှောက်လွှာလာရောက်ဝယ်ယူချိန်တွင် မိမိသင်တန်းကျောင်းအလိုက် ပြန်လည်လျှောက်ထားရမည့် နေ့ရက်၊ အချိန်၊ နေရာ အားတပါတည်း ပြောကြား သွားမည်ဖြစ်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)