Myanmar Association of Japan Alumni ( MAJA )

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စာမေးပွဲအတွက် မှတ်ပုံတင်လျှောက်ထားခြင်း နှင့် ပတ်သက်၍ (သင်တန်းကျောင်းများ)


၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စာမေးပွဲ မှ စတင်၍ သင်တန်းကျောင်းအလိုက် လျှောက်ထားခြင်းများအား Online System ဖြင့် လက်ခံ ဆောင်ရွက်သွားရန် လျာထားပြီး၊ လျှောက်လွှာတင်မည့် သင်တန်းကျောင်းများအနေဖြင့် လျှောက်လွှာမတင်မှီ အချက်အလက်များ ကြိုတင်ဖြည့်သွင်းထားရန် လိုအပ်ပါသည်။
(၁) မှတ်ပုံတင်လျှောက်ထားခြင်း ၂၇.၁.၂၀၂၅ (တနင်္လာနေ့) မှ ၃၁.၁.၂၀၂၅ (သောကြာနေ့) အထိ Online System မှ တဆင့်လုပ်ဆောင်ရပါမည်။
Website Link >>>> ၂၇.၁.၂၀၂၅ (တနင်္လာနေ့) မနက် (၉) နာရီအချိန် ယခုကြေငြာချက်တွင် ဖော်ပြပေးသွားပါမည်။
(၂) လျှောက်လွှာတင်ခြင်းနှင့် ပတ်သက်၍ ‌လျှောက်လွှာတင်ရက်သတ်မှတ်ပြီးချိန်တွင် သီးသန့်ထုတ်ပြန်ကြေငြာသွားမည် ဖြစ်ပါသည်။
(၃) အချက်အလက်များ ကြိုတင်ဖြည့်သွင်းထားရန် ရန်ကုန် နှင့် မန္တလေး သင်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာအရေအတွက်အများဆုံး (၇၀) စောင်နှုန်း ဖြင့် ရောင်းချသွားမည်ဖြစ်ပါသည်။
(၄) လိုင်စင်တခုအား သင်တန်းကျောင်းတစ်ကျောင်း ဟုသတ်မှတ်ပါသည်။ ပိုင်ရှင်အမည်တူ လိုင်စင်အခွဲများ အကြုံးမဝင်ပါ။ အချက်အလက် စုံလင်စွာမပါသော လျှောက်ထားခြင်းများနှင့် သက်တမ်းကုန်နေသည့် လိုင်စင်များအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
(၅) အဆိုပါ မှတ်ပုံတင်ခြင်းကာလတွင် Japan Foundation ၏ “၂၀၂၄ ခုနှစ် နိုင်ငံရပ်ခြားရှိ ဂျပန်ဘာသာ သင်တန်းကျောင်းများအား စစ်တမ်းကောက်ခြင်း” အစီအစဉ်တွင် ပူးပေါင်းပါဝင် ဖြည့်သွင်းထားခဲ့သော “Institution ID” လိုအပ်ပါမည်။ အဆိုပါ ID ဖြည့်သွင်းထားမှုမရှိခြင်းနှင့် ID နံပါတ်အမှားများ ဖြည့်သွင်းထားသော သင်တန်းကျောင်းများအား စာမေးပွဲအတွက်လက်ခံဆောင်ရွက်သွားမည်မဟုတ်ပါသောကြောင့် မှန်ကန်တိကျစွာ ဖြည့်သွင်းပေးရမည် ဖြစ်ပါသည်။
အဆိုပါသက်မှတ်ချက်အတွက် ကြေငြာချက်အား အောက်ပါလင့်တွင်ကြည့်ရှုပါ။
https://www.facebook.com/share/p/1A3Y95GUpe/
အဆိုပါ ID အား မှတ်သားထားမိခြင်းမရှိပါက ဖော်ပြပါလင့်မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.jpf.go.jp/.../survey/result/information.html
(၆) အီးမေးလ်(Email) လိပ်စာ တခုလျှင် မှတ်ပုံတင်ပြုလုပ်ခြင်း နှင့် လျှောက်လွှာတင်ခြင်း တစ်ကြိမ်သာ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
(၇) အချက်အလက်များအား စစ်ဆေး၍ ဆက်လက်လုပ်ဆောင်ရမည်များအား Online System မှ တဆင့် မှတ်ပုံတင်လျှောက်ထားချိန်တွင် ဖြည့်သွင်းထားသော Email သို့ ပေးပို့သွားမည်ဖြစ်ပါသောကြောင့် ဖြည့်သွင်းခဲ့သော Email အဝင်များအား စစ်ဆေးနေရန် လိုအပ်ပါသည်။
မှတ်ပုံတင် အချက်အလက် ဖြည့်သွင်းရာတွင် သင်တန်းကျောင်းတာဝန်ခံကိုယ်တိုင် ဖြည့်သွင်းရပါမည်။ အကယ်၍ အခြားသူများမှ ကိုယ်စားလုပ်ဆောင်ပေးပြီ အမှားတစ်စုံတစ်ရာ ပေါ်ပေါက်ပါက သင်တန်းကျောင်းတာဝန် သာဖြစ်သည်။

မှတ်ပုံတင်လျှောက်ထားခြင်း အတွက် အောက်ပါအချက်များအား ကြိုတင်ပြင်ဆင် ထားရမည်။
(၁) လျှောက်ထားမည့်သင်တန်းကျောင်းသည် လိုင်စင်သက်တမ်းရှိသောသင်တန်းကျောင်းဖြစ်ရမည်။
(၂) လျှောက်ထားမည့်သင်တန်းကျောင်းသည် Japan Foundation ၏ စစ်တမ်းဖြေဆိုထားသော“Institution ID” ရှိသော    သင်တန်းကျောင်းဖြစ်ရမည်။
(၃) သင်တန်းကျောင်းလိုင်စင်တွင်ပါရှိသော ပိုင်ရှင်၏ အချက်အလက်နှင့် မှတ်ပုံတင် Image File(JPEG or PNG)
(မှတ်ပုံတင်၏ ရှေ့ခြမ်းနှင့် နောက်ခြမ်း ဓါတ်ပုံအား ပြင်ဆင်ထားရမည်။ ဝါးနေ‌ခြင်း၊ ဘေးတစောင်းဖြစ်ခြင်း၊
ပုံဆိုဒ်သေးလွန်းခြင်း၊ အချက်အလက်ကွဲလွဲနေခြင်း များလက်မခံပါ။)
(၄) သက်တမ်းရှိသင်တန်းကျောင်းလိုင်စင် Image File (JPEG or PNG)
(သက်တမ်းနှင့် ကျောင်းအမည်၊ ပိုင်ရှင်အမည် စစ်ဆေးနိုင်သောလိုင်စင်ဖြစ်ရမည်။ ဝါးနေ‌ခြင်း၊ ဘေးတစောင်းဖြစ်ခြင်း၊ ပုံဆိုဒ်သေးလွန်းခြင်း၊ အချက်အလက်ကွဲလွဲနေခြင်း များလက်မခံပါ။)
(၅) ငွေပေးချေရန် အတွက် အောက်ပါငွေပေးချေမှုနည်းလမ်း တစ်ခုခု။
- K Pay
- Ecommerce Registered ပြုလုပ် ထားသော MPU Card
အသေးစိတ်လမ်းညွှန်များအား ပူးတွဲဖော်ပြပါပုံများတွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။
ဆက်သွယ်ရန် - 01 757 10 15 Ext-1 (ရုံးချိန်တွင်းသာ)

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2025-01-24
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,719