Myanmar Association of Japan Alumni ( MAJA )

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ JLPT စာမေးပွဲအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Online Test Voucher) ထုတ်ယူရန် ကြေငြာခြင်း (Individual and School Online Application)


၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စာမေးပွဲအတွက် Online မှ လျှောက်ထားသူများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှ စတင်၍ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Online Test Voucher) အား အောက်ပါအတိုင်း ထုတ်ယူနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
စာမေးပွဲဖြေဆိုသည့်နေ့တွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Online Test Voucher) အား Color Print ထုတ်၍ ယူဆောင် လာရမည် ဖြစ်ပါသည်။ (ဖုန်းဖြင့်ပြသ၍မရပါ။)

စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Online Test Voucher) ဝင်ရောက်ထုတ်ယူရမည့် Website Link
Individual - https://jlpt-maja.org.mm/
School - http://schoolform.jlpt-maja.org.mm

Online Test Voucher ထုတ်ယူပုံ အဆင့်ဆင့်အား အောက်ဖော်ပြပါပုံများတွင်ကြည့်ရှုနိုင်ပါသည်။

Online Test Voucher တွင် စာမျက်နှာ ၃ မျက်နှာ ပါဝင်ပါသည်။
စာမျက်နှာ ၁ - Online Test Voucher (ခုံနံပါတ်၊ ဖြေဆိုရမည့်ရက်၊ အချိန် နှင့် နေရာ ပါဝင်ပါသည်။)
စာမျက်နှာ ၂ - စာမေးပွဲစည်းကမ်းများ
စာမျက်နှာ ၃ - စာမေးပွဲဖြေဆိုရမည့်နေရာပြမြေပုံ
စာမေးပွဲလာရောက်ဖြေဆိုသည့်နေ့တွင် အဆိုပါ စာမျက်နှာလုံး (၃) ခုလုံး color Print ထုတ်၍ ယူဆောင်လာရန် လိုအပ်ပါသည်။

Application Form (Form C) စာရွက်ကိုလဲသိမ်းဆည်းထားရန်လိုအပ်ပါသည်။
Online result ကြည့်ရှုရာတွင် Form C တွင် ဖြည့်သွင်းထားခဲ့သော Passcode 8လုံးအား ထည့်သွင်းကြည့်ရှုရပါမည်။

Online Test Voucher ထုတ်ရန် မိမိတို့၏ Login ID အား မှတ်သားထားခြင်း မရှိပါက Online Application Website တွင်၊ "Login" > "Forget Password & Login ID" သို့ ဝင်ရောက်ပြီး၊ မိမိ၏ Email Address အားထည့်သွင်းကာ "Show Login ID" ကို နှိပ်ပြီး Login ID ကို ရယူနိုင်ပါသည်။

မှတ်ချက်။
မန္တလေးစာဖြေဌာနအတွက် လျှောက်ထားခဲ့သည့် စာဖြေသူများအား Level အားလုံး ရန်ကုန်မြို့တွင် ပြောင်းလဲ‌ ဖြေဆိုသွားရမည်ဖြစ်ကြောင်း နှင့် ရန်ကုန်စာဖြေဌာနတွင် ပြောင်းရွှေ့ဖြေဆိုလိုခြင်းမရှိပါက စာမေးပွဲလျှောက်ထားမှုအား ပယ်ဖျက်(Cancel)၍ စာမေးပွဲကြေးအား ပြန်လည်ထုတ်ယူနိုင်ပါကြောင်း ကြေငြာထားပြီး ဖြစ်ပါသည်။ အဆိုပါ လျှောက်ထားသူများအတွက် စာမေးပွဲကြေးပြန်လည်ထုတ်ပေးမည့် အသေးစိတ်အား ထပ်မံကြေငြာပေးသွားမည် ဖြစ်ပါသည်။

“မန္တလေးစာဖြေဌာနတွင် ကျင်းပပြုလုပ်မည့်  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (JLPT) စာမေးပွဲအား ဖြေဆိုမည့် နေရာပြောင်းရွေ့ခြင်း။”
ကြေငြာချက်Link >> https://www.facebook.com/share/p/1CYnppKYUA/?mibextid=wwXIfr

ရန်ကုန်စာဖြေဌာနသို့ပြောင်းရွှေ့ဖြေဆိုမည့် စာဖြေသူများ၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Manual Test Voucher) များသည် မူလမန္တလေးစာဖြေဌာန လိပ်စာများဖြင့်သာ ထွက်ရှိမည်ဖြစ်ပြီး အမှန်တကယ် သွားရောက်ဖြေဆိုရမည့် ရန်ကုန်မြို့ရှိ စာဖြေဌာနလိပ်စာများအား ၁၆.၆.၂၀၂၅ ရက်နေ့တွင် MAJA ၏ Facebook page မှတဆင့် ကြေငြာပေးသွားမည်ဖြစ်ပါသည်
(စာမေးပွဲလျှောက်ထားမှုအား ပယ်ဖျက်(Cancel) လျှောက်ထားသော စာဖြေသူများ၏ စာမေးပွဲဖြေဆိုခွင့် လက်မှတ်များအား ထုတ်ယူနိုင်မည်မဟုတ်ပါ။)

စာမေးပွဲဖြေဆိုရမည့်နေ့တွင် ယခု Online Test Voucher (စာမေးပွဲဖြေဆိုခွင့်ကတ်) Print စာရွက်နှင့်အတူ အောက်ပါ သက်သေခံကတ် (မူရင်း) တစ်ခုခု မပါရှိလျှင် “စာမေးပွဲဖြေဆိုခွင့် မပြုပါ။”

(၁) မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်။)
(၂) သက်တမ်းရှိ နိုင်ငံကူးလက်မှတ်
(၃) သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (အမည် နှင့် မွေးသက္ကရာဇ် မပါသောလိုင်စင်များ အကျုံးမဝင်ပါ)
(၄) မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ အကျုံးဝင်ပါသည်။)
(၅) သာသနာဝင်စိစစ်ရေးကတ်ပြား၊ သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြား (ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များအတွက်သာ အကျုံးဝင်ပါသည်။)
အသေးစိတ်သိရှိလိုသည်များကို (ရန်ကုန်ရုံး- ၀၁-၇၅၇ ၁၀ ၁၅ နှင့် မန္တလေးရုံး - ၀၉-၂၅၅ ၁၆၂ ၅၃၃) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း


 2025-05-26
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,718