၂၀၂၃ ခုနှစ် ဒီဇင်ဘာလ JLPT စာမေးပွဲ Online Application လျှောက်ထားသူများသို့ အသိပေးခြင်း
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် ကျင်းပခဲ့သော JLPT စာမေးပွဲ၏ Online Result များအား ယနေ့ ဩဂုတ်လ၊ ၂၁ ရက်နေ့ (တနင်္လာနေ့) မြန်မာစံတော်ချိန် ၇:၃၀ နာရီမှ စတင်၍ ကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။
ဇူလိုင်လ စာမေးပွဲ ရလဒ်အား ကြည့်ရှုပြီး ဒီဇင်ဘာလ JLPT စာမေးပွဲသို့ လျှောက်ထားလို့သူများသည် မူလသတ်မှတ်ထားသောရက် နှင့် ဒုတိယအကြိမ် ထပ်တိုးသတ်မှတ်ထားသောရက်များအတွင်း Level အားလုံး အတွက် လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။ ဇူလိုင်လ JLPT စာမေးပွဲ ရလဒ်များ ထုတ်ပြန်ကြေငြာပြီးဖြစ်ပါသဖြင့် သြဂုတ်လ ၂၇ ရက်နှင့် ၂၈ ရက်များတွင် ထပ်တိုးလက်ခံရန် ပြုလုပ်တော့မည်မဟုတ်ပါ။
ယခုတပတ်အတွင်း လျှောက်လွှာလက်ခံမည့် ရက်များအား အောက်ပါအတိုင်း ထပ်မံအသိပေးအပ်ပါသည်။
N4 Level
- ၂၁.၈.၂၀၂၃ (တနင်္လာနေ့) မှ ၂၂.၈.၂၀၂၃ (အင်္ဂါနေ့) နှင့် ၂၅.၈.၂၀၂၃ (သောကြာနေ့)
N5 Level
- ၂၃.၈.၂၀၂၃ (ဗုဒ္ဓဟူးနေ့) မှ ၂၄.၈.၂၀၂၃ (ကြာသပတေးနေ့)
N1, N2, N3 Levels
- ၂၄.၈.၂၀၂၃ (ကြာသပတေးနေ့)
Level အားလုံးအတွက် လက်ခံနိုင်သည့် ခုံနေရာများ လုံလောက်စွာ ကျန်ရှိနေပါသော်လည်း၊ Online မှ လျှောက်လွှာလက်ခံမည့် လူဦးရေ မှာ မူလကြေငြာထားသည့်အတိုင်း (၅၀,၀၀၀)ဦး အထိသာ ဖြစ်ပါသောကြောင့် ခုံအရေအတွက် ပြည့်ချိန်တွင် လျှောက်လွှာလက်ခံမှု ရပ်ဆိုင်းမည် ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
၁။ စာမေးပွဲကျင်းပမည့်ရက်နှင့် ကျင်းပမည့်နေရာ
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့ (တနင်္ဂနွေနေ့)
ရန်ကုန်မြို့နှင့် မန္တလေးမြို့။
၂။ လျှောက်လွှာတင်ရန် Website လိပ်စာ - https://jlpt-maja.org.mm/
၃။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level N1 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N2 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N3 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N4 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N5 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
လျှောက်ထားသူများ သတိပြုရန်
- လျှောက်လွှာဖောင်အတွက် ငွေပေးချေသည့်အချိန်တွင် Browser အားပိတ်လိုက်ခြင်း၊ Refresh ခေါ်ယူခြင်းများ မပြုလုပ်ပါရန်။
- ငွေပေးချေမှုပြီးဆုံးသွားပါက လျှောက်လွှာဖောင်အချက်အလက်အား ပြန်လည်စစ်ဆေးပေးပါ။ အကယ်၍ စာမေးပွဲကြေးအား ပေးချေခဲ့သော်လည်း လျှောက်လွှာဖောင်အချက်အလက်တွင် “Confirmed” မဖြစ်ပါက MAJA ရုံးသို့ဆက်သွယ်အကြောင်းကြားရန်လိုအပ်ပါမည်။
- လျှောက်လွှာဖောင်တင်ရန်အတွက် Registration (မှတ်ပုံတင်ခြင်း) ပြုလုပ်ထားရန်လိုအပ်ပါမည်။
- Online Application လျှောက်ထားရာတွင် ဖြည့်သွင်းမည့် အမည်နှင့် သက်သေခံကတ်ပြား ပေါ်တွင်ပါရှိသော အမည်တို့သည် မတူညီပါက လျှောက်ထားသော စာမေးပွဲကြေးအား ပြန်လည်အမ်းပေးမည် ဖြစ်ပြီး၊ စာမေးပွဲဖြေဆိုခွင့်ပြုမည်မဟုတ်ပါ။ ဘဏ်လွှဲခစရိတ်အား လျှောက်ထားသူမှ ကျခံရမည် ဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် မှန်ကန်စွာြဖည့်သွင်းပေးရန်လိုအပ်ပါသည်။
- မိမိလျှောက်ထားသည့် Level, စာဖြေဌာနအတိုင်းဖြေဆိုရမည်ဖြစ်ပြီး၊ ပြောင်းလဲခြင်းအားခွင့်မပြုပါ။ အဆိုပါလျှောက်ထားမှုများအတွက် ငွေပြန်အမ်းခြင်း လုပ်ဆောင်ပေးမည် မဟုတ်ပါ။
- စာဖြေသူတစ်ဦးအတွက် တစ်ကြိမ်သာလျှောက်ထားခွင့်ပြုပါသည်။ တစ်ကြိမ်ထက်ပိုမိုလျှောက်ထားပြီး ငွေပေးချေထားမှုများအား ငွေပြန်အမ်းခြင်း လုပ်ဆောင်ပေးမည် မဟုတ်ပါ။
Registration (မှတ်ပုံတင်ခြင်း) နှင့်ပတ်သတ်၍ အသေးစိတ်အားအောက်ဖော်ပြပါ Linkတွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)