သက်သေခံကတ်ပြား(ID Card)ပြင်ဆင်ရန် လိုအပ်သည့် JLPT စာမေးပွဲလျှောက်ထားသူများအား အသိပေး ကြေငြာခြင်း။ Yangon and Mandalay
Yangon
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲအတွက် Online Application လျှောက်ထားပြီးသည့်စာဖြေသူများအနေဖြင့် မိမိတို့၏ အချက်အလက်များပြင်ဆင်ခြင်းအား ၃၁.၈.၂၀၂၃ ညနေ ၅း၀၀နာရီအထိ ခွင့်ပြုသတ်မှတ်ပေးခဲ့ပါသည်။
သို့ရာတွင် Online Application Sever ရှိအချက်အလက်များအား စစ်ဆေးတွေ့ရှိချက်များအရ သတ်မှတ်ချက်နှင့် မပြည့်စုံသည့်စာဖြေသူဓါတ်ပုံများနှင့်သက်သေခံကတ်ပြားပုံများအား ပြင်ဆင်ထားခြင်းမရှိသူများအားတွေ့ရှိရပါသည်။
ပူးတွဲဖော်ပြပါ ဇယားသည် သတ်မှတ်ချက်နှင့် မပြည့်စုံသည့် သက်သေခံကတ်ပြား (ID Card)ပုံအား တင်သွင်းထားသူများ စာရင်း ဖြစ်ပါသည်။
စာရင်းတွင်ပါရှိသူများအနေဖြင့် ၃.၉.၂၀၂၃ရက်နေ့ ညနေ(၅)နာရီနောက်ဆုံးထား၍ မိမိတို့၏ ID Card ဓါတ်ပုံအား ရှင်းလင်းပြတ်သားစွာ ရိုက်ကူးပြီး သတ်မှတ်ချက်အတိုင်း ပြန်လည် ပြင်ဆင်ပါရန် အသိပေးအပ်ပါသည်။ မှတ်ပုံတင်၏ ရှေ့ခြမ်းနှင့် နောက်ခြမ်း ဓါတ်ပုံများ (သို့) ပတ်စ်ပို့၏ ဓါတ်ပုံ (သို့) ယာဉ်မောင်းလိုင်စင်၏ ရှေ့ခြမ်းနှင့် နောက်ခြမ်း ဓါတ်ပုံအား တင်သွင်းရမည်။ ဝါးနေသော၊ ဘေးတစောင်းဖြစ်နေသော၊ ပုံဆိုဒ်သေးလွန်းသော ဓါတ်ပုံများ လက်ခံ၍ မရပါ။
အဆိုပါ စာရင်းပါရှိသူများသည် သတ်မှတ်ရက်အတွင်း မိမိတို့၏ ID Card အား ပြန်လည်ပြင်ဆင်ခြင်းမရှိပါက စာဖြေသူအမှန်ဟုတ်မဟုတ် စစ်ဆေးရန်ခက်ခဲပြီး စာမေးပွဲဖြေဆိုခွင့် မရရှိခြင်းများ ရှိနိုင်ပါသဖြင့် မပျက်မကွက် ပြင်ဆင်ကြပါရန် သတိပေး ကြေငြာအပ်ပါသည်။
"အသုံးပြုသူအချက်အလက်ပြန်လည်ပြင်ဆင်ခြင်းနှင့်ပတ်သတ်၍ ကြေငြာချက်"
https://m.facebook.com/story.php?story_fbid=690254119813585&id=100064870083198&mibextid=Nif5oz
မိမိတို့၏ Login ID အား မှတ်သားထားခြင်း မရှိပါက Online Application Website တွင်၊ "Login" > "Forget Password & Login ID" သို့ ဝင်ရောက်ပြီး၊ မိမိ၏ Email Address အားထည့်သွင်းကာ "Show Login ID" ကို နှိပ်ပြီး Login ID ကို ရယူနိုင်ပါသည်။
အဆိုပါ နည်းလမ်းဖြင့် Login ID မရရှိပါက MAJA Office သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
ဆက်သွယ်ရန်
01-757 1015(မနက် ၉နာရီမှ ညနေ ၄နာရီအတွင်း)
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)
Mandalay