Myanmar Association of Japan Alumni ( MAJA )

ဂျပန်ဘာသာစကားလေ့လာနေသော ကျောင်းသား၊ ကျောင်းသူများသို့


ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ (JLPT) စာမေးပွဲလျှောက်ထားခြင်းနှင့်ပတ်သက်သော အချက်အလက်များအား စစ်တမ်းကောက်ယူခြင်း ပြုလုပ်လျက်ရှိပါသည်။ (ဖြေဆိုချိန် မိနစ် ခန့်သာ)

မြန်မာနိုင်ငံတစ်ဝန်းရှိ ဂျပန်ဘာသာစကားလေ့လာနေသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မည်သူမဆို ဖြေကြားနိုင်သည် ဖြစ်ပြီး၊ အောက်ဖော်ပြပါ Google form link မှ တဆင့် ဝင်ရောက်ဖြေဆိုခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Link >https://forms.gle/qF2Rsh9VCdqkDkpk6

စစ်တမ်းကောက်ယူသည့် ကာလ။ ၂၀.၁၀.၂၀၂၃ မှ ၁၉.၁၁.၂၀၂၃ ရက်နေ့ အထိ

ယခုစစ်တမ်းသည် မြန်မာနိုင်ငံတွင် ဂျပန်ဘာသာစကားလေ့လာနေသူများ၏ ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲဖြေဆိုမှု အခြေအနေအား သိရှိ၍၊ ပိုမိုကောင်းမွန်သော စာမေးပွဲကျင်းပမှုစနစ်ပြင်ဆင်ခြင်းနှင့် ဂျပန်ဘာသာစကားသင်ကြားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အထောက်အကူပြုရန် ရည်ရွယ်၍ စစ်တမ်းကောက်ယူခြင်း ဖြစ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2023-10-20
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲ ကျင်းပသည့်နေ့တွင် စာဖြေဌာနအချို့မှ ကောက်ယူ ရရှိထားသည့် ပစ္စည်းများ
visitors :      242,071