Myanmar Association of Japan Alumni ( MAJA )

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ JLPT စာမေးပွဲ Online Application လျှောက်ထားခြင်းနှင့် ငွေပေးချေခြင်း လမ်းညွှန်


၂၀၂၃ခုနှစ် ဇူလိုင်လ စာမေးပွဲအတွက် Online Application လျှောက်ထားခြင်း လမ်းညွှန် နှင့် ငွေပေးချေမှု နည်းလမ်းများအားဖော်ပြပါ ပုံများတွင် ကြည့်ရှုနိုင်ပါသည်။

၁။ စာမေးပွဲကျင်းပမည့်ရက်နှင့် ကျင်းပမည့်နေရာ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ () ရက်နေ့ (တနင်္ဂနွေနေ့)

ရန်ကုန်မြို့နှင့် မန္တလေးမြို့။

၂။ လျှောက်လွှာတင်ရန် Website လိပ်စာ - https://jlpt-maja.org.mm/

၃။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)

Level N1 - ၄၇,၀၀၀ + ,၀၀၀ = (၅၀,၀၀၀ ကျပ်)

Level N2 - ၄၇,၀၀၀ + ,၀၀၀ = (၅၀,၀၀၀ ကျပ်)

Level N3 - ၄၂,၀၀၀ + ,၀၀၀ = (၄၅,၀၀၀ ကျပ်)

Level N4 - ၄၂,၀၀၀ + ,၀၀၀ = (၄၅,၀၀၀ ကျပ်)

Level N5 - ၄၂,၀၀၀ + ,၀၀၀ = (၄၅,၀၀၀ ကျပ်)

၄။ Online လျှောက်လွှာလက်ခံကာလ (ရန်ကုန်နှင့်မန္တလေး)

Level N1 - ၁၄..၂၀၂၃ (တနင်္လာနေ့) မှ ၁၆..၂၀၂၃ (ဗုဒ္ဓဟူးနေ့)

Level N2 - ၁၄..၂၀၂၃ (တနင်္လာနေ့) မှ ၁၆..၂၀၂၃ (ဗုဒ္ဓဟူးနေ့)

Level N3 - ၁၄..၂၀၂၃ (တနင်္လာနေ့) မှ ၁၆..၂၀၂၃ (ဗုဒ္ဓဟူးနေ့)

Level N4 - ၁၇..၂၀၂၃ (ကြာသပတေးနေ့) မှ ၂၂..၂၀၂၃ (အင်္ဂါနေ့)

၁၉..၂၀၂၃ (စနေနေ့) ၂၀..၂၀၂၃ (တနင်္ဂနွေနေ့) ရက်များ ပိတ်ပါသည်။

Level N5 - ၂၃..၂၀၂၃ (ဗုဒ္ဓဟူးနေ့) မှ ၂၄..၂၀၂၃ (ကြာသပတေးနေ့)

N1, N2, N3, N4 Level များအတွက် မူလထုတ်ပြန်ထားသည့်ရက်အပြင် အောက်ဖော်ပြပါနေ့ရက်များတွင်လည်း ဒုတိယအကြိမ်အဖြစ် ထပ်တိုးလက်ခံသွားမည် ဖြစ်ပါသည်။

Level N1 - ၂၄..၂၀၂၃ (ကြာသပတေးနေ့)

Level N2 - ၂၄..၂၀၂၃ (ကြာသပတေးနေ့)

Level N3 - ၂၄..၂၀၂၃ (ကြာသပတေးနေ့)

Level N4 - ၂၅..၂၀၂၃ (သောကြာနေ့)

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ JLPT စာမေးပွဲ ရလဒ်များထုတ်ပြန်ကြေငြာသည့် ရက်အပေါ်တွင်မူတည်၍ လိုအပ်ချက် ရှိပါက သြဂုတ်လ ၂၈ ရက်နှင့် ၂၉ ရက်တွင်လည်း ထပ်တိုးလက်ခံရန် စီစဥ်သွားမည် ဖြစ်ပါသည်။

၅။ Online မှ လျှောက်လွှာလက်ခံမည့် လူဦးရေ

Level အားလုံးအတွက် လူဦးရေ (၅၀,၀၀၀)ဦး

၆။ Online လျှောက်လွှာလက်ခံမည့် အချိန်

System သို့ တစ်ပြိုင်နက်ထဲ ဝင်ရောက်ခြင်းအား ထိန်းချုပ်နိုင်ရန် လျှောက်လွှာလက်ခံမည့်အချိန်အား ကြိုတင်အသိပေးမည် မဟုတ်ပါ။

လျှောက်ထားသူများ သတိပြုရန်

- လျှောက်လွှာဖောင်အတွက် ငွေပေးချေသည့်အချိန်တွင် Browser အားပိတ်လိုက်ခြင်း၊ Refresh ခေါ်ယူခြင်းများ မပြုလုပ်ပါရန်။

- ငွေပေးချေမှုပြီးဆုံးသွားပါက လျှောက်လွှာဖောင်အချက်အလက်အား ပြန်လည်စစ်ဆေးပေးပါ။ အကယ်၍ စာမေးပွဲကြေးအား ပေးချေခဲ့သော်လည်း လျှောက်လွှာဖောင်အချက်အလက်တွင် “Confirmed” မဖြစ်ပါက MAJA ရုံးသို့ဆက်သွယ်အကြောင်းကြားရန်လိုအပ်ပါမည်။

- လျှောက်လွှာဖောင်တင်ရန်အတွက် Registration (မှတ်ပုံတင်ခြင်း) ပြုလုပ်ထားရန်လိုအပ်ပါမည်။

- Online Application လျှောက်ထားရာတွင် ဖြည့်သွင်းမည့် အမည်နှင့် သက်သေခံကတ်ပြား ပေါ်တွင်ပါရှိသော အမည်တို့သည် မတူညီပါက လျှောက်ထားသော စာမေးပွဲကြေးအား ပြန်လည်အမ်းပေးမည် ဖြစ်ပြီး၊ စာမေးပွဲဖြေဆိုခွင့်ပြုမည်မဟုတ်ပါ။ ဘဏ်လွှဲခစရိတ်အား လျှောက်ထားသူမှ ကျခံရမည် ဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် မှန်ကန်စွာြဖည့်သွင်းပေးရန်လိုအပ်ပါသည်။

- မိမိလျှောက်ထားသည့် Level, စာဖြေဌာနအတိုင်းဖြေဆိုရမည်ဖြစ်ပြီး၊ ပြောင်းလဲခြင်းအားခွင့်မပြုပါ။ အဆိုပါလျှောက်ထားမှုများအတွက် ငွေပြန်အမ်းခြင်း လုပ်ဆောင်ပေးမည် မဟုတ်ပါ။

- စာဖြေသူတစ်ဦးအတွက် တစ်ကြိမ်သာလျှောက်ထားခွင့်ပြုပါသည်။ တစ်ကြိမ်ထက်ပိုမိုလျှောက်ထားပြီး ငွေပေးချေထားမှုများအား ငွေပြန်အမ်းခြင်း လုပ်ဆောင်ပေးမည် မဟုတ်ပါ။

Registration (မှတ်ပုံတင်ခြင်း) နှင့်ပတ်သတ်၍ အသေးစိတ်အားအောက်ဖော်ပြပါ Linkတွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။

https://m.facebook.com/story.php?story_fbid=680697267435937&id=100064870083198&mibextid=Nif5oz

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

 2023-08-13
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,718