Myanmar Association of Japan Alumni ( MAJA )

ရန်ကုန် နှင့် မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ JLPT 2018 December


ရန်ကုန် နှင့် မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ
JLPT 2018 December

 


ဒီဇင်ဘာလ၂ရက်နေ့ရန်ကုန်နှင့်မန္တလေးမြို့တွင်ကျင်းပပြုလုပ်မည့်ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲအတွက်လျှောက်လွှာများ ကိုအောက်ပါအစီအစဉ်အတိုင်း လက်ခံသွားပါမည်။
**လျှောက်လွှာလက်ခံမည့် နေရာများ အပြောင်းအလဲရှိသည်ကို သတိပြုစေလိုပါသည်။**

ရန်ကုန် -MAJA Education Center 
အမှတ် ၆၆/A၊ သူရလမ်း၊ (၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။ (ပုဏ္ဏမီမှတ်တိုင်)
ဖုန်း- 09 962751373 , 09 262602121

မန္တလေး - MAJA Office ( Mandalay Branch) 
1st Floor, MABA, Water Street, Block-1, Unit 6, Mingalar Mandalay, Chan Mya Thar Si Township, Mandalay.
ဖုန်း - 09 255162533

၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက် (တနင်္ဂနွေနေ့)


၂။ စာမေးပွဲကျင်းပမည့် နေရာ
ရန်ကုန်မြို့ နှင့် မန္တလေးမြို့။

၃။ လျှောက်လွှာအရောင်းကာလ (ရန်ကုန်)
၂၀.၈.၂၀၁၈ (တနင်္လာနေ့) မှ ၂၄.၈.၂၀၁၈ (သောကြာနေ့)   


လျှောက်လွှာလက်ခံကာလ (ရန်ကုန်)
N1,N2,N3 -၂၅.၈.၂၀၁၈ (စနေနေ့) မှ ၂၇.၈.၂၀၁၈ (တနင်္လာနေ့)
N4 -၂၈.၈.၂၀၁၈ (အင်္ဂါနေ့) မှ ၃၁.၈.၂၀၁၈ (သောကြာနေ့)  
N5 - ၁.၉.၂၀၁၈ (စနေနေ့) မှ ၅.၉.၂၀၁၈ (ဗုဒ္ဓဟူးနေ့)


Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ပြန်ထုတ်ကာလ (ရန်ကုန်)
၇.၉.၂၀၁၈ (သောကြာနေ့) မှ ၂၁.၉.၂၀၁၈ (သောကြာနေ့)

နေရာ - MAJA Education Center 
အမှတ် ၆၆/A၊ သူရလမ်း၊ (၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။ (ပုဏ္ဏမီမှတ်တိုင်)
ဖုန်း- 09 962751373  , 09 262602121

၄။ လျှောက်လွှာအရောင်းကာလ (မန္တလေး)
၂၅.၈.၂၀၁၈ (စနေနေ့) မှ ၃၀.၈.၂၀၁၈ (ကြာသပတေးနေ့)
လျှောက်လွှာလက်ခံခြင်း နှင့် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား ပြန်လည်ထုတ်ယူခြင်းကာလ (မန္တလေး)
၃၀.၈.၂၀၁၈ (ကြာသပတေးနေ့) မှ ၃.၉.၂၀၁၈ (တနင်္လာနေ့)
နေရာ-  MAJA Office ( Mandalay Branch)
1st Floor, MABA, Water Street, Block-1, Unit 6, Mingalar Mandalay, Chan Mya Thar Si Township, Mandalay.
ဖုန်း - 09 255162533
၅။ လျှောက်လွှာကြေး - တစ်စောင် = 1000 Ks
၆။ **၂၀၁၈ ခုနှစ်မှစ၍စာမေးပွဲကြေးများအပြောင်းအလဲရှိပါသည်။**
စာမေးပွဲကြေး  -N 1, N2, N3     - 25000 Ks
N4, N5         - 20000 Ks


-------------------------------------------------------------------------------------------------------

