၂၀၂၅ ခုနှစ်၊ ဇူလိုင်လ JLPT စာမေးပွဲအတွက် စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Manual Test Voucher) ထုတ်ယူရန် ကြေငြာခြင်း (ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် (၁၀)နှစ်အောက် လျှောက်ထားသူများ)
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ JLPT စာမေးပွဲအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Manual Test Voucher) များအား အောက်ပါအတိုင်းထုတ်ယူနိုင်မည် ဖြစ်ကြောင်းအသိပေးကြေငြာအပ်ပါသည်။
လျှောက်လွှာတင်စဉ်က မိမိလက်ခံရရှိခဲ့သည့် ဘောက်ချာနှင့်တကွ အောက်ပါရက်များအတွင်း လာရောက် ထုတ်ယူနိုင်ပါသည်။
ရန်ကုန်စာဖြေဌာန
နေ့ရက် - ၂.၆.၂၀၂၅ (တနင်္လာနေ့) မှ ၄.၆.၂၀၂၅ (ဗုဒ္ဓဟူးနေ့)
အချိန် - နံနက် ၉း၀၀ နာရီ မှ နေ့လည် ၃း၀၀ နာရီ အထိ
နေရာ - JLPT Centre
အမှတ်(၂ဘီ-၃)၊ နှင်းဥယျာဥ်အိမ်ရာ ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။
မန္တလေးစာဖြေဌာန
နေ့ရက် - ၂.၆.၂၀၂၅ (တနင်္လာနေ့) မှ ၄.၆.၂၀၂၅ (ဗုဒ္ဓဟူးနေ့)
အချိန် - နံနက် ၉း၀၀ နာရီ မှ နေ့လည် ၃း၀၀ နာရီ အထိ
နေရာ - ၆၈ လမ်း၊ ၂၆လမ်းနှင့် ၂၇ လမ်းကြား၊ ချမ်းအေးသာစံ မြို့နယ်၊ မန္တလေး။ (Mandalay Swan Hotel အပြင်ဘက်ဘေးဘက်ခြမ်း)
မှတ်ချက်။
မန္တလေးစာဖြေဌာနအတွက် လျှောက်ထားခဲ့သည့် စာဖြေသူများအား Level အားလုံး ရန်ကုန်မြို့တွင် ပြောင်းလဲ ဖြေဆိုသွားရမည်ဖြစ်ကြောင်း နှင့် ရန်ကုန်စာဖြေဌာနတွင် ပြောင်းရွှေ့ဖြေဆိုလိုခြင်းမရှိပါက စာမေးပွဲလျှောက်ထားမှုအား ပယ်ဖျက်(Cancel)၍ စာမေးပွဲကြေးအား ပြန်လည်ထုတ်ယူနိုင်ပါကြောင်း ကြေငြာထားပြီး ဖြစ်ပါသည်။ အဆိုပါ လျှောက်ထားသူများအတွက် စာမေးပွဲကြေးပြန်လည်ထုတ်ပေးမည့် အသေးစိတ်အား ထပ်မံကြေငြာပေးသွားမည် ဖြစ်ပါသည်။
“မန္တလေးစာဖြေဌာနတွင် ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (JLPT) စာမေးပွဲအား ဖြေဆိုမည့် နေရာပြောင်းရွေ့ခြင်း။”
ကြေငြာချက်Link >> https://www.facebook.com/share/p/1CYnppKYUA/?mibextid=wwXIfr
ရန်ကုန်စာဖြေဌာနသို့ပြောင်းရွှေ့ဖြေဆိုမည့် စာဖြေသူများ၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Manual Test Voucher) များသည် မူလမန္တလေးစာဖြေဌာန လိပ်စာများဖြင့်သာ ထွက်ရှိမည်ဖြစ်ပြီး အမှန်တကယ် သွားရောက်ဖြေဆိုရမည့် ရန်ကုန်မြို့ရှိစာဖြေဌာနလိပ်စာများအား ၁၆.၆.၂၀၂၅ ရက်နေ့တွင် MAJA ၏ Facebook page မှတဆင့် ကြေငြာပေးသွားမည်ဖြစ်ပါသည်။
(စာမေးပွဲလျှောက်ထားမှုအား ပယ်ဖျက်(Cancel) လျှောက်ထားသော စာဖြေသူများ၏ စာမေးပွဲဖြေဆိုခွင့် လက်မှတ်များအား ထုတ်ယူနိုင်မည်မဟုတ်ပါ။)
စာမေးပွဲဖြေဆိုခွင့်ကတ် (Manual Test Voucher) ထုတ်ယူသူများ အထူးစစ်ဆေးရန်
၁။ ဖြေကြားလိုသည့် level (N1, N2, N3, N4, N5) မှန်ကန်ရမည်။
၂။ ဖြေကြားလိုသည့် level နှင့် ခုံနံပါတ် တူညီမှန်ကန်ရမည်။
၃။ ဖြေဆိုမည့်သူ၏ အမည်နှင့် မွေးသက္ကရာဇ် မှန်ကန်ရမည်။
၄။ သွားရောက်ဖြေကြားမည့် Test Site ပါရှိရမည်။
၅။ Level အလိုက်ဖြေဆိုရမည့် အချိန်မှန်ကန်ကြောင်းစစ်ဆေးပါ။ (N1, N2 Level-8 AM / N3,N4,N5 Level-10 AM)
စာမေးပွဲဖြေဆိုရမည့်နေ့တွင် ယခု Manual Test Voucher (စာမေးပွဲဖြေဆိုခွင့်ကတ်) Print စာရွက်နှင့်အတူ အောက်ပါ သက်သေခံကတ် (မူရင်း) တစ်ခုခု မပါရှိလျှင် “စာမေးပွဲဖြေဆိုခွင့် မပြုပါ။”
(၁) မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်။)
(၂) သက်တမ်းရှိ နိုင်ငံကူးလက်မှတ်
(၃) သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (အမည် နှင့် မွေးသက္ကရာဇ် မပါသောလိုင်စင်များ အကျုံးမဝင်ပါ)
(၄) မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ အကျုံးဝင်ပါသည်။)
(၅) သာသနာဝင်စိစစ်ရေးကတ်ပြား၊ သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြား (ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များအတွက်သာ အကျုံးဝင်ပါသည်။)
အသေးစိတ်သိရှိလိုသည်များကို (ရန်ကုန်ရုံး- ၀၁-၇၅၇ ၁၀ ၁၅ နှင့် မန္တလေးရုံး - ၀၉-၂၅၅ ၁၆၂ ၅၃၃) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း