(1) ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များ ထုတ်ယူခြင်းနှင့်ပတ်သတ်၍ (သင်တန်းကျောင်း အလိုက်ထုတ်ယူခြင်း) (2) ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဖြေဆိုထား သော JLPT စာမေးပွဲ Result များ ထုတ်ယူခြင်းနှင့်ပတ်သတ်၍ (တစ်ဦးချင်းအလိုက်ထုတ်ယူခြင်း)
(1) ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များ ထုတ်ယူခြင်းနှင့်ပတ်သတ်၍
(သင်တန်းကျောင်းအလိုက်ထုတ်ယူခြင်း)
၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များအား သင်တန်းကျောင်းများအနေဖြင့် မိမိတို့ကျောင်းသားများအနက်မှ အောင်လက်မှတ် ထုတ်ယူမည့် ကျောင်းသားစာရင်းအား MAJAရုံးသို့ လာရောက်ပေးပို့ ရက်ချိန်းယူရမည်ဖြစ်ပါသည်။
လာရောက်ထုတ်ယူရန် လိုအပ်ချက်များနှင့် အချိန်၊ နေ့ရက်အား ရက်ချိန်းလာရောက်ယူချိန် တပါတည်းပြောကြားပေးမည်ဖြစ်ပါသည်။
ရက်ချိန်းယူဆောင်ရန်လိုအပ်ချက်
ကျောင်းသားများ၏အမည်နှင့် ခုံနံပါတ်စာရင်း (နမူနာပုံတွင်ကြည့်ပါ)
(၁) ခုံနံပါတ် နေရာတွင် ကုတ်နံပါတ်ပါထည့်သွင်းရေးသားပါရန်။
(၂) Level နှင့် ခုံနံပါတ် အားအစဉ်အတိုင်းထည့်သွင်းပေးပါရန်။
(၃) ရက်ချိန်းယူရာတွင် တင်ပြထားသော စာရင်းအတိုင်းသာ ထုတ်ယူနိုင်ပါမည်။
ရက်ချိန်းယူဆောင်ရန် အချိန်၊ နေရာ နှင့် နေ့ရက်
(ရန်ကုန်စာဖြေဌာန)
နေရာ
- MAJA Head Office
No 2B -5, Snow Garden Housing, Thu mingalar Rd, Thin Gan Gyun Tsp, Yangon.
နေ့ရက်
- ၁၈.၉.၂၀၂၃ မှ ၂၁.၉.၂၀၂၃ ရက်နေ့အတွင်း
အချိန်
- မနက် ၉း၀၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ
ဖုန်း
- 01- 757 10 15
(မန္တလေးစာဖြေဌာန)
နေရာ
- MAJA Office (Mandalay Branch)
ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
နေ့ရက်
- ၁၈.၉.၂၀၂၃ မှ ၂၁.၉.၂၀၂၃ ရက်နေ့အတွင်း
အချိန်
- မနက် ၉း၀၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ
ဖုန်း
- 09- 255 162 533
မှတ်ချက်။ ။ သင်တန်းကျောင်းများမှ တဆင့် အောင်လက်မှတ်ထုတ်ယူခြင်းအတွက် မည့်သည့်အခကြေးငွေမှ ကောက်ခံခြင်း မပြုပါရန် အသိပေးအပ်ပါသည်။ အကယ်၍ ကောက်ခံပါက ကျောင်းသားများအနေဖြင့် JLPT စာမေးပွဲကျင်းပရေးကော်မတီ ထံသို့ စာဖြင့်ဆက်သွယ်တိုင်ကြားနိုင်ပြီး အဆိုပါကျောင်းများအား အမည်ပျက်စာရင်း ထည့်သွင်းသတ်မှတ်သွားမည်ဖြစ်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
(2) ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များ ထုတ်ယူခြင်းနှင့်ပတ်သတ်၍
(တစ်ဦးချင်းအလိုက်ထုတ်ယူခြင်း)
၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များအား တစ်ဦးချင်းအလိုက်ထုတ်ယူမည့် စာဖြေသူများအနေဖြင့် မိမိ၏ Test Voucher (ပျောက်ဆုံး/ပျက်စီးပါက စာဖြေသူ၏ မှတ်ပုံတင်မိတ္တူ နှင့် ခုံနံပါတ်) ယူဆောင်လာကာ လာရောက်ထုတ်ယူနိုင်ပါသည်။
ထုတ်ယူရမည့် နေရာ၊ နေ့ရက်နှင့်အချိန်
(ရန်ကုန်စာဖြေဌာန)
နေရာ
- ရန်ကုန်ပညာရေးတက္ကသိုလ် (Learning Hub)
အမှတ် ၃၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ် ၄ မှ ဝင်ရန်။)
နေ့ရက်
- ၂၂.၉.၂၀၂၃(သောကြာနေ့) မှ ၅.၁၀.၂၀၂၃(ကြာသပတေးနေ့)
အချိန်
- မနက် ၉း၀၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ
ဖုန်း
- 01 757 10 15
(မန္တလေးစာဖြေဌာန)
နေရာ
- MAJA Office (Mandalay Branch)
ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
နေ့ရက်
- ၂၂.၉.၂၀၂၃(သောကြာနေ့) မှ ၅.၁၀.၂၀၂၃(ကြာသပတေးနေ့)
အချိန်
- မနက် ၉း၀၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ
ဖုန်း
- 09 255 162 533
**သတ်မှတ်ကာလနောက်ပိုင်းတွင် ထုတ်ယူမည် ဖြစ်ပါက ရန်ကုန်စာဖြေဌာနအတွက် MAJA Education Centre(သစ္စာလမ်း၊ တောင်ဉက္ကလာပမြို့နယ် - ပုဏ္ဏမီမှတ်တိုင်)နှင့် မန္တလေးစာဖြေဌာနအတွက် MAJA Office (Mandalay Branch) ရုံးတွင် လာရောက်ထုတ်ယူရမည် ဖြစ်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း