Myanmar Association of Japan Alumni ( MAJA )

၂၀၂၅ ခုနှစ် JLPT စာမေးပွဲ၏ ဖြေဆိုချိန် ပြောင်းလဲမှု အပါအဝင် ထပ်တိုးစည်းကမ်းချက်နှင့် ပတ်သက်၍


၂၀၂၅ ခုနှစ် JLPT စာမေးပွဲ၏ ဖြေဆိုချိန် ပြောင်းလဲမှုနှင့် ပတ်သက်၍ Japan Foundation, JLPT Test Center မှ အကြောင်းကြားချက်အရ level အလိုက်ဖြေဆိုချိန်အား အောက်ဖော်ပြပါအတိုင်း ထပ်မံအသိပေးကြေငြာအပ်ပါသည်။
(စည်းကမ်းချက်အသစ်ကြေငြာချက်များအား JLPT Official Website တွင်လည်းလေ့လာနိုင်ပါသည်။ “https://www.jlpt.jp/e/topics/202503141741917146.html”

၂၀၂၅ ခုနှစ် JLPT စာမေးပွဲမှစတင်၍ ကျောင်းပရဝုဏ်အတွင်း စာမေးပွဲချိန်နှင့် အနားပေးချိန်များအပါအဝင် စာမေးပွဲပြီးဆုံးသည်အထိ လက်ကိုင်ဖုန်းများ နှင့် အခြားဓာတ်ပုံရိုက်ကူးနိုင်ပြီး ဆက်သွယ်ရေးလုပ်ငန်းများ ပါဝင်သည့်ကိရိယာများအားလုံးကို သုံးစွဲခွင့်မပြုပါ။ စာမေးပွဲခန်းအတွင်း သို့မဟုတ် အနားပေးချိန်များအတွင်း လက်ကိုင်ဖုန်းကို အသုံးပြုသည့် စာမေးပွဲဖြေဆိုသူများရှိပါက မသမာသူ (Misconduct)အဖြစ်သတ်မှတ်ပါမည်။

မဖြစ်မနေလက်ကိုင်ဖုန်းကိုအရေးပေါ်သုံးစွဲရန်လိုအပ်လာပါက အခန်းစောင့်ဆရာ/ဆရာမထံသို့ အကြောင်းကြား ရမည်ဖြစ်ပြီး စာဖြေဌာနခေါင်းဆောင်၏ ခွင့်ပြုချက် ရရှိမှသာ ရုံးခန်းအတွင်းသွားရောက်အသုံးပြုရမည်ဖြစ်ပါသည်။

ယခုနှစ်မှစတင်ပြောင်းလဲလာသော စည်းကမ်းချက်အရ တယ်လီဖုန်းယူဆောင်လာခြင်းကြောင့် မသမာသူ (Misconduct) ဖြစ်နိုင်ချေနှုန်း မြင့်မားပါသဖြင့် ယူဆောင်လာခြင်းမပြုရန် အထူးတိုက်တွန်းပါသည်။

မဖြစ်မနေ ယူဆောင်လာရမည်ဆိုပါက အောက်ပါအတိုင်း လုပ်ဆောင်ပါ။
၁။ နှိုးစက် (Alarm) Setting များအား ပိတ်ပါ။
၂။ ဖုန်းအား စက်ပိတ်ပါ။ (Vibration Mood, Silent Mood, Airplane Mood များ ပြုလုပ်ထားခြင်းအား ခွင့်မပြုပါ။)
၃။ မိမိ၏ test voucher အား ပြသ၍ ကြီးကြပ်ရေးမှူးထံသို့အပ်နှံပါ။
၄။ စာဖြေချိန် တချိန်နှင့်တချိန်ကြား ဖုန်းအသုံးပြုခွင့်မရှိပါ။
၅။ စာဖြေချိန်အားလုံးပြီးချိန်တွင် မိမိ၏ test voucher အား ပြသ၍ ကြီးကြပ်ရေးမှူးထံမှ ပြန်လည်ထုတ်ယူပါ။
(ယူဆောင်လာသည့် တယ်လီဖုန်းများ ပျက်စီး/ပျောက်ဆုံးခြင်းနှင့် ပတ်သတ်၍ လုံးဝ တာဝန်ယူမည်မဟုတ်ပါ)

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း


 2025-06-20
၂၇ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲ နောက်ဆုံးအဆင့်တွင်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသော ပြိုင်ပွဲဝင်များ၏ အမည်စာရင်း ကြေညာခြင်း
visitors :      316,577