Request Special Testing Accommodation” နှင့်ပတ်သတ်၍
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် Online Application Form လျှောက်ထားသော စာဖြေသူများတွင် “Request Special Testing Accommodation” နေရာ၌ အမှန်ခြစ်ထားသူ အများအပြားရှိနေသည်ကို တွေ့ရှိရပါသည်။ အမှန်တကယ်လိုအပ်မှု မရှိပဲ မှားယွင်းရွေးချယ်ထားသူများ များပြားသည်ဟု ယူဆရပါသည်။
“Request Special Testing Accommodation” သည် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှု၊ တခြားသော ချို့ယွင်းချက်ရှိပြီး အထူးကုသမှု ခံယူရန်လိုအပ်သူများအတွက်သာ (ဥပမာ-အမြင်/အကြားအာရုံချို့ယွင်းမှု၊ ကိုယ်လက်အင်္ဂါချို့ယွင်းမှု) ဖြစ်ပါသောကြောင့် အမှန်တကယ်တောင်းဆိုရန် လိုအပ်သူများသာ လျှောက်ထားရမည်ဖြစ်ပါသည်။
အမှန်တကယ်လိုသူများအနေဖြင့် ၃.၉.၂၀၂၃ ရက်နေ့ ညနေ (၄)နာရီ နောက်ဆုံးထား၍ဖော်ပြပါ ဖုန်းနံပါတ် (01- 757 10 15) သို့ဆက်သွယ်ရန် ပေးပါရန်နှင့် အထက်ဖော်ပြပါသတ်မှတ်ရက်အတွင်း ဆက်သွယ်ခြင်းမရှိပါက “Request Special Testing Accommodation” အား ပြုလုပ်ဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
“Request Special Testing Accommodation” တောင်းဆိုသူများအနေဖြင့် ဆရာဝန်ထောက်ခံချက်စာရွက်၊ ဆေးမှတ်တမ်း၊ ဆေးစစ်ချက်စာရွက်စာတမ်းများကိုလည်း တင်ပြပေးရမည်ဖြစ်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)