၂၀၁၉ ခုနှစ်ဒီဇင်ဘာလ(၁)ရက်နေ့ရန်ကုန်မြို့နှင့်မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာ အရည်အချင်း စစ်စာမေးပွဲအတွက် ကြေငြာခြင်း။
ရန်ကုန်မြို့နှင့်မန္တလေးမြို့တွင်ကျင်းပပြုလုပ်မည့်ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ
JLPT 2019DECEMBER
ဒီဇင်ဘာလ(၁)ရက်နေ့ရန်ကုန်မြို့နှင့်မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာ အရည်အချင်း စစ်စာမေးပွဲအတွက် လျှောက်လွှာများကို အောက်ပါအစီအစဉ်အတိုင်း လက်ခံသွားပါမည်။
၁။စာမေးပွဲကျင်းပမည့်ရက်
၂၀၁၉ခုနှစ်၊ဒီဇင်ဘာလ (၁) ရက် (တနင်္ဂနွေနေ့)
၂။စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့်မန္တလေးမြို့။
၃။လျှောက်လွှာအရောင်းကာလ (ရန်ကုန်)
၁၅.၈.၂၀၁၉ (ကြာသပတေးနေ့) မှ*** လျှောက်လွှာကုန်သည်အထိ***
လျှောက်လွှာလက်ခံကာလ (ရန်ကုန်)
Level N5 - ၂၂.၈.၂၀၁၉ (ကြာသပတေးနေ့) မှ၂၈.၈.၂၀၁၉ (ဗုဒ္ဓဟူးနေ့)
Level N4 - ၂၉.၈.၂၀၁၉(ကြာသပတေးနေ့)မှ၃.၉.၂၀၁၉ (အင်္ဂါနေ့)
Level N1, N2, N3 - ၄.၉.၂၀၁၉ (ဗုဒ္ဓဟူးနေ့) မှ၈.၉.၂၀၁၉ (တနင်္ဂနွေနေ့)
Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား)ထုတ်ပေးမည့်ကာလ (ရန်ကုန်)
၁၅.၉.၂၀၁၉(တနင်္ဂနွေနေ့)မှ၄.၁၀.၂၀၁၉ (သောကြာနေ့)
အချိန် - မနက်၉း၃၀နာရီမှညနေ၄း၀၀နာရီအထိ
နေရာ - MAJA Education Centre
အမှတ်၆၆/A၊သူရလမ်း၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်။(ပုဏ္ဏမီမှတ်တိုင်)
ဖုန်း - 09 962751373, 09 262602121
၄။လျှောက်လွှာအရောင်းကာလ (မန္တလေး)
၂၆.၈.၂၀၁၉ (တနင်္လာနေ့) မှ*** လျှောက်လွှာကုန်သည်အထိ ***
လျှောက်လွှာလက်ခံခြင်းနှင့်စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားထုတ်ပေးမည့်ကာလ (မန္တလေး)
၁.၉.၂၀၁၉(တနင်္ဂနွေနေ့) မှ၅.၉.၂၀၁၉ (ကြာသပတေးနေ့)
အချိန် - မနက်၉း၃၀နာရီမှညနေ၄း၀၀နာရီအထိ
(နေ့လည်၁၂နာရီမှ၁နာရီအထိထမင်းစားနားပါမည်။)
နေရာ - MAJA (Mandalay Branch)
1st Floor, Water Street, Block-1, Unit 6, Mingalar Mandalay, Chan Mya Thar Si Township,
Mandalay. ဖုန်း - 09 255162533
၅။လျှောက်လွှာကြေး - တစ်စောင် = 1000 Ks
၆။စာမေးပွဲကြေး - N 1, N2, N3- 25000 Ks
N4, N5 - 20000 Ks
-------------------------------------------------------------------------------------------------------
လျှောက်လွှာလက်ခံမည့်နည်းလမ်းများ
၁။လူကိုယ်တိုင်လာရောက်လျှောက်ထားခြင်း။
အထက်ဖော်ပြပါနေရာများ တွင်လျှောက်လွှာတစ်စောင် (၁၀၀၀ကျပ်) ဖြင့်ရယူပြီး လိုအပ်သည့်အချက်အလက်များပြည့်စုံစွာဖြည့်သွင်း၍ မှတ်ပုံတင်မိတ္တူနှင့် အတူလူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။
