Myanmar Association of Japan Alumni ( MAJA )

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ JLPT စာမေးပွဲအတွက် တစ်ဦးချင်းအနေဖြင့် လျှောက်ထားမည့်စာဖြေသူများသို့


ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)အား တစ်ဦးချင်းအနေဖြင့် ဖြေဆိုလိုသူများ၊ လျှောက်လွှာလျှောက်ထားရာ တွင် ယခုနှစ်မှစတင်၍ ရန်ကုန်စာဖြေဌာန၏ N3,N4 Level များနှင့်  မန္တလေးစာဖြေဌာန၏ N4 Level အတွက် မိမိဖြေဆိုလိုသောမြို့နယ်အား ရွေးချယ်လျှောက်ထားနိုင်မည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

N1, N2 နှင့် N5 Level များ၏ စာဖြေဌာနမှာ မြို့နယ်တစ်ခုတည်းတွင် စုစည်း ကျင်းပမည် ဖြစ်သဖြင့် ရွေးချယ်ရန် လိုအပ်မည် မဟုတ်ပါ။

မှတ်ချက် ။    ။ မြို့နယ်များအလိုက်  ခုံအရေအတွက်သည် ကန့်သတ်ချက်ရှိပါ​သော​ကြောင့် မိမိ​ဖြေဆိုလို​သော မြို့နယ်ရှိ ခုံ​နေရာမကျန်ရှိပါက ​ရွေးချယ်၍ မရနိုင်​ကြောင်း သတိပြု​စေလိုပါသည်။

သင်တန်းကျောင်းများအတွက်နေရာ ချထားရာတွင် သင်တန်းကျောင်း တည်နေရာနှင့် တတ်နိုင်သ၍ နီးစပ်သည့်စာဖြေဌာန များတွင် နေရာချထားပေးမည်ဖြစ်ပါသည်။

လျှောက်ထားနည်းလမ်းညွှန် Manual Link

https://cdn-prod-static-assets.sgp1.cdn.digitaloceanspaces.com/20240809T112043812Z-4-2-1/statichttps://cdn-prod-static-assets.sgp1.cdn.digitaloceanspaces.com/20250729T103606109Z-4-2-3/static/docs/user-manual-myanmar.pdf

“မြို့နယ်ရွေးချယ်ခြင်း” (အထက်ပါ လျှောက်ထားနည်းလမ်းညွှန် Page 18 , Number 7-3)

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဆက်သွယ်ရန်   01- 757 10 15 (ext 1)

 2025-08-01
၂၀၂၇ ခုနှစ်၊ (၄) လပိုင်း အတွက် ခေါ်ယူမည့် သတင်းစာ စကော်လားရှစ် (2027 April Intake - ASAHI Shimbun Scholarship)
visitors :      283,427