Myanmar Association of Japan Alumni ( MAJA )

မန္တလေးစာဖြေဌာနတွင် ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (JLPT) စာမေးပွဲအား ဖြေဆိုမည့် နေရာပြောင်းရွေ့ခြင်း


မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်သဘာဝဘေးအန္တရာယ်ကြောင့် မန္တလေးမြို့အတွင်းရှိ JLPT စာဖြေဌာနများအဖြစ် အသုံးပြုမည့် တက္ကသိုလ်နှင့် ကျောင်းများတွင်လည်း ပျက်စီးဆုံးရှုံးမှုများ ကြီးမားခဲ့ပါသည်။

မန္တလေးစာဖြေဌာနများရှိ ငလျင်ဒဏ်သင့်ခဲ့သည့် အဆောက်အဦများ ပြန်လည်စစ်ဆေးခြင်းနှင့် ပြင်ဆင်ခြင်းများအတွက် အချိန်ကြာမြင့်မည် ဖြစ်ပါသောကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် စာမေးပွဲအား ကျင်းပပြုလုပ်ရန် အခက်အခဲများ ရှိသည့်အတွက် မန္တလေးစာဖြေဌာနအတွက် လျှောက်ထားခဲ့သည့် စာဖြေသူများအား  ရန်ကုန်စာဖြေဌာနတွင် ပြောင်းရွှေ့ဖြေဆိုနိုင်ရန် စီစဉ်သွားမည် ဖြစ်ပါသည်။ Level အားလုံး ရန်ကုန်မြို့တွင် ပြောင်းလဲ‌ ဖြေဆိုသွားရမည် ဖြစ်ပါသည်။

မန္တလေးစာဖြေဌာနတွင် လျှောက်ထားသူများအနေဖြင့် ရန်ကုန်စာဖြေဌာနတွင် ပြောင်းရွှေ့ဖြေဆိုလိုခြင်းမရှိပါက စာမေးပွဲလျှောက်ထားမှုအားပယ်ဖျက်(Cancel)၍စာမေးပွဲကြေးအားပြန်လည်ထုတ်ယူရန်လျှောက်ထားနိုင်ပါသည်။

စာမေးပွဲလျှောက်ထားမှုအား ပယ်ဖျက်လိုသော စာဖြေသူများအနေဖြင့် အောက်ဖော်ပြပါ Google Form မှ တဆင့်  ၂၀၂၅ ဧပြီလ ၂၅ ရက်နေ့ မှ ၂၀၂၅ မေလ ၁၂ ရက်နေ့ (ညနေ ၄ နာရီ) အတွင်း စာရင်းပေးသွင်းရမည် ဖြစ်ပါသည်။
(စာမေးပွဲကြေး ပြန်လည်လွှဲပေးသွားမည့်ရက်အားထပ်မံကြေငြာပေးပါမည်။)
 
Google Form Link >> https://forms.gle/qQP81DXtFtu9prf97

အဆိုပါကာလအတွင်း Google Form တွင် ပယ်ဖျက်စာရင်းပေးသွင်းထားခြင်းမရှိပါက ရန်ကုန်စာဖြေဌာနတွင် ပြောင်းရွှေ့ဖြေဆိုမည့် စာဖြေသူများအဖြစ် စာရင်းသွင်းသတ်မှတ်သွားမည် ဖြစ်ပါသည်။
(ရန်ကုန်စာဖြေဌာနတွင် ပြောင်းရွှေ့ဖြေဆိုမည့်သူများအနေဖြင့် Google Form တွင် ဖြည့်သွင်းရန်မလိုပါ။)

ရန်ကုန်စာဖြေဌာနသို့ ပြောင်းလဲဖြေဆိုသူများအတွက် စာဖြေဌာနနေရာများနှင့် ပတ်သက်၍  အသေးစိတ်ထပ်မံ ကြေညာပေးသွားပါမည် ဖြစ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2025-04-25
(1) ၂၆ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသော ပြိုင်ပွဲဝင်များ၏ အမည်စာရင်း ကြေညာခြင်း (2) TYCA Vol.10 Interview အောင်မြင်သူစာရင်း ကြေငြာခြင်း
visitors :      224,972