Myanmar Association of Japan Alumni ( MAJA )

JLPT Seminar 2023 (Japanese School)


ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)နှင့်ပတ်သတ်၍ စာမေးပွဲဖြေဆိုရာတွင် စာဖြေသူများအတွက် အထောက်အကူပြုနိုင်စေရန်ရည်ရွယ်သည့် ရှင်းလင်းပွဲအား ဂျပန်စာသင်တန်းကျောင်းများသို့အောက်ပါအတိုင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

အဆိုပါရှင်းလင်းပွဲသို့ ဂျပန်စာသင်တန်းကျောင်းတစ်ကျောင်းအတွက် ကိုယ်စားလှယ် () ဦး တက်ရောက်နိုင်မည် ဖြစ်ပါသည်။

ရှင်းလင်းပွဲတွင် ပြောကြားမည့်အကြောင်းအရာများ -

() စာမေးပွဲနေ့လာရောက်ဖြေဆိုရာတွင် သိရှိလိုက်နာရန်လိုအပ်သည်များ။

() ယူဆောင်လာသော ပစ္စည်းများနှင့် ပတ်သတ်၍။

() အဖြေလွှာရေးသွင်းဖြည့်စွက်ခြင်းနှင့်ပတ်သတ်၍။

() စာမေးပွဲနေ့ နှင့် နောက်ပိုင်းတွင် စာဖြေသူအချက်အလက် အမှားပြင်ဆင်ခြင်းနှင့်ပတ်သတ်၍။

() အမှတ်ပေးစည်းမျဉ်းနှင့်ပတ်သတ်၍။

() အောင်စာရင်းကြည့်နည်းနှင့်ပတ်သတ်၍။

() အမေးအဖြေ အစီအစဉ်။

တက်ရောက်မည့်သင်တန်းကျောင်းများအနေဖြင့် အောက်ပါ Google Form အား 25.10.2023 ညနေ ၄း၀၀ နာရီ နောက်ဆုံးထား စာရင်းပေးသွင်းရန် လိုအပ်ပါမည်။

တက်ရောက်ရန်စာရင်းပေးသွင်းရမည့် Link >>> https://forms.gle/woe6neAoTQmpFXzv9

ကျင်းပမည့်နေ့ - နိုဝင်ဘာလ()ရက်၊ ၂၀၂၃ခုနှစ်

ကျင်းပမည့်အချိန် - မနက် (၁၀:၀၀) နာရီ မှ (၁၁:၀၀)နာရီ အထိ

ကျင်းပမည့်ပုံစံ - Online (Zoom Application)

တက်ရောက်ရန် စာရင်းပေးသွင်းထားသောကျောင်းအား Google Form တွင် ဖြည့်ထားသော Email မှတဆင့် zoom link အားပေးပို့သွားမည်ဖြစ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2023-10-11
1. EJU အတန်း (၈) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အထူးသင်တန်းကြေးဖြင့် တက်ရောက်ခွင့်ရမယ့် (စနေ၊ တနင်္ဂနွေ) သီးသန့်【EJU Preparation – Weekend Special Class】2. ဂျပန်နိုင်ငံ ပညာသင်ဆုနှင့် တက္ကသိုလ်ဝင်ခွင့်များအတွက် သော့ချက် [MEXT & EJU Strategy Guideline] _ Hybrid Seminar
visitors :      308,459