Myanmar Association of Japan Alumni ( MAJA )

ရန်ကုန်တက္ကသိုလ် စာဖြေဌာန (N2 Level) ဖြေဆိုကြမည့် ကျောင်းသား/သူများ သတိပြုရန်။


(ဥပဒေဌာန , သိပ္ပံဌာန , ပင်လုံဆောင် နှင့် ကွန်ပြူတာသိပ္ပံဆောင် YU-ULB) ဒီဇင်ဘာလ (၁) ရက်နေ့တွင် (ရန်ကုန်တက္ကသိုလ်) စာဖြေဌာန (N2 Level) အတွက် ဖြေဆိုကြမည့် စာဖြေသူများအနေဖြင့် အဓိပတိလမ်း ဝင်ပေါက် (Main Gate) အားပိတ်ထားမည် ဖြစ်ပါသောကြောင့် အောက်ဖော်ပြပါဝင်ပေါက်များမှသာ ဝင်ရောက်ရမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။ (ကွန်ပြူတာသိပ္ပံဆောင် YU ULB နှင့် သိပ္ပံဌာန) စာဖြေဌာန၌ JLPT စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်ရိပ်သာလမ်းမပေါ်ရှိ ဂိတ်အမှတ် (၁၄) မှ ဝင်ရောက်ရမည် ဖြစ်ပါသည်။ (ပင်လုံဆောင် နှင့် ဥပဒေဌာန) စာဖြေဌာန၌ JLPT စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် တက္ကသိုလ်ရိပ်သာလမ်းမပေါ်ရှိ ဂိတ်အမှတ် (၂) မှ ဝင်ရောက် ရမည် ဖြစ်ပါသည်။ ဝင်ပေါက်များအား မြေပုံတွင် မြှားအနီဖြင့် ညွှန်ပြထားပါသည်။ မှတ်ချက်။ ။ ဖော်ပြပါဂိတ်ပေါက်များတွင် စာဖြေသူများယူဆောင်လာသော အိတ်များအားထားရှိရန် နေရာအခက်အခဲရှိနိုင်ပါသောကြောင့် စာဖြေသူများအနေဖြင့် ကျင်းပရေးကော်မတီဘက်မှ ကြေငြာထားသော အောက်ဖော်ပြပါနမူနာအတိုင်းသာ ယူဆောင်လာပါရန်ကိုလဲ အထူးတိုက်တွန်းအပ်ပါသည်။ JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 

 2024-11-29
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,717