Myanmar Association of Japan Alumni ( MAJA )

Study in Japan Fair 2023 for Myanmarရဲ့ ဉာဏ်စမ်းပဟေဠိ အစီအစဉ်မှာပါဝင်ပြီး ဆုငွေ (JLPT & EJU စာမေးပွဲကြေး) ရယူကြရအောင်


25.8.2023မှာ ကျင်းပမဲ့ Study in Japan Fair 2023 for Myanmar General Information Seminar ရဲ့နောက်ဆုံးအစီအစဉ်အနေနဲ့ ဉာဏ်စမ်းပဟေဠိအစီအစဥ်ကို ကျင်းပပေးသွားမှာဖြစ်ပါတယ်။ ဉာဏ်စမ်းပဟေဠိ အစီအစဉ်မှာ ပဟေဠိများကို မှန်ကန်စွာဖြေဆိုနိုင်တဲ့ကျောင်းသူကျောင်းသားတွေထဲက ရွေးချယ်ပြီး JLPT & EJU စာမေးပွဲကြေး (EJU & JLPT N1/N2ဖြေဆိုသူများအတွက် မြန်မာကျပ်ငွေ တစ်သိန်း၊ EJU & JLPT N3/N4/N5 ဖြေဆိုသူများအတွက် မြန်မာကျပ်ငွေ 95,000)ကို ဆုအဖြစ် ပေးအပ်သွားမှာဖြစ်ပါတယ်။

ဆုလက်ခံရရှိနိုင်မယ့်သူတွေကတော့ အောက်ပါအချက်၃ ချက်နဲ့ကိုက်ညီဖို့လိုအပ်ပါတယ်။

1. Study in Japan Fair 2023 for Myanmar ကို Website မှတစ်ဆင့် Registerလုပ်ထားတဲ့သူ။

Registration from here: https://forms.gle/q4QPnDeQf3cy4jXA8

Web site: https://www.okayama-u.ac.jp/user/myanmar/prepare2023.html

2. မေးခွန်းအားလုံးကို မှန်ကန်စွာဖြေဆိုနိုင်သူ။

3. စာမေးပွဲကြေးသွင်းပြီးနောက် OJEICရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်သူ။

JLPT, EJU စာမေးပွဲတွေကိုဖြေဆိုဖို့ ရည်ရွယ်ထားတဲ့ကျောင်းသူကျောင်းသားတိုင်းအတွက် လုံးဝလက်မလွှတ်သင့်တဲ့အခွင့်အရေးပဲဖြစ်ပါတယ်။ ဒါ့အပြင် General Information Seminar မှာဆိုရင် ဂျပန်နိုင်ငံရဲ့နာမည်ကြီး တက္ကသိုလ်တွေရဲ့အကြောင်းကို တစ်စုတစ်စည်းတည်း နားထောင်ခွင့်ရမဲ့ အခွင့်အရေးဖြစ်တဲ့အတွက် ဆက်ဆက်ပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

General Information seminar

Date - 25.8.2023 (Friday)

Time - 10:00 A.M ~ 12:00 A.M

General Information Seminar ပါဝင်တက်ရောက်နည်း

1. အချိန်ရောက်လျှင် Special Website သို့ဝင်ရောက်ပါ။

2. General Information Seminar အတွက် Join via ZOOM သို့မဟုတ် Join via YouTube ကိုနှိပ်ပြီး ပါဝင်တက်ရောက်နိုင်ပါတယ်။

General Information Seminar ရဲ့ Record Video ကိုကြည့်ပြီး စက်တင်ဘာလ ၂၇ရက်နေ့အထိ ဉာဏ်စမ်းပဟေဠိကို ဖြေဆိုတဲ့သူတွေထဲကလည်း ဆုငွေရရှိဖို့ ရွေးချယ်မှာဖြစ်တဲ့အတွက် သြဂုတ်လ 25ရက်နေ့ 10နာရီ မှ 11နာရီ 55မိနစ်အတွင်း ကျင်းပမဲ့ Osaka University,Niigata University, Ritsumeikan University တို့ရဲ့ Group Consultation ကိုတက်ရောက်ဖို့ Register လုပ်ထားတဲ့သူတွေလည်း သက်ဆိုင်ရာတက္ကသိုလ်တွေရဲ့ Group Consultation ကိုတက်ရောက်ပြီးတော့မှ General Information Seminar ရဲ့ Record Videoကိုကြည့်ပြီး ဥာဏ်စမ်းပဟေဠိအစီအစဥ်မှာ ပါဝင်နိုင်မှာဖြစ်ပါတယ်။

မည်သူမဆိုအခမဲ့တက်ရောက်နိုင်တာမို့ အခုပဲအောက်ပါ special website မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုကြရအောင်။

Special Website: https://www.okayama-u.ac.jp/user/myanmar/prepare2023.html

 2023-08-16
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,717