မှတ်ချက်။။ကျောင်းမှတာဝန်ခံ၍ မိမိကျောင်းသားများအတွက်စုစည်းပြီးလာရောက်လျှောက်ထားပါက ေြဖဆိုမည့်ကျောင်းသား/သူများ ၏အမည် ၊မွေးသက္ကရာဇ်တို့ကို စာရင်းပြုစုထားသော စာရွက်နှင့်အတူမှတ်ပုံတင်မိတ္တူပါပူးတွဲတင်ပေးရပါမည်။
၂။ E-mail ဖြင့်လျှောက်ထားခြင်း။
(က) လျှောက်လွှာများကိုဂျပန်ဖောင်ဒေးရှင်း (ရန်ကုန်) Website Link https://yg.jpf.go.jp/event/2019-december-japanese-language-proficiency-test/ မှအခမဲ့ Downloadရယူပြီး Computerဖြင့်လိုအပ်သည့်အချက်အလက်များဖြည့်သွင်းပြီးလျှောက်လွှာနှင့် မှတ်ပုံတင် မိတ္တူကိုရန်ကုန်တွင်ဖြေဆိုမည့်သူများသည် [email protected] သို့လည်းကောင်း၊ မန္တလေးတွင်ဖြေဆိုမည့်သူများသည် [email protected]သို့လည်းကောင်း Attachmentတွဲ ပြီးပေးပို့လျှောက်ထားပါ ။လျှောက်လွှာလက်ခံရရှိသည့်အကြောင်း ကြားစာရပြီးလျှင် အထက်ဖော်ပြပါလျှောက်လွှာ က်ခံသည့်နေရာများသို့လျှောက်လွှာ လက်ခံကာလအတွင်း စာမေးပွဲကြေးပေးသွင်း ပြီးလျှောက်ထားပါ။(စာမေးပွဲကြေးကို အထက်ပါလျှောက်လွှာလက်ခံမည့်နေရာများတွင်ပေး သွင်းပြီးမှသာခုံနံပါတ်ရရှိ မည်ဖြစ်ပါသည်။)
(ခ) လျှောက်ထားပြီး၂၄နာရီအတွင်း Reply မရပါကတိုက်ရိုက်ဖုန်းဆက်ပြီးဆက်သွယ်ပါ။
၃။ရန်ကုန်မြို့တွင်လျှောက်ထားသောသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကို အထက်ဖော်ပြပါသတ်မှတ်ရက် အတွင်းသာပြန် လည်ထုတ်ယူရပါမည်။
၄။မန္တလေးမြို့တွင်လျှောက်ထားသောသူများအနေဖြင့်စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများ ကိုလျှောက်လွှာလက်ခံကာလ အတွင်းတစ်ပါ တည်းပြန်လည်ထုတ်ယူနိုင်ပါမည်။
အထူးသတိပြုရန်
မှတ်ပုံတင်ပျောက်ဆုံးသူများ၊လက်ဝယ်မရှိသူများ အနေဖြင့်အောက်ဖော်ပြပါကဒ်ပြားများဖြင့်လျှောက်ထားနိုင်ပါသည်။ ယင်းကဒ်ပြားများ မှလွှဲ၍ကျန်အခြားမည်သည့်ကဒ်ပြားနှင့် မှလျှောက်ထား၍မရနိုင်ပါ။
၁။ယဉ်မောင်းလိုင်စင်
၂။နိုင်ငံကူးလက်မှတ်
၃။ကျောင်းသားကဒ် (အစိုးရမူလတန်း၊အလယ်တန်း၊အထက်တန်းကျောင်းများ)
သတိပြုရန်။ ။ ကိုယ်ပိုင်ကျောင်းမှ ကျောင်းသားကဒ်လက်မခံပါ။
၄။ကျောင်းသားကဒ် (အစိုးရတက္ကသိုလ်၊ကောလိပ်များ)
သတိပြုရန်။ ။ ကိုယ်ပိုင်ကျောင်းမှ ကျောင်းသားကဒ်လက်မခံပါ။
၅။မွေးစာရင်း (အသက်၁၀နှစ်အောက်လျှောက်ထားမည့်သူများ)
- အသေးစိတ်သိရှိလိုသည်များကို MAJA Facebook၊The Japan Foundation Yangon Facebook နှင့်ဂျပန်သံရုံး Website များတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/MyanmarAssociationOfJapanAlumniMAJA/
https://www.facebook.com/JFYangon/
https://www.mm.emb-japan.go.jp/…/myan…/news/2018/new-60.html
-
ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲနှင့်ပတ်သက်၍အသေးစိတ်သိရှိလိုပါက
ဖုန်း - ၀၉၉၆၂၇၅၁၃၇၃သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန်)