၂၀၂၅ ခုနှစ် ဒီဇင်ဘာလ JLPT စာမေးပွဲ လျှောက်ထားခြင်းနှင့် ငွေပေးချေခြင်း လမ်းညွှန်(တစ်ဦးချင်း)
၂၀၂၅ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အား ဒီဇင်ဘာလ (၇) ရက်နေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များ၌ ကျင်းပသွားမည်ဖြစ်ပါသည်။ တစ်ဦးချင်း အနေဖြင့် လျှောက်ထားဖြေဆိုမည့် စာမေးပွဲဖြေဆိုလိုသူများအတွက် လျှောက်လွှာ လျှောက်ထားခြင်းအား အောက်ပါအစီအစဉ်အတိုင်း လက်ခံပြုလုပ် သွားမည်ဖြစ်ပါသည်။
လျှောက်လွှာတင်ရန် Website လိပ်စာ - Edit ပြုလုပ်ပေးသွားပါမည်။
၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၇) (တနင်္ဂနွေနေ့)
၂။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။
၃။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level N1 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level N2 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level N3 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level N4 - ၄၇,၀၀၀ + ၅,၀၀၀ = (၅၂,၀၀၀ ကျပ်)
Level N5 - ၄၇,၀၀၀ + ၅,၀၀၀ = (၅၂,၀၀၀ ကျပ်)
၄။ လျှောက်လွှာလက်ခံကာလ
Level N1 - ၄.၈.၂၀၂၅ (တနင်္လာနေ့)၊ ၅.၈.၂၀၂၅ (အင်္ဂါနေ့)၊ ၆.၈.၂၀၂၅ (ဗုဒ္ဓဟူးနေ့)
Level N2 - ၄.၈.၂၀၂၅ (တနင်္လာနေ့)၊ ၅.၈.၂၀၂၅ (အင်္ဂါနေ့)၊ ၆.၈.၂၀၂၅ (ဗုဒ္ဓဟူးနေ့)
Level N3 - ၈.၈.၂၀၂၅ (သောကြာနေ့)၊ ၁၁.၈.၂၀၂၅ (တနင်္လာနေ့)၊ ၁၂.၈.၂၀၂၅ (အင်္ဂါနေ့)
Level N4 - ၁၂.၈.၂၀၂၅ (အင်္ဂါနေ့)၊ ၁၃.၈.၂၀၂၅ (ဗုဒ္ဓဟူးနေ့)၊ ၁၄.၈.၂၀၂၅ (ကြာသပတေးနေ့)
Level N5 - ၅.၈.၂၀၂၅ (အင်္ဂါနေ့)၊ ၆.၈.၂၀၂၅ (ဗုဒ္ဓဟူးနေ့)၊ ၊ ၇.၈.၂၀၂၅ (ကြာသပတေးနေ့)
၅။ လျှောက်လွှာလက်ခံမည့် အချိန်
System သို့ တစ်ပြိုင်နက်ထဲ ဝင်ရောက်ခြင်းအား ထိန်းချုပ်နိုင်ရန် လျှောက်လွှာလက်ခံမည့်အချိန်အား ကြိုတင်အသိပေးမည် မဟုတ်ပါ။ (လျှောက်လွှာလက်ခံသည့်ရက်အတွင်း နေ့ခင်းဖက်အချိန်များတွင် ဝင်ရောက် လျှောက်ထားနိုင်ပါသည်။)
လျှောက်ထားသူများ သတိပြုရန်
- လျှောက်လွှာဖောင်တင်ရန်အတွက် Registration (မှတ်ပုံတင်ခြင်း) ပြုလုပ်ထားရန်လိုအပ်ပါမည်။
- လျှောက်လွှာဖောင်အတွက် ငွေပေးချေသည့်အချိန်တွင် Browser အားပိတ်လိုက်ခြင်း၊ Refresh ခေါ်ယူခြင်းများ မပြုလုပ်ပါရန်။
