စစ်တမ်းတွင် ဖြေကြားထားခြင်း မရှိသော ဂျပန်ဘာသာသင်တန်းကျောင်းများအား JLPT စာမေးပွဲလျှောက်လွှာများရောင်းချသွားမည် မဟုတ်ကြောင်း အသိပေး ကြေငြာခြင်း
ဂျပန်ဖောင်ဒေးရှင်းသည် ကမ္ဘာတဝန်းရှိ ဂျပန်ဘာသာသင်ကြားရေးအခြေအနေများကို သိရှိနိုင်ရန် ၃ နှစ်လျှင် ၁ ကြိမ် “နိုင်ငံရပ်ခြားရှိ ဂျပန်ဘာသာသင်တန်းကျောင်းများအားစစ်တမ်းကောက်ခံခြင်း” ကို လုပ်ဆောင်လျက် ရှိပါသည်။
ဤစစ်တမ်းကို ၂၀၂၄ ခုနှစ် စက်တင်ဘာလမှစတင်ကောက်ယူလျက်ရှိပြီး စစ်တမ်းဝင်ရောက်ဖြေဆိုနိုင်မည့် ဝက်ဘ်ဆိုဒ်လင့်ကို သင်တန်းကျောင်းများထံသို့ မေးလ်ပို့ထားပြီးဖြစ်ပါသည်။
စစ်တမ်းဖြေဆိုထားရှိခြင်း မရှိသည့် သင်တန်းကျောင်းများသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ နောက်ဆုံးထား၍ ဝင်ရောက်ဖြေဆိုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
စစ်တမ်းမှာအွန်လိုင်းမှဝင်ရောက်ဖြေဆိုရခြင်းဖြစ်ပြီး ဖြေဆိုချိန်မှာ ၁၅ မိနစ်ခန့်သာ ကြာမြင့်ပါသည်။ (စစ်တမ်း ဖြေကြားရန် Japan Foundation မှ ပေးပို့ထားသော Email ပါ Link မှတဆင့် ဝင်ရောက် ဖြေကြားနိုင်ပါသည်။)
စစ်တမ်းသို့ဝင်ရောက်ဖြေဆိုပေးသည့်သင်တန်းကျောင်းများသည် ဂျပန်ဖောင်ဒေးရှင်းမှထုတ်လုပ်ထားသည့် သင်ထောက်ကူများကို အခမဲ့ဒေါင်းလုတ်ဆွဲအသုံးပြုနိုင်မည်ဖြစ်ပါသည်။
အဆိုပါစစ်တမ်းအား ဂျပန်ဘာသာသင်တန်းကျောင်းများအားလုံး ပါဝင်ဖြေဆိုပေးရန် လိုအပ်ပြီး၊ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဂျပန်ဘာသာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံပိုးကူးညီမှုများ ပြုလုပ်ရန် အရေးကြီးသည့် အချက်အလက်များ ဖြစ်ပါသည်။
စစ်တမ်းဖြေဆိုထားရှိခြင်း မရှိသည့် သင်တန်းကျောင်းများအား ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် သင်တန်းကျောင်းများအလိုက် လျှောက်လွှာရောင်းချခြင်းကို ပြုလုပ်သွားမည် မဟုတ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ထို့အပြင် ဂျပန်ဖောင်ဒေးရှင်းမှပြလုပ်သည့် နိုင်ငံရပ်ခြားရှိ ဂျပန်ဘာသာသင်နိုင်ငံခြားသားဆရာများအတွက် သင်တန်းပရိုဂရမ်များလျှောက်ထားမှုကိုလည်း လက်ခံသွားမည်မဟုတ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
စစ်တမ်းဖြေကြားခြင်းနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဆက်သွယ်ရန်-
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)
01-7571015 (ext:0)