JLPT 2024 July အတွက် Online Registration နှင့် ပတ်သက်၍ အသိပေးခြင်း။
၂၀၂၄ခုနှစ်၊ ဇူလိုင်လ JLPT စာမေးပွဲအတွက် Online Application များကို ၆.၃.၂၀၂၄ ရက်နေ့မှ စတင်၍ လက်ခံသွားမည်ဖြစ်ပြီး၊ Online မှ လျှောက်လွှာတင်မည့် စာဖြေသူများသည် လျှောက်လွှာမတင်မီ အချက်အလက်များ ကြိုတင်ဖြည့်သွင်းထားရန် လိုအပ်ပါသည်။
Registration ကို ၄.၃.၂၀၂၄ ရက်နေ့ မနက် (၉)နာရီ မှစတင်၍ ပြုလုပ်နိုင်မည် ဖြစ်ပြီး၊ လျှောက်လွှာ လက်ခံနေသည့် ကာလတလျှောက်တွင်လည်း Registration ပြုလုပ်နေနိုင်ပါသည်။
-ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာလစာမေးပွဲတွင် Registration ပြုလုပ်ထားသူများ အနေဖြင့် နောက်တကြိမ် Registration ပြန်လည်လျှောက်ထားရန် မလိုအပ်ပါ။ အကယ်၍ အရင်အကောင့်တွင် အချက်အလက်များ မှားယွင်းနေပါက လျှောက်လွှာဖောင် စတင်မည့်ရက်မတိုင်ခင်အထိ “အသုံးပြုသူအချက်အလက်” အားနှိပ်၍ ပြန်လည်ပြင်ဆင်ပြီး အသုံးပြုနိုင်ပါသည်။
- အီးမေးလ်(Email) လိပ်စာ တခုလျှင် Registration ပြုလုပ်ခြင်း နှင့် လျှောက်လွှာတင်ခြင်း တစ်ကြိမ်သာ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ (ဆိုလိုသည်မှာ Registration ပြုလုပ်ထားသော Login ID တခုလျှင် လျှောက်လွှာ တစ်စောင်သာ တင်ခွင့်ရမည်ဖြစ်သည်။) အမည်စာလုံးပေါင်းနှင့် မွေးသက္ကရာဇ် မှားယွင်းဖြည့်သွင်းမိပါက Online Application တင်ပြီးနောက် သတ်မှတ်ထားသည့် အမှားပြင်ကာလအတွင်း ပြန်လည်ပြင်ဆင်နိုင်ပါသော်လည်း အတည်ပြုမှုရရှိရန် (၃) ရက်တာ ကြာမြှင့်မည် ဖြစ်ပါသည်။ သက်သေခံကတ်ပြားနှင့် မတူညီသော အမည်၊ မွေးသက္ကရာဇ်များသို့ ပြင်ဆင်ခွင့် ပြုမည် မဟုတ်ပါ။
- Registration ပြုလုပ်ရာတွင် ဖြည့်သွင်းခဲ့သော Email၊ login စကား၀ှက် နှင့် အချက်အလက် တို့ကို မေ့လျော့ခြင်းမရှိစေရန် ဂရုပြုရပါမည်။
Registration အချက်အလက် ဖြည့်သွင်းရာတွင် ကာယကံရှင်ကိုယ်တိုင် ဖြည်သွင်းရပါမည်။ အကယ်၍ အခြားသူများမှ ကိုယ်စားလုပ်ဆောင်ပေးပြီ အမှားတစ်စုံတစ်ရာ ပေါ်ပေါက်ပါက ကာယကံရှင်တာဝန် သာဖြစ်သည်။
Registration (မှတ်ပုံတင်ခြင်း)အတွက် အောက်ပါအချက် များအားကြိုတင်ပြင်ဆင် ထားရမည်။
(၁)JLPT Online Form မှတ်ပုံတင်လျှောက်ထားသူသည် အသက်(၁၀)နှစ် နှင့်အထက် နိုင်ငံသား သက်သေခံကတ်ပြား ရှိသူဖြစ်ရမည်။
(၂) လျှောက်ထားသူ ၏ ကိုယ်ပိုင် Email အကောင့် တစ်ခုရှိရမည်။
(၃) လျှောက်ထားသူ ၏ ဓါတ်ပုံ (Image File) JPEG or PNG
(အလှဓါတ်ပုံ၊မျက်နှာမပေါ်လွှင်သောပုံ၊ဝါးနေခြင်း၊ဘေးတစောင်းဖြစ်နေခြင်း၊ ပုံဆိုဒ်သေးလွန်းခြင်း၊ ဖုန်းဖြင့်ပြန်လည်ရိုက်ကူးခြင်း များလက်မခံပါ။)
(၄) လျှောက်ထားသူ ၏ သက်သေခံကတ်ပြား Image File (JPEG or PNG)
(မှတ်ပုံတင်၏ ရှေ့ခြမ်းနှင့် နောက်ခြမ်း ဓါတ်ပုံများ (သို့) ပတ်စ်ပို့၏ ဓါတ်ပုံ (သို့) ယာဉ်မောင်းလိုင်စင်၏ ရှေ့ခြမ်းနှင့်နောက်ခြမ်း ဓါတ်ပုံများမှ မိမိအသုံးပြုမည့် တစ်ခုခု ပြင်ဆင်ထားရမည်။ ထည့်သွင်းပေးရာတွင် ဝါးနေခြင်း၊ ဘေးတစောင်း၊ ပုံဆိုဒ်သေးလွန်းခြင်း၊ ဖုန်းဖြင့် ပြန်လည် ရိုက်ကူးခြင်း များလက်မခံပါ။)
(၅) လျှောက်ထားသူ ၏ လက်မှတ် Image File (JPEG or PNG)
(၆) ငွေပေးချေရန် အတွက် အောက်ပါငွေပေးချေမှုနည်းလမ်း တစ်ခုခုရှိရမည်။
- Online Mobile Banking
- Digital Pay (K Pay, AYA Pay, CB Pay)
- Ecommerce Registered ပြုလုပ် ထားသော MPU Card
- Internet Banking (KBZ, CB)
(၇) အသေးစိတ်လမ်းညွှန်များအား ဖော်ပြပါပုံများတွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
ဆက်သွယ်ရန် - 01 757 10 15 Ext-1 (ရုံးချိန်တွင်းသာ)