Myanmar Association of Japan Alumni ( MAJA )

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ JLPT စာမေးပွဲ လျှောက်ထားခြင်းနှင့် ငွေပေးချေခြင်း လမ်းညွှန် (သင်တန်းကျောင်းများ)


၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲ အတွက် သင်တန်းကျောင်းအလိုက် လျှောက်ထားခွင့်ရရှိသောကျောင်းများအား အောက်ဖော်ပြပါအတိုင်း လက်ခံသွားမည်ဖြစ်ပါသည်။

လျှောက်ထားခွင့်ရရှိသော သင်တန်းကျောင်းအသစ်များအား မှတ်ပုံတင်ကာလတွင်ဖြည့်သွင်းထားသော Email သို့ Login ID နှင့် Registration Status အား စတင်ပေးပို့နေပြီဖြစ်ပြီး ဩဂုတ်လ (၄) ရက်နေ့ ညနေ (၄) နာရီ နောက်ဆုံးထား ပေးပို့သွားမည်ဖြစ်ပါသဖြင့် မိမိတို့၏ Email အဝင်များအား စစ်ဆေးပေးရန်လိုအပ်ပါမည်။

သင်တန်းကျောင်းအဟောင်းများမှာ Activate status ရောက်ရှိပါက မိမိတို့၏ log in ID ဖြင့် ဝင်ရောက်ရန်ဖြစ်ပါသည်။

လျှောက်လွှာတင်ရန် Website လိပ်စာ - Edit ပြုလုပ်ပေးသွားပါမည်။

၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့ (တနင်္ဂနွေနေ့)

၂။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။

၃။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level N1 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level N2 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level N3 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level N4 - ၄၇,၀၀၀ + ၅,၀၀၀ = (၅၂,၀၀၀ ကျပ်)
Level N5 - ၄၇,၀၀၀ + ၅,၀၀၀ = (၅၂,၀၀၀ ကျပ်)

၄။ လျှောက်လွှာလက်ခံမည့် ကာလ နှင့် အချိန်
၅.၈.၂၀၂၅ (အင်္ဂါနေ့) မနက် ၉း၀၀နာရီ မှ ၁၄.၈.၂၀၂၅ (ကြာသပတေးနေ့) ညနေ ၄း၀၀ နာရီ အတွင်း Email မှ တဆင့်လက်ခံရရှိထားသော login ID နှင့် ဝင်ရောက် လျှောက်ထားရပါမည်။

လျှောက်ထားသူများ သတိပြုရန်
- လျှောက်လွှာဖောင်တင်ရန်အတွက် Registration (မှတ်ပုံတင်ခြင်း) ပြုလုပ်ထားရန်လိုအပ်ပါမည်။
Registration (မှတ်ပုံတင်ခြင်း) အတွက်ကြေငြာချက်အားအောက်ဖော်ပြပါ Linkတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/share/p/19CAzistH5/?mibextid=wwXIfr

- လျှောက်ထားသည့် Level, စာဖြေဌာနအတိုင်း ဖြေဆိုရမည်ဖြစ်ပြီး၊ ပြောင်းလဲခြင်းအားခွင့်မပြုပါ။ အဆိုပါ လျှောက်ထားမှုများအတွက် ငွေပြန်အမ်းခြင်းများ လုပ်ဆောင်ပေးမည် မဟုတ်ပါ။

- လျှောက်လွှာဖောင်ပါအချက်အလက်များအား ပြန်လည်ပြင်ဆင်ခွင့်မရှိပါသောကြောင့် သေချာမှန်ကန်စွာ ဖြည့်သွင်းပေးရန်။

- လျှို့ဝှက်နံပါတ် သတ်မှတ်ရာတွင် အောက်ဖော်ပြပါအချက်များအားသတိပြု၍ ဖြည့်သွင်းပေးပါရန် ကြိုတင် အသိပေးအပ်ပါသည်။

  • ပထမဂဏန်းသည် သုည “0” ဖြစ်၍ မရပါ။ (အလယ်နှင့် အနောက်တွင် "0" ထည့်သွင်းနိုင်သည်)
  • ဂဏန်း ၈လုံးသည် အားလုံးတူညီသော ဂဏန်းဖြစ်၍ မရပါ။
  • စာလုံး(Alphabet) နှင့် သင်္ကေတများ ပါဝင်၍ မရပါ။
  • ဂဏန်း ၈လုံး ပြည့်အောင် ဖြည့်သွင်းပေးရမည်။

- သင်တန်းကျောင်းများအနေဖြင့် မိမိတို့ကျောင်းသားများနစ်နာမှုမရှိစေရန် အချက်အလက်များအား မှန်ကန်စွာ ဖြည့်သွင်းပေးရန်။

- စာမေးပွဲလျှောက်ထားမှုအား ပွဲစားအပ်နှံခြင်း/Service အပ်နှံခြင်းများကြောင့် အချက်အလက်မှားယွင်းမှုများ စသည်ဖြင့် အမှားအယွင်းတစုံတရာဖြစ်ပေါ်ပါက စာဖြေသူ များ၏တာဝန်သာဖြစ်ပါသည်။

- မိမိတို့၏လျှောက်လွှာဖောင်အခြေအနေနှင့် ငွေပေးချေမှုအခြေအနေများအား Login ID ဖြင့်ဝင်ရောက်စစ်ဆေးနေရန်။

- မိမိတို့ လျှောက်ထားသည့်ဖောင်အရေအတွက်အားလုံး အတည်ပြုခြင်းအဆင့် (Approve Status) ရောက်ရှိပါက ငွေပေးချေခြင်းအဆင့်အား လျှောက်လွှာလက်ခံကာလအတွင်း ချက်ချင်းလုပ်ဆောင်ပေးရန်။

*** ဇူလိုင်လ စာမေးပွဲရလဒ်များမှာ (၈)လပိုင်းကုန်မှသာထွက်ရှိမည်ဖြစ်ပါသည်။ မိမိအမှန်တကယ်ဖြေဆိုမည့် Level အား ရွေးချယ်လျှောက်ထားရမည်ဖြစ်ပြီး Level အား ပြောင်းလဲ ဖြေဆို ခွင့်မရှိကြောင်းသတိပြုပါ။ ***

လျှောက်ထားနည်းလမ်းညွှန်
https://drive.google.com/.../1v3c.../view...
ငွေပေးချေနည်းလမ်းညွှန်
https://drive.google.com/.../1OH1eOR80w9i2ZZ0f7ta.../view...

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
ဆက်သွယ်ရန် - 01 757 10 15 Ext-1 (ရုံးချိန်တွင်းသာ)

 2025-07-30
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,717