Myanmar Association of Japan Alumni ( MAJA )

၂၀၂၅ ခုနှစ်၊ ဇူလိုင်လJLPT စာမေးပွဲအတွက် နာမည်၊ မွေးသက္ကရာဇ် အမှားပြင်ဆင်လိုသူများနှင့်ပတ်သတ်၍


နာမည်၊ မွေးသက္ကရာဇ် ပြင်ဆင်လိုသူများအနေဖြင့် ဇူလိုင်လ(၆)ရက် စာမေးပွဲဖြေဆိုသည့်နေ့ စာမေးပွဲ section အားလုံးဖြေပြီးချိန်တွင် ဖြေဆိုရမည့် Test Site ရှိ Office မှ သတ်မှတ်ထားသော နေရာတွင် စာဖြေသူကိုယ်တိုင် သွားရောက်ပြင်ဆင်ရပါမည်။

လိုအပ်သည့်အချက်များ
၁. Test Voucher မူရင်း
၂. သက်သေခံကဒ်ပြား မူရင်း (Passport, Driving License ကားလိုင်စင်အမျိုးအစား B, C, D, E , နိုင်ငံသားသက်သေခံကဒ်)
စာမေးပွဲနေ့ ပြင်ဆင်ရန်သတ်မှတ်ထားသည့်ရုံးခန်းတွင် အောက်ပါနမူနာဇယားပုံစံအတိုင်းဖြည့်သွင်း၍ပြင်ဆင်လျှောက်ထားရမည်။

မှတ်ချက်
၁။ အမှားပြင်ဆင်သည့်ဖောင်တွင်အချက်အလက်များအားလုံးကို စာဖြေသူကိုယ်တိုင် ဖြည့်သွင်းရေးသားရမည်။
၂။ အမည်နှင့် မွေးသက္ကရာဇ်အနက်မှ တစ်မျိုးသာလျှင် ပြင်ဆင်ခွင့်ရှိပါသည်။ သက်သေခံကဒ်နှင့် Test Voucher တွင် ပါရှိသည့် အမည်၊ မွေးသက္ကရာဇ် များ လုံးဝကွဲလွဲနေပါက ပြင်ဆင်ခွင့်မရနိုင်ပါ။
၃။ အမှားပြင်ဆင်လိုသူသည် အမည်စာလုံးပေါင်းမှားယွင်းမှုမရှိစေရန် Passport, ဘွဲ့လက်မှတ် များတွင် အသုံးပြုသည့်အတိုင်း သေချာစွာဖြည့်သွင်းပေးပါ။
၄။ အမှားပြင်ဆင်ခြင်းအားစာမေးပွဲဖြေဆိုသည့်နေ့ (၆.၇.၂၀၂၅) တွင်သာ လက်ခံမည်ဖြစ်ပြီး၊ အောင်လက်မှတ် ထွက်ရှိမည့် ကာလအထိ အမှားပြင်ဆင်ခြင်း လျှောက်ထားမှု အား လက်မခံပါ။
၅။  အောင်လက်မှတ်ထွက်ရှိပြီးနောက်ပိုင်းမှ အမှားပြင်ဆင်ရန် လျှောက်ထားသူများသည် ပြင်ဆင်ခြင်းအတွက် ၂လမှ ၆လအထိ ကြာမြင့်မည် ဖြစ်ပြီး၊ အမှားပြင်ဆင်ခြင်း လျှောက်ထားသူဦးရေ များပြားသည့်အပေါ်တွင် မူတည်၍ ပိုမိုကြာမြင့်ခြင်းရှိနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
၆။ အောင်လက်မှတ်တခုအား  တကြိမ်သာ ပြန်လည်ပြင်ဆင်ရန် လျှောက်ထားနိုင်ပြီး လျှောက်ထားသည့် အခါတွင်လည်း စာမေးပွဲနေ့မှစတင်၍ တစ်နှစ်အတွင်း အကြုံး ဝင်သော အောင်လက်မှတ်များသာ ပြင်ဆင်ခွင့်ရှိပါသဖြင့် မိမိပြင်ဆင်လိုသည်အား သေချာစွာ စစ်ဆေးလျှောက်ထားရန် လိုအပ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2025-06-25
၂၀၂၇ ခုနှစ်၊ (၄) လပိုင်း အတွက် ခေါ်ယူမည့် သတင်းစာ စကော်လားရှစ် (2027 April Intake - ASAHI Shimbun Scholarship)
visitors :      283,427