- ငွေပေးချေမှုပြီးဆုံးသွားပါက လျှောက်လွှာဖောင်အချက်အလက်အား ပြန်လည်စစ်ဆေးပေးပါ။ အကယ်၍ စာမေးပွဲကြေးအား ပေးချေခဲ့သော်လည်း လျှောက်လွှာဖောင်အချက်အလက်တွင် “Confirmed” မဖြစ်ပါက MAJA ရုံးသို့ဆက်သွယ်အကြောင်းကြားရန်လိုအပ်ပါမည်။
- လျှို့ဝှက်နံပါတ် သတ်မှတ်ရာတွင် အောက်ဖော်ပြပါအချက်များအားသတိပြု၍ ဖြည့်သွင်းပေးပါရန် ကြိုတင် အသိပေးအပ်ပါသည်။
- ပထမဂဏန်းသည် သုည “0” ဖြစ်၍ မရပါ။ (အလယ်နှင့် အနောက်တွင် "0" ထည့်သွင်းနိုင်သည်)
- ဂဏန်း ၈လုံးသည် အားလုံးတူညီသော ဂဏန်းဖြစ်၍ မရပါ။
- စာလုံး(Alphabet) နှင့် သင်္ကေတများ ပါဝင်၍ မရပါ။
- ဂဏန်း ၈လုံး ပြည့်အောင် ဖြည့်သွင်းပေးရမည်။
- Online Application လျှောက်ထားရာတွင် ဖြည့်သွင်းမည့် အမည်နှင့် သက်သေခံကတ်ပြား ပေါ်တွင်ပါရှိသော အမည်တို့သည် မတူညီပါက စာမေးပွဲ ဖြေဆိုခွင့်ပြုမည် မဟုတ်ပါ။
အဆိုပါလျှောက်ထားမှုများအတွက် ငွေပြန်အမ်းခြင်းများ လုပ်ဆောင်ပေးမည် မဟုတ်ပါ။
- မိမိလျှောက်ထားသည့် Level, စာဖြေဌာနအတိုင်းဖြေဆိုရမည်ဖြစ်ပြီး၊ ပြောင်းလဲခြင်းအားခွင့်မပြုပါ။ အဆိုပါလျှောက်ထားမှုများအတွက် ငွေပြန်အမ်းခြင်းများ လုပ်ဆောင်ပေးမည် မဟုတ်ပါ။
- စာဖြေသူတစ်ဦးအတွက် တစ်ကြိမ်သာလျှောက်ထားခွင့်ပြုပါသည်။
တစ်ကြိမ်ထက်ပိုမိုလျှောက်ထားပြီး ငွေပေးချေထားမှုများအား ငွေပြန်အမ်းခြင်း လုပ်ဆောင်ပေးမည် မဟုတ်ပါ။
- မူလလျှောက်ထားသည့် စာဖြေသူနှင့် မတူကွဲပြားသော ပြင်ဆင်မှုများအား အချက်အလက် ပြင်ဆင်ခြင်း လက်ခံကာလတွင် ပြင်ဆင်ခွင့်ပြုမည်မဟုတ်ပါ။
- စာမေးပွဲလျှောက်ထားမှုအား ပွဲစားအပ်နှံခြင်း/Service အပ်နှံခြင်းများကြောင့် အချက်အလက်မှားယွင်းမှုများ စသည်ဖြင့် အမှားအယွင်းတစုံတရာဖြစ်ပေါ်ပါက စာဖြေသူများ၏တာဝန်သာဖြစ်ပါသည်။
*** ဇူလိုင်လ စာမေးပွဲရလဒ်များမှာ (၈)လပိုင်းကုန်မှသာထွက်ရှိမည်ဖြစ်ပါသည်။ မိမိအမှန်တကယ်ဖြေဆိုမည့် Level အား ရွေးချယ်လျှောက်ထားရမည်ဖြစ်ပြီး Level အား ပြောင်းလဲ ဖြေဆိုခွင့်မရှိကြောင်း သတိပြုပါ။ ***
ငွေပေးချေနည်းလမ်းညွှန်
https://drive.google.com/.../1OH1eOR80w9i2ZZ0f7ta.../view...
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဆက်သွယ်ရန် 01- 757 10 15 (ext 1)