JLPT 2024 December လျှောက်လွှာရောင်းချခြင်းနှင့်ပတ်သက်၍ကြေငြာချက် (သင်တန်းကျောင်းများ) ရန်ကုန် နှင့် မန္တလေး
ဒီဇင်ဘာလ (၁) ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ JLPT အတွက် သင်တန်းကျောင်း၊ ကုမ္ပဏီများ နှင့်ပတ်သတ်၍ အောက်ပါအတိုင်း အသိပေးအပ်ပါသည်။
၁။ ကြိုတင်စာရင်းပေးသွင်းခြင်း။
Google form မှ တဆင့် (၂.၈.၂၀၂၄ မှ ၅.၈.၂၀၂၄) ရက်နေ့အတွင်း ကြိုတင်စာရင်းပေးသွင်းရပါမည်။
ရန်ကုန်သင်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများဆုံး (၁၀၀) စောင်နှုန်း ဖြင့် ရောင်းချသွားမည် ဖြစ်ပြီး မန္တလေးသင်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာ အစောင်ရေအများဆုံး (၅၀) စောင်နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပါသည်။
Google Form Link >>> https://forms.gle/UX2JuWEB7UUKEAvc7
၂။ လျှောက်လွှာ၀ယ်ယူရန်လိုအပ်ချက်များ။
v သက်တမ်းရှိ သင်တန်းကျောင်းလိုင်စင် မိတ္တူ (သို့) သက်တမ်းရှိ လုပ်ငန်းလိုင်စင် မိတ္တူ (သို့) သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင် မိတ္တူ။
(လိုင်စင်တခုအား သင်တန်းကျောင်းတစ်ကျောင်း ဟုသတ်မှတ်ပါသည်။ ပိုင်ရှင်တဦးတည်းမှ လိုင်စင်အခွဲများ အကြုံးမဝင်ပါ။ Google form တင်ခြင်း နှင့် လာရောက်ဝယ်ယူရာတွင် ပိုင်ရှင်အမည်နှင့် သတ်တမ်းကုန်ဆုံးရက်ပါသော စာမျက်နှာအား ထည့်သွင်း/ ယူဆောင် လာရပါမည်။ ကုမ္ပဏီ လိုင်စင်များဖြစ်ပါကလဲ သက်တမ်းကုန်ဆုံးရက်နှင့် ပိုင်ရှင်အမည်ပါသော စာမျက်နှာ ဖြစ်ရပါမည်။ အချက်အလက် စုံလင်စွာမပါသော လိုင်စင်များနှင့် သက်တမ်းကုန်နေသည့် လိုင်စင်များအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။)
v ကျောင်း Letter Head ဖြင့် ထုတ်ပြန်ထားသည့် ပိုင်ရှင်/ကိုယ်စားလှယ်လွှဲစာ မူရင်းနှင့်မိတ္တူ (နမူနာပုံတွင်ကြည့်ရန်)
Google form တင်သည့်အဆင့်တွင်မလိုအပ်သေးပါ။
ပိုင်ရှင်ကိုယ်တိုင်လာရောက်ပါကလဲ အဆိုပါစာရွက်ယူဆောင်လာရပါမည်။ လျှောက်လွှာဝယ်ယူချိန်တွင် Google form ၌ဖြည့်စွက်ထားခဲ့သော လျှောက်လွှာအစောင်ရေအတိုင်းသာ ဝယ်ယူနိုင်မည်ဖြစ်ပြီး၊ လျှောက်လွှာတင်ချိန်တွင်လည်း အဆိုပါ အရေအတွက်အတိုင်းသာ လက်ခံသွားမည် ဖြစ်သည်။
v Level အလိုက်စာဖြေသူစာရင်း (နမူနာပုံတွင်ကြည့်ရန်)
Google form တင်သည့်အဆင့်တွင် မလိုအပ်သေးပါ။
v လာရောက်သူ၏ မှတ်ပုံတင် မူရင်းနှင့် မိတ္တူ။
Google form တင်သည့်အဆင့်တွင်မလိုအပ်သေးပါ။
၃။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ (တနင်္ဂနွေနေ့)
၄။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။
၅။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level N1 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N2 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N3 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N4 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N5 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
၆။ လျှောက်လွှာအရောင်းကာလ
ရန်ကုန်စာဖြေဌာန - ၁၂.၈.၂.၂၀၂၄ (တနင်္လာနေ့)၊ ၁၃.၈.၂၀၂၄ (အင်္ဂါနေ့)၊ ၁၄.၈.၂၀၂၄ (ဗုဒ္ဓဟူးနေ့)
မန္တလေးစာဖြေဌာန - ၁၂.၈.၂.၂၀၂၄ (တနင်္လာနေ့)၊ ၁၃.၈.၂၀၂၄ (အင်္ဂါနေ့)
သတ်မှတ်ချက်နှင့်အညီ စာရင်းပေးသွင်းထားသောကျောင်းများသို့ လာရောက် ဝယ်ယူရမည့် နေ့ရက်၊ အချိန်၊ နေရာ အသေးစိတ်အား Email မှတဆင့် ဆက်သွယ် ပေးပို့သွားပါမည်။
၇။ လျှောက်လွှာလက်ခံကာလ
ရန်ကုန်စာဖြေဌာန - ၁၄.၈.၂၀၂၄ (ဗုဒ္ဓဟူးနေ့)၊ ၁၅.၈.၂၀၂၄ (ကြာသပတေးနေ့)၊ ၁၆.၈.၂၀၂၄ (သောကြာနေ့၊၁၇.၈.၂၀၂၄ (စနေနေ့)၊ ၁၉.၈.၂၀၂၄ (တနင်္လာနေ့)၊ ၂၀.၈.၂၀၂၄ (အင်္ဂါနေ့)
မန္တလေးစာဖြေဌာန - ၁၄.၈.၂၀၂၄ (ဗုဒ္ဓဟူးနေ့)၊ ၁၅.၈.၂၀၂၄ (ကြာသပတေးနေ့)
လျှောက်လွှာလာရောက်ဝယ်ယူချိန်တွင် မိမိသင်တန်းကျောင်းအလိုက် ပြန်လည်လျှောက်ထားရမည့် နေ့ရက်၊ အချိန်၊ နေရာ အားတပါတည်း ပြောကြား သွားမည်ဖြစ်ပါသည်။
၈။ လျှောက်လွှာ ရောင်းချ/လက်ခံမည့် အချိန် နှင့် နေရာ
အချိန် - မနက် ၉း၀၀ နာရီ မှ နေ့လည် ၃း၀၀ နာရီအထိ
နေရာ - (ရန်ကုန်စာဖြေဌာန) - ရန်ကုန်ပညာရေးတက္ကသိုလ် (Learning Hub)
အမှတ် ၃၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ် ၄ မှ ဝင်ရန်။)
(မန္တလေးစာဖြေဌာန) – MAJA Office (Mandalay Branch)
ပထမထပ်၊ တိုက် (၁)၊ အခန်း (၆)၊ ရေလမ်း၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဆက်သွယ်ရန် - 01- 757 10 15 (Ext: 1)