Myanmar Association of Japan Alumni ( MAJA )

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စာမေးပွဲအတွက် မှတ်ပုံတင် လျှောက်ထားခြင်းကာလ နှင့် ပတ်သက်၍ (သင်တန်းကျောင်းများ)


၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စာမေးပွဲအတွက် သင်တန်းကျောင်းအလိုက် လျှောက်ထားရန် မှတ်ပုံတင်လျှောက်ထားခြင်း အဆင့်အား ၂၇.၁.၂၀၂၅ ရက်နေ့မှ စတင်လက်ခံခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲ Online Result ထွက်ရှိပြီးမှ လျှောက်ထားလိုသည့် သင်တန်းကျောင်းများ အတွက် မှတ်ပုံတင် လျှောက်ထားခြင်းကာလအား အောက်ပါအတိုင်းတိုးမြှင့် သက်မှတ်လက်ခံ သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
(မှတ်ပုံတင်လျှောက်ထားပြီးသည့်သင်တန်းကျောင်းများထပ်မံလျှောက်ထားရန်မလိုအပ်ပါ။)

တိုးမြှင့်လက်ခံသွားမည့်ရက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁.၂.၂၀၂၅ (စနေနေ့)၊ ၂.၂.၂၀၂၅ (တနင်္ဂနွေနေ့)၊ ၃.၂.၂၀၂၅ (တနင်္လာနေ့)၊ ၄.၂.၂၀၂၅ (အင်္ဂါနေ့) ညနေ (၄)နာရီအထိ

အဆိုပါ လက်ခံကာလပြီးဆုံးချိန်တွင် လျှောက်ထားခွင့်ရရှိသော သင်တန်းကျောင်းများအား မှတ်ပုံတင်ကာလတွင် ဖြည့်သွင်းထားသော Email သို့ Login ID နှင့် Registration Status အား ဖေဖော်ဝါရီလ (၇) ရက်နေ့ ညနေ (၄) နာရီ နောက်ဆုံးထားပေးပို့သွားမည်ဖြစ်ပါသဖြင့် မိမိတို့၏ Email အဝင်များအား စစ်ဆေးပေးရန်လိုအပ်ပါမည်။

လျှောက်လွှာလျှောက်ထားရမည့်ကာလနှင့် ငွေပေးချေရန်နည်းလမ်းများအား ထပ်မံကြေငြာပေးသွားပါမည်။

မူလကြေငြာထားသောRegistration (မှတ်ပုံတင်ခြင်း) နှင့်ပတ်သတ်၍ အသေးစိတ်အားအောက်ဖော်ပြပါ Linkတွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။
https://www.facebook.com/share/p/15iUJXnmEx/

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

 2025-01-31
(1) ၂၆ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသော ပြိုင်ပွဲဝင်များ၏ အမည်စာရင်း ကြေညာခြင်း (2) TYCA Vol.10 Interview အောင်မြင်သူစာရင်း ကြေငြာခြင်း
visitors :      224,961