၂၀၂၄ ခုနှစ် ဇူလိုင်လ JLPT စာမေးပွဲ Online Application လျှောက်ထားခြင်းနှင့် ငွေပေးချေခြင်း လမ်းညွှန်
၂၀၂၄ခုနှစ် ဇူလိုင်လ စာမေးပွဲအတွက် Online Application လျှောက်ထားခြင်း လမ်းညွှန် နှင့် ငွေပေးချေမှု နည်းလမ်းများအားဖော်ပြပါ ပုံများတွင် ကြည့်ရှုနိုင်ပါသည်။
၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ (တနင်္ဂနွေနေ့)
၂။ လျှောက်လွှာတင်ရန် Website လိပ်စာ - https://jlpt-maja.org.mm/
၃။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။
၄။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level N1 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N2 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N3 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N4 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N5 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
၅။ Online လျှောက်လွှာလက်ခံကာလ (ရန်ကုန်နှင့်မန္တလေး)
Level N1 - ၆.၃.၂၀၂၄ (ဗုဒ္ဓဟူးနေ့)၊ ၇.၃.၂၀၂၄ (ကြာသပတေးနေ့)၊ ၁၅.၃.၂၀၂၄ (သောကြာနေ့)
Level N2 - ၆.၃.၂၀၂၄ (ဗုဒ္ဓဟူးနေ့)၊ ၇.၃.၂၀၂၄ (ကြာသပတေးနေ့)၊ ၁၅.၃.၂၀၂၄ (သောကြာနေ့)
Level N3 - ၁၁.၃.၂၀၂၄ (တနင်္လာနေ့)၊ ၁၂.၃.၂၀၂၄ (အင်္ဂါနေ့)၊ ၂၀.၃.၂၀၂၄ (ဗုဒ္ဓဟူးနေ့)
Level N4 - ၁၃.၃.၂၀၂၄ (ဗုဒ္ဓဟူးနေ့)၊ ၁၄.၃.၂၀၂၄ (ကြာသပတေးနေ့)၊ ၁၉.၃.၂၀၂၄ (အင်္ဂါနေ့)
Level N5 - ၇.၃.၂၀၂၄ (ကြာသပတေးနေ့)၊ ၈.၃.၂၀၂၄ (သောကြာနေ့)၊ ၁၈.၃.၂၀၂၄ (တနင်္လာနေ့)
၆။ Online မှ လျှောက်လွှာလက်ခံမည့် လူဦးရေ
Level အားလုံးအတွက် လူဦးရေ (၄၀,၀၀၀)ဦး
၇။ Online လျှောက်လွှာလက်ခံမည့် အချိန်
System သို့ တစ်ပြိုင်နက်ထဲ ဝင်ရောက်ခြင်းအား ထိန်းချုပ်နိုင်ရန် လျှောက်လွှာလက်ခံမည့်အချိန်အား ကြိုတင်အသိပေးမည် မဟုတ်ပါ။ (လျှောက်လွှာလက်ခံကာလအတွင်း မိမိအဆင်ပြေသည့်ရက်တွင် Online System သို့ ဝင်ရောက် လျှောက်ထား နိုင်ပါသည်။)
လျှောက်ထားသူများ သတိပြုရန်
- လျှောက်လွှာဖောင်တင်ရန်အတွက် Registration (မှတ်ပုံတင်ခြင်း) ပြုလုပ်ထားရန်လိုအပ်ပါမည်။
- လျှောက်လွှာဖောင်အတွက် ငွေပေးချေသည့်အချိန်တွင် Browser အားပိတ်လိုက်ခြင်း၊ Refresh ခေါ်ယူခြင်းများ မပြုလုပ်ပါရန်။
- ငွေပေးချေမှုပြီးဆုံးသွားပါက လျှောက်လွှာဖောင်အချက်အလက်အား ပြန်လည်စစ်ဆေးပေးပါ။ အကယ်၍ စာမေးပွဲကြေးအား ပေးချေခဲ့သော်လည်း လျှောက်လွှာဖောင်အချက်အလက်တွင် “Confirmed” မဖြစ်ပါက MAJA ရုံးသို့ဆက်သွယ်အကြောင်းကြားရန်လိုအပ်ပါမည်။
- Online Application လျှောက်ထားရာတွင် ဖြည့်သွင်းမည့် အမည်နှင့် သက်သေခံကတ်ပြား ပေါ်တွင်ပါရှိသော အမည်တို့သည် မတူညီပါက စာမေးပွဲဖြေဆိုခွင့်ပြုမည်မဟုတ်ပါ။ အဆိုပါလျှောက်ထားမှုများအတွက် ငွေပြန်အမ်းခြင်းများ လုပ်ဆောင်ပေးမည် မဟုတ်ပါ။
- မိမိလျှောက်ထားသည့် Level, စာဖြေဌာနအတိုင်းဖြေဆိုရမည်ဖြစ်ပြီး၊ ပြောင်းလဲခြင်းအားခွင့်မပြုပါ။ အဆိုပါလျှောက်ထားမှုများအတွက် ငွေပြန်အမ်းခြင်းများ လုပ်ဆောင်ပေးမည် မဟုတ်ပါ။
- စာဖြေသူတစ်ဦးအတွက် တစ်ကြိမ်သာလျှောက်ထားခွင့်ပြုပါသည်။ တစ်ကြိမ်ထက်ပိုမိုလျှောက်ထားပြီး ငွေပေးချေထားမှုများအား ငွေပြန်အမ်းခြင်း လုပ်ဆောင်ပေးမည် မဟုတ်ပါ။
- မူလလျှောက်ထားသည့် စာဖြေသူနှင့် မတူကွဲပြားသော ပြင်ဆင်မှုများအား အချက်အလက် ပြင်ဆင်ခြင်း လက်ခံကာလတွင် ပြင်ဆင်ခွင့်ပြုမည်မဟုတ်ပါ။
Registration (မှတ်ပုံတင်ခြင်း) နှင့်ပတ်သတ်၍ အသေးစိတ်အားအောက်ဖော်ပြပါ Linkတွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။
https://www.facebook.com/share/p/X4Dh2QfeWMiDJaNL/?mibextid=oFDknk
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဆက်သွယ်ရန်
01- 757 10 15 (ext 1)