Myanmar Association of Japan Alumni ( MAJA )

JLPT အောင်လက်မှတ်များ ထုတ်ယူနိုင်မည့်နေရာ နှင့် ပတ်သတ်၍ (ရန်ကုန်စာဖြေဌာန)


ရန်ကုန်စာဖြေဌာန အတွက် JLPTအောင်လက်မှတ်များ (၂၀၂၃ ခုနှစ် ဒီဇင်ဘာလ စာမေးပွဲ နှင့် ရှေ့ပိုင်းစာမေးပွဲများတွင် ဖြေဆိုခဲ့သူများ) ထုတ်ယူခြင်းအား တောင်ဥက္ကလာပ မြို့နယ်ရှိ MAJA EDUCATION CENTRE တွင်ထုတ်ပေးလျှက်ရှိရာ၊ ၂၀၂၄ ခုနှစ် ဇွန်လ ( ၂၄ ) ရက်နေ့မှ စတင်ကာ အောက်ဖော်ပြပါလိပ်စာတွင် ဆက်လက် ထုတ်ပေးသွားမည် ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

ရန်ကုန်စာဖြေဌာန၏ JLPT အောင်လက်မှတ်ထုတ်ယူရန်

နေရာ။ JLPT CENTRE (MAJA)

အမှတ်(၂ဘီ-) နှင်းဥယျာဥ်အိမ်ရာ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။

ဖွင့်ရက်။ တနင်္လာ မှ သောကြာနေ့ အထိ။ အစိုးရရုံးပိတ်ရက် နှင့် စနေ၊ တနင်္ဂနွေ ပိတ်ပါသည်။

မနက် ၉း၃၀ မှ ညနေ ၄း၃၀ ထိ။ ထမင်းစားချိန် ၁၂ နာရီ မှ ၁နာရီထိ ပိတ်ပါသည်။

မန္တလေးစာဖြေဌာန အတွက် အောင်လက်မှတ်များအား မူလထုတ်ယူလျှက်ရှိသော MAJA Office (Mandalay Branch) တွင် ဆက်လက်ထုတ်ယူနိုင်ပါမည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

ဆက်သွယ်ရန် 01-7571015 (Ext-1)

 2024-06-19
၂၀၂၇ ခုနှစ်၊ (၄) လပိုင်း အတွက် ခေါ်ယူမည့် သတင်းစာ စကော်လားရှစ် (2027 April Intake - ASAHI Shimbun Scholarship)
visitors :      283,438