လျှောက်လွှာလက်ခံမည့် နည်းလမ်းများ


၁။ လူကိုယ်တိုင်လာရောက်လျှောက်ထားခြင်း။
အထက်ဖော်ပြပါနေရာများတွင် လျှောက်လွှာတစ်စောင် (၁၀၀၀ ကျပ်) ဖြင့်ရယူပြီး လိုအပ်သည့်အချက်အလက်များ ပြည့်စုံစွာဖြည့်သွင်း၍ မှတ်ပုံတင်မိတ္တူ နှင့် အတူ လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါသည်။
မှတ်ချက်။ ။ ကျောင်းမှတာဝန်ခံ၍ မိမိကျောင်းသားများအတွက် စုစည်းပြီးလာရောက်လျှောက်ထားပါက ဖြေဆိုမည့်ကျောင်းသား/ သူများ ၏အမည်၊ မွေးသက္ကရာဇ်တို့ကို N1,N2,N3,N4,N5 Level ခွဲခြား၍ စာရင်းပြုစုထားသောစာရွက် နှင့်အတူမှတ်ပုံတင်မိတ္တူပါ ပူးတွဲ တင်ပေးရပါမည်။
၂။ E-mail ဖြင့်လျှောက်ထားခြင်း။
(က) လျှောက်လွှာများကို မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း  Website Link https://www.ascoja-maja.org.mm/frontend/ JLPT မှ အခမဲ့ Download ရယူပြီး Computer ဖြင့် လိုအပ်သည့်အချက်အလက်များ ဖြည့်သွင်းပြီးလျှောက်လွှာနှင့် မှတ်ပုံတင် မိတ္တူ ကို Attachment တွဲပြီး ပေးပို့လျှောက်ထားပါ။ ရန်ကုန်တွင် လျှောက်လွှာတင် ပြီးရန်ကုန်တွင်ဖြေဆို မည့်သူများ  majamyn.yangon@ gmail. com  သို့ပေးပို့လျှောက်ထားပါ။ မန္တလေးတွင် လျှောက်လွှာတင်ပြီး မန္တလေးတွင် ဖြေဆိုမည့်သူများmajamyn. mandalay@gmail.com သို့ပေး ပို့လျှောက်ထားပါ။ လျှောက်လွှာလက်ခံ ရရှိ သည့် အကြောင်းကြားစာရပြီးလျှင်အထက်ဖော်ပြ ပါလျှောက်လွှာလက်ခံသည့်နေရာများသို့ လျှောက်လွှာလက်ခံကာလအတွင်း စာမေးပွဲကြေးပေး သွင်းပြီး လျှောက်ထားပါ။ (စာမေးပွဲကြေးကို အထက်ပါလျှောက်လွှာ လက်ခံမည့်နေ ရာများတွင် ပေးသွင်းပြီးမှသာ ခုံနံပါတ် ရရှိမည်ဖြစ်ပါသည်။)

(ခ) လျှောက်ထားပြီး ၂၄ နာရီအတွင်း Reply မရပါကတိုက်ရိုက်ဖုန်းဆက်ပြီးဆက်သွယ်ပါ။

၃။ ရန်ကုန်မြို့တွင် လျှောက်ထားသောသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကို အထက်ဖော်ပြပါသတ်မှတ်ရက် အတွင်းသာ ပြန်လည်ထုတ်ယူရပါမည်။
၄။ မန္တလေးမြို့တွင် လျှောက်ထားသောသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကိုလျှောက်လွှာလက်ခံကာလအတွင်းတစ်ပါ တည်းပြန်လည်ထုတ်ယူနိုင်ပါမည်။

v.      အသေးစိတ်သိရှိလိုသည်များကို MAJA Website တွင် ဝင်ရောက်ကြည့်ရှူနိုင်ပါသည်။

https://www.ascoja-maja.org.mm/frontend/JLPT

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ နှင့် ပါတ်သက်၍ အသေးစိတ်သိရှိလိုပါက
ဖုန်း- ၀၉ ၉၆၂၇၅၁၃၇၃ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
 

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

 2019-09-05
၂၁ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲအတွက် ပဏာမအဆင့် ရွေးချယ်ခံရသူများ၏ အမည်စာရင်းထုတ်ပြန်ခြင်းနှင့် ပြိုင်ပွဲကျင်းပမည့်ရက်အား ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခြင်း
visitors :      50,192