(1) JLPT 2023 December အတွက် Online Application တင်သူများသို့ ငွေပေးချေခြင်းနှင့် ပတ်သက်၍ အသိပေးခြင်း။ (2) ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ Online Application အတွက် Registration ပြုလုပ်သူများသို့ အသိပေးခြင်း။
JLPT 2023 December အတွက် Online Application တင်သူများသို့ ငွေပေးချေခြင်းနှင့် ပတ်သက်၍ အသိပေးခြင်း။
JLPT 2023 December Online Application တင်ရာတွင် Online System မှ 2C2P Payment Channel မှ ပေးချေရန် လမ်းညွှန်ထားပြီးဖြစ်ပါသည်။ သို့ရာတွင် MAJA ၏ ဘဏ်အကောင့်နှင့် Quick Pay အကောင့်များသို့ တိုက်ရိုက်ပေးချေသူများ ရှိသည်ကို တွေ့ရှိရပါသည်။
ပေးချေရန်လမ်းညွှန်အားအောက်ဖော်ပြပါလင့်ရှိ User Manual (မြန်မာဘာသာ) စာမျက်နှာ (၂၉) / (PDF Page 31)တွင် ဖတ်ရှု့နိုင်ပါသည်။
User Manual (မြန်မာဘာသာ)
https://cdn-prod-static-assets.sgp1.cdn.digitaloceanspace...
Online System မှတင်ရာတွင် 2C2P Payment Channel မှ ပေးချေမှသာ System မှဖောင်လက်ခံနိုင်မည်ဖြစ်ပြီး၊ MAJA ၏ ဘဏ်အကောင့်နှင့် Quick Pay အကောင့်များသို့ ငွေပေးချေသူများသည် ဖောင်တင်မှု အောင်မြင်မည် မဟုတ်ပါ။
Online Application ဖြည့်သွင်းပြီးနောက် MAJA ၏ ဘဏ်အကောင့်နှင့် Quick Pay အကောင့်များသို့ တိုက်ရိုက်ငွေလွဲသူများသည် (၁) နာရီ စောင့်ဆိုင်းပြီးနောက် Online Application ဖောင်ပြန်လည် တင်ပေးရမည် ဖြစ်ပါသည်။
MAJA ၏ ဘဏ်အကောင့်နှင့် Quick Pay အကောင့်များသို့ ငွေသွင်းထားသူများအား JLPT 2023 December စာမေးပွဲ ပြီးစီးသည့်နောက်ပိုင်းတွင် ပြန်လည်လျှောက်ထား ထုတ်ယူနိုင်ရန် စီစဥ်ပေးသွားမည် ဖြစ်ပါသည်။
ဘဏ်လွှဲခစရိတ်အား လျှောက်ထားသူမှ ကျခံရမည် ဖြစ်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ Online Application အတွက် Registration ပြုလုပ်သူများသို့ အသိပေးခြင်း။
JLPT စာမေးပွဲ Online Application လျှောက်ထားရန် မှတ်ပုံတင် (Registration) ပြုလုပ်ပြီးပါက Login ID အား လျှောက်ထားသူများ၏ email သို့တိုက်ရိုက်ပေးပို့ရန် စီစဉ်ပြုလုပ်ထားပါသော်လည်း၊ ၁၃.၈.၂၀၂၃ ရက်နေ့ စတင်လက်ခံချိန်တွင် အချိန်တိုအတွင်း လူအများအပြား ဝင်ရောက်ခဲ့ပြီး Email Sever ရပ်တန့်ခြင်း (Sever System Down) ဖြစ်ပေါ်ခဲ့ပါသည်။
ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပါသော်လည်း လျှောက်ထားစဥ်ကာလအတွင်း ထပ်မံ Sever ရပ်တန့်ခြင်းအား ရှောင်ရှားရန်အတွက် Login ID အား လျှောက်ထားသူများအားလုံး၏ email သို့ ပေးပို့ခြင်း ပြုလုပ်တော့မည် မဟုတ်ပါ။
သို့ဖြစ်ပါသောကြောင့် ယခုအချိန်မှ စ၍ Registration (လျှောက်ထားရန် မှတ်ပုံတင်ခြင်း) ပြုလုပ်ကြမည့် စာဖြေသူများ အနေဖြင့် မိမိတို့၏ Login ID အား Screen Shot ပြုလုပ်ခြင်းနှင့် Logi ID အား သေခြာစွာ မှတ်သားထားခြင်း ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ (Attached Photo 1)
၁၃.၈.၂၀၂၃ရက်နေ့တွင် Registration ပြုလုပ်ထားပြီး email လက်ခံရရှိခြင်း မရှိသည့် စာဖြေသူများ အတွင်းတွင် မိမိတို့၏ Login ID အား မှတ်သားထားခြင်း မရှိပါက Online Application Website တွင်၊
"Login" > "Forget Password & Login ID" သို့ ဝင်ရောက်ပြီး၊ မိမိ၏ Email Address အားထည့်သွင်းကာ "Show Login ID" ကို နှိပ်ပြီး Login ID ကို ရယူနိုင်ပါသည်။ (Attached Photo 2)
အဆိုပါ နည်းလမ်းဖြင့် Login ID မရရှိပါက MAJA Office သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
အဆင်မပြေမှု ဖြစ်ပေါ်ခြင်းအား အနူးအညွှန့်တောင်းပန်အပ်ပါသည်။
ဆက်သွယ်ရန်
01-757 1015
(မနက် ၉နာရီမှ ညနေ ၄နာရီအတွင်း)
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)