၂၀၁၉ ခုနစ် ဒီဇင်ဘာလ ၁ရက်နေ့တွင်ကျင်းပမည့် JLPT (ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ) အတွက် လျှောက်လွှာတင်ပြီး စာမေးပွဲကြေး ပေးသွင်းထားသူများအား စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား (Test Voucher) ထုတ်ပေးခြင်းကို တိုးမြှင့်ဆောင်ရွက်ပေးမည်
၂၀၁၉ ခုနစ် ဒီဇင်ဘာလ ၁ရက်နေ့တွင်ကျင်းပမည့် JLPT (ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ) အတွက် လျှောက်လွှာတင်ပြီး စာမေးပွဲကြေး ပေးသွင်းထားသူများအား စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား (Test Voucher) ထုတ်ပေးခြင်းကို ရန်ကုန် တွင် ၁၅.၉.၂၀၁၉ မှ ၄.၁၀.၂၀၁၉ အထိ ပိတ်ရက်မရှိ ထုတ်ပေးခဲ့ ပါသည်။
သို့သော် လာရောက်ထုတ်ယူခြင်း မရှိသော ကျောင်းသား/သူများ ကျန်ရှိနေပါသောကြောင့် ၁၈.၁၀.၂၀၁၉ (သောကြာနေ့)အထိ Test Voucher ထုတ်ပေးခြင်းကို တိုးမြှင့်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။(စနေ၊ တနင်္ဂနွေ နှင့် အစိုးရ ရုံးပိတ်ရက်များပိတ်ပါသည်။)
ထိုသို့ ရက်တိုးမြှင့် ထုတ်ပေးသည့်တိုင်အောင် လာရောက်ထုတ်ယူခြင်း မရှိပါက နောက်ကျကြေးအဖြစ် (၅၀၀၀ ကျပ်) ပေးသွင်းပြီး ၁၈.၁၀.၂၀၁၉ (သောကြာနေ့) နောက်ပိုင်း ရုံးချိန် အတွင်း (နံနက် ၉း၃၀ မှ ညနေ ၄း၃၀ အထိ) လာရောက် ထုတ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။(စနေ၊ တနင်္ဂနွေ နှင့် အစိုးရ ရုံးပိတ်ရက်များပိတ်ပါသည်။)
✔️Test Voucher ထုတ်ယူသည့်အခါတွင် အောက်ပါအချက်များကို သေချာစွာ စစ်ဆေးပေးကြပါရန်
၁။ ဖြေကြားလိုသည့် Level (N1 ~ N5) မှန်ကန်ရမည်။
၂။ ဖြေကြားလိုသည့် Level နှင့် ခုံနံပါတ် တူညီမှန်ကန်ရမည်။
၃။ ဖြေဆိုမည့်သူ၏ အမည် နှင့် မွေးသက္ကရာဇ် မှန်ကန်ရမည်။
၄။ သွားရောက်ဖြေကြားရမည့် Test Site ပါရှိရမည်။
‼️အထူးသတိပြုရန်
*** Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်) နှင့်မိတ္တူမူရင်း(သို့) အောက်ပါသက်သေခံကဒ်ပြားမူရင်းတခု မပါလျှင် ဖြေဆိုခွင့်မပြုပါ။
၁။ယဉ်မောင်းလိုင်စင်
၂။နိုင်ငံကူးလက်မှတ်
၃။ကျောင်းသားကဒ် (အစိုးရမူလတန်း၊အလယ်တန်း၊အထက်တန်းကျောင်းများ)
သတိပြုရန်။ ။ ကိုယ်ပိုင်ကျောင်းမှ ကျောင်းသားကဒ်လက်မခံပါ။
၄။ကျောင်းသားကဒ် (အစိုးရတက္ကသိုလ်၊ကောလိပ်များ)
သတိပြုရန်။ ။ ကိုယ်ပိုင်ကျောင်းမှ ကျောင်းသားကဒ်လက်မခံပါ။
၅။မွေးစာရင်း (အသက်၁၀နှစ်အောက်လျှောက်ထားမည့်သူများ)