Myanmar Association of Japan Alumni ( MAJA )

၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် JLPT စာမေးပွဲအတွက် စာမေးပွဲအခန်းစောင့်ရန် အကူအညီပေးမည့် MAJA အသင်းသားများအား သိရှိစေရန်ကြေငြာခြင်း


၁။ နှစ်စဉ်ကြေး ကြွေးကျန်ရှိ/မရှိစစ်ဆေးကာ ၁.၁၀.၂၀၁၉ (အင်္ဂါနေ့) မှ ၂၀.၁၀.၂၀၁၉ (တနင်္ဂနွေနေ့) အတွင်း MAJA ရုံးခန်းသို့ ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက်၍ဖြစ်စေ၊ Email (သို့မဟုတ်) ဖုန်းဆက် အကြောင်း ကြား ၍ ဖြစ်စေ စာရင်းပေးသွင်းပေးပါရန်။ (စနေ၊ တနင်္ဂနွေ နှင့် အစိုးရ ရုံးပိတ်ရက်များ ပိတ်ပါသည်။)

၂။ ပါဝင်ကူညီဆောင်ရွက်လိုသူများသည် ရှင်းလင်းပွဲ၊ စာမေးပွဲခန်းမ ပဏာမ စစ်ဆေးခြင်းနှင့် စာမေးပွဲ နေ့ရက်များတွင် (၃)ကြိမ်လာနိုင်သူဖြစ်ရမည်။

၃။ အမှန်တကယ် ဆောင်ရွက်နိုင်သူများသာ စာရင်းပေးသွင်းပါရန်နှင့် စာရင်းပေးသွင်းပြီး ကြိုတင် အကြောင်း ကြား ခြင်းမရှိဘဲ ပျက်ကွက်ခဲ့ပါက နောက်နောင်စာမေးပွဲများတွင် အကူအညီ တောင်းခံ တော့မည် မဟုတ်ပါ။

မှတ်ချက်။ ။ ယနေ့ မှစ၍ December လကုန်အထိ အသင်းဝင်အသစ် ဝင်ခြင်းအား ဆိုင်းငံ့ထားမည်ဖြစ်ပါ သည်။ ထိုဆိုင်းငံံ့ကာလကျော်လွန်ပြီးချိန် (ရန်ကုန်) တွင်အသင်းဝင်လိုသူများ အနေဖြင့် အောက်ဖော်ပြပါ လိပ်စာတခုထဲတွင်သာ ဝင်ရောက်နိုင်မည် ဖြစ်ကြောင်းကိုလဲ တပါတည်း သိရှိစေရန် ကြေငြာအပ်ပါသည်။

MAJA Head Office (Yangon)
Address: No.2B(4), Snow Garden Housing, Thu Mingalar Road, Hnin Si Gone (A) Ward, Thingangyun Township, Yangon.
Phone: 09-428612151, 09-262602121
Email: [email protected]

 2019-09-30
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,717