JLPT 2024 JULY လျှောက်လွှာရောင်းချခြင်းနှင့်ပတ်သက်၍ ကြေငြာချက် (သင်တန်းကျောင်းများ) ရန်ကုန် နှင့် မန္တလေး
ဇူလိုင်လ (၇)ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ JLPT အတွက် သင်တန်းကျောင်း၊ ကုမ္ပဏီများ နှင့်ပတ်သတ်၍ အောက်ပါအတိုင်း အသိပေးအပ်ပါသည်။
၁။ ကြိုတင်စာရင်းပေးသွင်းခြင်း။
တပြိုင်နက်တည်း လျှောက်လွှာလာရောက်ဝယ်ယူသူ များပြားနိုင်ပါသောကြောင့်၊ လူစုလူဝေး ဖြစ်ပေါ်မှုအား အတန်အသင့် ထိန်းချုပ်နိုင်စေရန် ရက်ချိန်းယူသည့်စနစ် (Booking System) ဖြင့် ရောင်းချသွားမည် ဖြစ်ပြီး သင်တန်းကျောင်းတစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများဆုံး (၇၀) စောင်နှုန်းဖြင့်သာ ရောင်းချသွားမည် ဖြစ်ပါသည်။
(လိုင်စင်တခုအား သင်တန်းကျောင်းတစ်ကျောင်းဟုသတ်မှတ်ပါသည်။ လိုင်စင်အခွဲများအကြုံးမဝင်ပါ။)
ကျောင်းအရေအတွက် များပြားလာပါသဖြင့် အရေအတွက်လျော့ချ သတ်မှတ်ရခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိမိတို့ ကျောင်းမှ အမှန်တကယ် လိုအပ်သည့်ပမာဏကိုသာ လျှောက်ထားပါရန် မေတ္တာရပ်ခံအပ်ပါသည်။
လျှောက်ထားသည့် ကျောင်းအားလုံးအားခွဲဝေပြီး လျှောက်လွှာပိုမိုပါက (၇၀) စောင်ထက် ပိုမိုလျှောက်ထားသော ကျောင်းများအတွက် အညီအမျှ ခွဲဝေသတ်မှတ်ပြီး ရောင်းချပေးသွားမည် ဖြစ်ပါသည်။
လျှောက်လွှာဝယ်ယူမည့် သင်တန်းကျောင်းများအနေဖြင့် အောက်ဖော်ပြပါ Google form မှတဆင့် (၁၉.၂.၂၀၂၃ မှ ၂၃.၂.၂၀၂၃) ရက်နေ့ ရုံးချိန်အတွင်း ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ပါမည်။
Google Form Link >>> https://forms.gle/8ocXKdoY2S3SqwWU9
၂။ လျှောက်လွှာ၀ယ်ယူရန်လိုအပ်ချက်များ။
v သက်တမ်းရှိ သင်တန်းကျောင်းလိုင်စင် မိတ္တူ (သို့) သက်တမ်းရှိ လုပ်ငန်းလိုင်စင် မိတ္တူ (သို့) သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင် မိတ္တူ။
v ကျောင်း Letter Head ဖြင့် ထုတ်ပြန်ထားသည့် ပိုင်ရှင်/ကိုယ်စားလှယ်လွှဲစာ မူရင်းနှင့်မိတ္တူ (နမူနာပုံတွင်ကြည့်ရန်) လျှောက်လွှာဝယ်ယူချိန်တွင် Google form၌ဖြည့်စွက်ထားခဲ့သော လျှောက်လွှာအစောင်ရေအတိုင်းသာ ဝယ်ယူနိုင်မည်ဖြစ်ပြီး၊ လျှောက်လွှာတင်ချိန်တွင်လည်း အဆိုပါ အရေအတွက်အတိုင်းသာ လက်ခံသွားမည် ဖြစ်သည်။
v Level အလိုက်စာဖြေသူစာရင်း (နမူနာပုံတွင်ကြည့်ရန်)
v လာရောက်သူ၏ မှတ်ပုံတင် မူရင်းနှင့် မိတ္တူ
၃။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ (တနင်္ဂနွေနေ့)
၄။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။
၅။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level N1 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N2 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N3 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N4 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N5 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
၆။ လျှောက်လွှာအရောင်းကာလ
ရန်ကုန်စာဖြေဌာန - ၂၉.၂.၂၀၂၄ (ကြာသပတေးနေ့) မှ ၂.၃.၂၀၂၄ (စနေနေ့)
မန္တလေးစာဖြေဌာန - ၂၉.၂.၂၀၂၄ (ကြာသပတေးနေ့) မှ ၁.၃.၂၀၂၄ (သောကြာနေ့)
သတ်မှတ်ချက်နှင့်အညီ စာရင်းပေးသွင်းထားသောကျောင်းများသို့ လာရောက် ဝယ်ယူရမည့် နေ့ရက်၊ အချိန်၊ နေရာ အသေးစိတ်အား Email မှတဆင့် ဆက်သွယ် ပေးပို့သွားပါမည်။
၇။ လျှောက်လွှာလက်ခံကာလ
ရန်ကုန်စာဖြေဌာန - ၄.၃.၂၀၂၄ (တနင်္လာနေ့) မှ ၁၁.၃.၂၀၂၄ (တနင်္လာနေ့)
မန္တလေးစာဖြေဌာန - ၄.၃.၂၀၂၄ (တနင်္လာနေ့) မှ ၅.၃.၂၀၂၄ (အင်္ဂါနေ့)
လျှောက်လွှာလာရောက်ဝယ်ယူချိန်တွင် မိမိသင်တန်းကျောင်းအလိုက် ပြန်လည်လျှောက်ထားရမည့် နေ့ရက်၊ အချိန်၊ နေရာ အားတပါတည်း ပြောကြား သွားမည်ဖြစ်ပါသည်။
၈။ လျှောက်လွှာ ရောင်းချ/လက်ခံမည့် အချိန် နှင့် နေရာ
အချိန် - မနက် ၉း၀၀ နာရီ မှ နေ့လည် ၃း၀၀ နာရီအထိ
နေရာ - (ရန်ကုန်စာဖြေဌာန) -
ရန်ကုန်ပညာရေးတက္ကသိုလ် (Learning Hub)
အမှတ် ၃၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ် ၄ မှ ဝင်ရန်။)
(မန္တလေးစာဖြေဌာန) – MAJA Office (Mandalay Branch)
ပထမထပ်၊ တိုက် (၁)၊ အခန်း (၆)၊ ရေလမ်း၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)