၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲ ရလဒ် ကြည့်ရှုနိုင်မည့်ရက် ကြေငြာခြင်း။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင် ကျင်းပခဲ့သော JLPT စာမေးပွဲ၏ Online Result များအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ၊ ၂၂ ရက်နေ့ (တနင်္လာနေ့) ဂျပန်စံတော်ချိန် နံနက် ၁၀း၀၀ နာရီ (မြန်မာစံတော်ချိန် နံနက် ၇:၃၀ နာရီ) မှ စတင်၍ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Result ကြည့်ရှုရမည့် link - https://www.jlpt.jp/e/guideline/results_online.html
(ဖော်ပြပါလင့်မှတဆင့် > other countries > မိမိ ခုံနံပါတ် နှင့် Passcode 8 လုံး ရိုက်ထည့်ကြည့်ရှုရပါမည်။)
Passcode 8 လုံး မပြည့်သူများ၊ လုံး၀ မဖြည့်သွင်းခဲ့သူများ၊ သတ်မှတ်ထားသည့် ဂဏန်းများမဟုတ်ပဲ Alphabet များပါ၀င်နေသည့် Passcode များ ဖြစ်ပါက Online Result ကြည့်ရှုနိုင်မည် မဟုတ်ပါ။
Online Result များအား ၂၀၂၄ ခုနှစ် မတ်လ၊ ၃၁ ရက်နေ့ (တနင်္ဂနွေနေ့) ဂျပန်စံတော်ချိန် ညနေ ၅း၀၀ နာရီ (မြန်မာစံတော်ချိန် နေ့လည်၂:၃၀ နာရီ) အထိ ကြည့်ရှုနိုင်ပါသည်။
Certificate များရောက်ရှိပါက ထုတ်ယူနိုင်ရန်ထပ်မံကြေငြာပေးပါမည်။
ဆက်သွယ်ရန်
01-757 10 15
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း