Myanmar Association of Japan Alumni ( MAJA )

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် မှတ်ပုံတင်လျှောက်ထား ခြင်း နှင့် ပတ်သက်၍ (တစ်ဦးချင်း)


၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲအတွက် တစ်ဦးချင်းအနေဖြင့် Online မှ လျှောက်လွှာတင်မည့် စာဖြေသူများသည် လျှောက်လွှာမတင်မီ အချက်အလက်များ ကြိုတင်ဖြည့်သွင်းထားရန် လိုအပ်ပါသည်။

Registration ကို ၂၈.၇.၂၀၂၅ ရက်နေ့ မနက် (၉)နာရီ မှစတင်၍ ပြုလုပ်နိုင်မည် ဖြစ်ပြီး၊ လျှောက်လွှာ လက်ခံနေသည့် ကာလတလျှောက်တွင်လည်း Registration ပြုလုပ်နေနိုင်ပါသည်။

လျှောက်လွှာလက်ခံမည့်ရက်နှင့် ပတ်သက်၍ ထပ်မံကြေငြာ သွားမည်ဖြစ်ပါသည်။

လုပ်ဆောင်ပုံအဆင့်ဆင့်အားကြည့်ရှုရန်
https://drive.google.com/file/d/1-0S516tNNIN-2uzFw7O6Xfzaz5RTW-gG/view?usp=drive_link

-ယခင် စာမေးပွဲများတွင် Registration ပြုလုပ်ထားပြီး စာမေးပွဲဖြေဆိုခွင့်ရရှိထားပြီးသူများအနေဖြင့် Registration ပြန်လည်လျှောက်ထားရန် မလိုအပ်ပါ။ အကယ်၍ ယခင်အကောင့်တွင် အချက်အလက်များ မှားယွင်းနေပါက လျှောက်လွှာဖောင် စတင်မည့်ရက်မတိုင်ခင်အထိ “အသုံးပြုသူအချက်အလက်” အားနှိပ်၍ ပြန်လည်ပြင်ဆင်ပြီး အသုံးပြုနိုင်ပါသည်။

- အီးမေးလ်(Email) လိပ်စာ တခုလျှင် Registration ပြုလုပ်ခြင်း နှင့် လျှောက်လွှာတင်ခြင်း တစ်ကြိမ်သာ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ (ဆိုလိုသည်မှာ Registration ပြုလုပ်ထားသော Login ID တခုလျှင် လျှောက်လွှာ တစ်စောင်သာ တင်ခွင့်ရမည်ဖြစ်သည်။)

- အမည်စာလုံးပေါင်းနှင့် မွေးသက္ကရာဇ်များအားမှန်ကန်စွာဖြည့်သွင်းပါ။ မှားယွင်းဖြည့်သွင်းမိပါက Online Application တင်ပြီးနောက် သတ်မှတ်ထားသည့် အမှားပြင်ကာလအတွင်း ပြန်လည်ပြင်ဆင်နိုင်ပါသော်လည်း အတည်ပြုမှုရရှိရန် (၃) ရက်တာ ကြာမြှင့်မည် ဖြစ်ပါသည်။ သက်သေခံကတ်ပြားနှင့် မတူညီသော အမည်‌၊ မွေးသက္ကရာဇ်များသို့ ပြင်ဆင်ခွင့် ပြုမည် မဟုတ်ပါ။ မိမိတို့၏ အမည်များသည်မှတ်ပုံတင်တွင် အမည်နှစ်မျိုးပါရှိနေပါက @ သင်္ကေတခံကာ ထည့်သွင်းရမည် ဖြစ်ပါသည်။ (Eg. PHYU PHYU @ PHYU PHWAY)

-  Registration ပြုလုပ်ရာတွင် ဖြည့်သွင်းခဲ့သော Email၊ login စကားဝှက် နှင့် အချက်အလက် တို့ကို မေ့လျော့ခြင်းမရှိစေရန် ဂရုပြုရပါမည်။

Registration အချက်အလက် ဖြည့်သွင်းရာတွင် ကာယကံရှင်ကိုယ်တိုင် ဖြည့်သွင်းရပါမည်။ အကယ်၍ အခြားသူများမှ ကိုယ်စားလုပ်ဆောင်ပေးပြီ အမှားတစ်စုံတစ်ရာ ပေါ်ပေါက်ပါက ကာယကံရှင်တာဝန် သာဖြစ်သည်။

Registration (မှတ်ပုံတင်ခြင်း)အတွက် အောက်ပါအချက်များအား ကြိုတင်ပြင်ဆင် ထားရမည်။

(၁) JLPT Online Form မှတ်ပုံတင်လျှောက်ထားသူသည် အသက်(၁၀)နှစ် နှင့်အထက် နိုင်ငံသား    သက်သေခံကတ်ပြား ရှိသူဖြစ်ရမည်။

(၂) လျှောက်ထားသူ ၏ ကိုယ်ပိုင် Email အ‌ကောင့် တစ်ခုရှိရမည်။

(၃) လျှောက်ထားသူ ၏ ကာလာဓါတ်ပုံ (Image File) JPEG or PNG

    (အလှဓါတ်ပုံ၊မျက်နှာမပေါ်လွင်သောပုံ၊ဝါးနေ‌ခြင်း၊ဘေးတစောင်းဖြစ်နေခြင်း၊ ပုံဆိုဒ်သေးလွန်းခြင်း၊ ဖုန်းဖြင့်ပြန်လည်ရိုက်ကူးထားခြင်း၊AI နည်းပညာဖြင့်ပြင်ဆင်ထားသောဓါတ်ပုံများ လက်မခံပါ။)
(၄) လျှောက်ထားသူ ၏ သက်သေခံကတ်ပြား ကာလာ  ဖိုင် (JPEG or PNG)         

     (မှတ်ပုံတင်၏ ရှေ့ခြမ်းနှင့် နောက်ခြမ်း ဓါတ်ပုံများ (သို့) ပတ်စ်ပို့ စာမျက်နှာ ဓါတ်ပုံ (သို့) ယာဉ်မောင်းလိုင်စင်၏ ရှေ့ခြမ်းနှင့်နောက်ခြမ်း  ဓါတ်ပုံများအနက်မှ မိမိအသုံးပြုမည့် တစ်ခုအားပြင်ဆင်ထားရမည်။ ထည့်သွင်းရာတွင် ဝါးနေ‌ခြင်း၊ ဘေးတစောင်းဖြစ်ခြင်း၊ ပုံဆိုဒ်သေးလွန်းခြင်း၊ ဖုန်းဖြင့် ပြန်လည် ရိုက်ကူးခြင်း များလက်မခံပါ။)

(၅)  လျှောက်ထားသူ ၏ လက်မှတ် Image File (JPEG or PNG)

(၆) ငွေပေးချေရန် အတွက် အောက်ပါငွေပေးချေမှုနည်းလမ်း တစ်ခုခု။

  • Local Card(eCommerce Register ပြုလုပ် ထားသော MPU Card)
  • QR Payment(KBZ Pay)

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
ဆက်သွယ်ရန် - 01 757 10 15 Ext-1 (ရုံးချိန်တွင်းသာ)

 2025-07-24
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,719