Myanmar Association of Japan Alumni ( MAJA )

~ ကျေးဇူးတင်လွှာ ~ ၃.၁၂.၂၀၂၃ (တနင်္ဂနွေနေ့) တွင် Japanese Language Proficiency Test (JLPT) စာမေးပွဲအား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါသည်။


စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဘက်ဘက်မှကူညီပံ့ပိုးပေးကြပါသော မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ဂျပန်ဖောင်ဒေးရှင်း(ရန်ကုန်) စာမေးပွဲပြုလုပ်ကျင်းပခွင့်ပြုပါသော ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ တက္ကသိုလ်များ၊ အခြေခံပညာ အထက်တန်းကျောင်းများ၊ သက်ဆိုင်ရာ စာဖြေဌာနတာဝန်ခံ ဆရာ ဆရာမကြီးများ၊ တာဝန်ကျခေါင်းဆောင်များ၊ ကြီးကြပ်ရေးမှူး/ လက်ထောက်ကြီးကြပ်ရေးမှူးများ၊ အသံပိုင်းဆိုင်ရာပညာရှင်များ၊ လုံခြုံရေးအဖွဲ့များ၊ Volunteer များနှင့် ဝန်ထမ်းများအား Myanmar Association of Japan Alumni(MAJA) မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။

ထပ်မံကျင်းပပြုလုပ်သွားမည့်စာမေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လည်း တတ်အားသမျှ ပူးပေါင်းပါဝင် ကူညီပေးကြပါရန် လေးစားစွာတိုက်တွန်းမေတ္တာရပ်ခံအပ်ပါသည်။

စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2023-12-06
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,718