Myanmar Association of Japan Alumni ( MAJA )

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် မှတ်ပုံတင်လျှောက်ထား ခြင်းနှင့် ပတ်သက်၍ (သင်တန်းကျောင်းများ)


၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲ အတွက် Group Form လျှောက်ထားမည့် သင်တန်းကျောင်းများအနေဖြင့် Online System တွင် Registration ပြုလုပ်ထားရန် လိုအပ်ပါသည်။

မှတ်ပုံတင်လျှောက်ထားခြင်း/Activate ပြုလုပ်ခြင်းအား ၂၈.၇.၂၀၂၅ (တနင်္လာနေ့) မှ ၁.၈.၂၀၂၅ (သောကြာနေ့) အထိ Online System မှ တဆင့်လုပ်ဆောင်ရပါမည်။

လျှောက်လွှာလက်ခံမည့်ရက်နှင့် ပတ်သက်၍ ထပ်မံကြေငြာ သွားမည်ဖြစ်ပါသည်။

သင်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာအရေအတွက်အများဆုံး (၇၀) စောင်နှုန်း ဖြင့် လက်ခံသွားမည်ဖြစ်ပါသည်။

သက်တမ်းရှိလိုင်စင်တခုအား သင်တန်းကျောင်းတစ်ကျောင်း ဟုသတ်မှတ်ပါသည်။ ပိုင်ရှင်အမည်တူ လိုင်စင်အခွဲများ အကြုံးမဝင်ပါ။ အချက်အလက် စုံလင်စွာမပါသော လျှောက်ထားခြင်းများနှင့် သက်တမ်းကုန်နေသည့် လိုင်စင်များအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

Registration ပြုလုပ်ထားပြီးသော သင်တန်းကျောင်းများ

(၁) ယခင်စာမေးပွဲတွင် Registration ပြုလုပ်ထားပြီး စာမေးပွဲဖောင်လျှောက်ထားခွင့် ရရှိထားပြီးသော သင်တန်းကျောင်းများအနေဖြင့် Registration ပြန်လည်လျှောက်ထားရန် မလိုအပ်ပါ။ သို့ရာတွင်ယခင်က မှတ်ပုံတင်ထားသော သင်တန်းကျောင်းများ၏ Account မှာ Deactive status ဖြစ်နေမည် ဖြစ်သောကြောင့် Activate ပြန်လည် ပြုလုပ်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။

လုပ်ဆောင်ပုံအဆင့်ဆင့်အားကြည့်ရှုရန်
https://drive.google.com/file/d/1k1FUCWfMzkM408_mZIuA4Gk4V8J_rPPh/view?usp=drive_link

Registration စတင်ပြုလုပ်မည့် သင်တန်းကျောင်းများ
(၁) သင်တန်းကျောင်းအသစ်များအနေဖြင့် “အကောင့်ဖွင့်မည်” အားနှိပ်၍ မှတ်ပုံတင် လျှောက်ထားရမည်ဖြစ်ပါသည်။

(၂) အီးမေးလ်(Email) လိပ်စာ တခုလျှင် မှတ်ပုံတင်ပြုလုပ်ခြင်း နှင့် လျှောက်လွှာတင်ခြင်း တစ်ကြိမ်သာ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

(၃) အချက်အလက်များအား စစ်ဆေး၍ ဆက်လက်လုပ်ဆောင်ရမည်များအား Online System မှ တဆင့် မှတ်ပုံတင်လျှောက်ထားချိန်တွင် ဖြည့်သွင်းထားသော Email သို့ ပေးပို့သွားမည်ဖြစ်ပါသောကြောင့် ဖြည့်သွင်းခဲ့သော Email အဝင်များအား စစ်ဆေးနေရန် လိုအပ်ပါသည်။

လုပ်ဆောင်ပုံအဆင့်ဆင့်အားကြည့်ရှုရန်  
https://drive.google.com/file/d/1cap1TD2uneFySbWReT0ZZXJvegX07sQy/view?usp=drive_link

မှတ်ပုံတင်လျှောက်ထားခြင်း အတွက် အောက်ပါအချက်များအား ကြိုတင်ပြင်ဆင် ထားရမည်။

(၁) လျှောက်ထားမည့်သင်တန်းကျောင်းသည် လိုင်စင်သက်တမ်းရှိသောသင်တန်းကျောင်းဖြစ်ရမည်။

(၂) လျှောက်ထားမည့်သင်တန်းကျောင်းသည် Japan Foundation ၏ စစ်တမ်းဖြေဆိုထားသော“Institution ID” ရှိသော    သင်တန်းကျောင်းဖြစ်ရမည်။

(၃) သင်တန်းကျောင်းလိုင်စင်တွင်ပါရှိသော ပိုင်ရှင်၏ အချက်အလက်နှင့် ကာလာမှတ်ပုံတင် Image File(JPEG or PNG)
(မှတ်ပုံတင်၏ ရှေ့ခြမ်းနှင့် နောက်ခြမ်း ဓါတ်ပုံအား ပြင်ဆင်ထားရမည်။ ဝါးနေ‌ခြင်း၊ ဘေးတစောင်းဖြစ်ခြင်း၊
ပုံဆိုဒ်သေးလွန်းခြင်း၊ အချက်အလက်ကွဲလွဲနေခြင်း များလက်မခံပါ။)

(၄) သက်တမ်းရှိသင်တန်းကျောင်းလိုင်စင် ကာလာImage File (JPEG or PNG)
(ဝါးနေ‌ခြင်း၊ ဘေးတစောင်းဖြစ်ခြင်း၊ ပုံဆိုဒ်သေးလွန်းခြင်း၊ အချက်အလက်ကွဲလွဲနေခြင်း များလက်မခံပါ။)

(၅) ငွေပေးချေရန် အတွက် အောက်ပါငွေပေးချေမှုနည်းလမ်း တစ်ခုခု။

- K Pay
- Ecommerce Registered ပြုလုပ် ထားသော MPU Card
(၇) မှတ်ပုံတင် အချက်အလက် ဖြည့်သွင်းရာတွင် သင်တန်းကျောင်းတာဝန်ခံကိုယ်တိုင် ဖြည့်သွင်းရပါမည်။ အကယ်၍ အခြားသူများမှ ကိုယ်စားလုပ်ဆောင်ပေးပြီ အမှားတစ်စုံတစ်ရာ ပေါ်ပေါက်ပါက သင်တန်းကျောင်းတာဝန် သာဖြစ်သည်။

*** ဇူလိုင်လ စာမေးပွဲရလဒ်များမှာ (၈)လပိုင်းကုန်မှသာထွက်ရှိမည်ဖြစ်ပါသည်။ မိမိအမှန်တကယ်ဖြေဆိုမည့် Level အား ရွေးချယ်လျှောက်ထားရမည်ဖြစ်ပြီး Level အား ပြောင်းလဲ ဖြေဆို ခွင့်မရှိကြောင်းသတိပြုပါ။ ***

အသေးစိတ်လမ်းညွှန်များအား ပူးတွဲဖော်ပြပါပုံများတွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။
ဆက်သွယ်ရန် - 01 757 10 15 Ext-1 (ရုံးချိန်တွင်းသာ)

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2025-07-24
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,718