2023 December JLPT စာမေးပွဲ Online မှ လျှောက်လွှာတင်ထားသူများ Test Voucher ထုတ်ယူခြင်းနှင့် ပတ်သက်၍
2023 December JLPT စာမေးပွဲ Online မှ လျှောက်လွှာတင်ထားသူများ Test Voucher ထုတ်ယူခြင်းနှင့် ပတ်သက်၍
2023 December JLPT စာမေးပွဲအတွက် Online မှ လျှောက်လွှာတင်ထားသူများအနေဖြင့် နိုဝင်ဘာလ (၁) ရက်နေ့မှ စတင်၍ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) အား အောက်ပါအတိုင်း ထုတ်ယူနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
စာမေးပွဲဖြေဆိုသည့်နေ့တွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) အား Color Print ထုတ်၍ ယူဆောင်လာရမည်ဖြစ်ပါသည်။ (ဖုန်းဖြင့်ပြသ၍မရပါ။)
စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) ဝင်ရောက်ထုတ်ယူရမည့် Website Link
Test Voucher ထုတ်ယူပုံ အဆင့်ဆင့်
၁။ ပထမဦးစွာ အထက်ပါ link အား copy ယူ၍ browser တွင် ဖွင့်ပါ။
၂။ လော့ဂ်အင် ခလုတ်အားနှိပ်ပါ။
၃။ လော့ဂ်အင် ID နှင့် စကားဝှက်အား ဖြည့်သွင်းပါ။
၄။ လျှောက်လွှာဖောင်အချက်အလက် ခလုတ် အား နှိပ်ပါ။
၅။ လျှောက်ထားသူသည် "PDF အားလုံးယူမည်" ခလုတ်အားနှိပ်၍ (Download) လုပ်ရပါမည်။
Test Voucher တွင် စာမျက်နှာ ၃ မျက်နှာ ပါဝင်ပါသည်။
စာမျက်နှာ ၁ - Test Voucher (ခုံနံပါတ်၊ ဖြေဆိုရမည့်ရက်၊ အချိန် နှင့် နေရာ ပါဝင်ပါသည်။)
စာမျက်နှာ ၂ - စာမေးပွဲစည်းကမ်းများ
စာမျက်နှာ ၃ - စာမေးပွဲဖြေဆိုရမည့်နေရာပြမြေပုံ
Application Form (Form C) စာရွက်ကိုလဲသိမ်းဆည်းထားရန်လိုအပ်ပါသည်။ Online result ကြည့်ရှုရာတွင် Form C တွင် ကျောင်းသားကိုယ်တိုင်ဖြည့်သွင်းထားခဲ့သော Passcode 8လုံးအား ထည့်သွင်းကြည့်ရှုရပါမည်။
Test Voucher ထုတ်ရန် မိမိတို့၏ Login ID အား မှတ်သားထားခြင်း မရှိပါက Online Application Website တွင်၊ "Login" > "Forget Password & Login ID" သို့ ဝင်ရောက်ပြီး၊ မိမိ၏ Email Address အားထည့်သွင်းကာ "Show Login ID" ကို နှိပ်ပြီး Login ID ကို ရယူနိုင်ပါသည်။
စာမေးပွဲဖြေဆိုရမည့်နေ့တွင် ယခု Test Voucher (စာမေးပွဲဖြေဆိုခွင့်ကတ်) Print စာရွက်နှင့်အတူ အောက်ပါ သက်သေခံကတ် (မူရင်း) တစ်ခုခု မပါရှိလျှင် “စာမေးပွဲဖြေဆိုခွင့် မပြုပါ။”
(၁) မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်။)
(၂) သက်တမ်းရှိ နိုင်ငံကူးလက်မှတ်
(၃) သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (က/A ဆိုင်ကယ်လိုင်စင်မှာ မွေးသက္ကရာဇ်မပါသဖြင့် အကျုံးမဝင်ပါ။)
(၄) မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ အကျုံးဝင်ပါသည်။)
(၅) သာသနာဝင်စိစစ်ရေးကတ်ပြား၊ သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြား (ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များအတွက်သာ အကျုံးဝင်ပါသည်။)
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း