Myanmar Association of Japan Alumni ( MAJA )

၂၀၂၄ ခုနှစ် ဇူလိုင်လ (၇)ရက် JLPT - အမှားပြင်ဆင်ရန် တင်ထား သည့် အောင်လက်မှတ်များ ထုတ်ယူခြင်းနှင့် ပတ်သက်၍ (နောက်ဆုံးအသုတ်)


၂၀၂၄ ခုနှစ် ဇူလိုင်လ (၇)ရက် နေ့ JLPT စာမေးပွဲ အောင်လက်မှတ်များတွင် အမည်စာလုံးပေါင်း၊ မွေးသက္ကရာဇ် စသည့်အချက်အလက်များ အမှားပြင်ဆင်ရန်လျှောက်ထားသော စာဖြေသူများ၏ အောင်လက်မှတ်များအား ပြင်ဆင်ပြီး ပြန်လည်ပေးပို့လာသည် ဖြစ်ပါသဖြင့် အောက်‌ဖော်ပြပါအတိုင်း ပြန်လည်ထုတ်ယူနိုင်မည် ဖြစ်ပါသည်။  

ရန်ကုန်ရုံးတွင်ပြင်ဆင်ခွင့်တင်ခဲ့သူများ

နေရာ။       ။ JLPT Centre (MAJA)
အမှတ်(၂ဘီ-၃)၊ နှင်းဥယျာဉ်အိမ်ရာ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
နေ့ရက်။    ။ ၈.၈.၂၀၂၅ ရက်မှစတင်၍ ထုတ်ယူနိုင်ပါသည်။
အချိန်  ။    ။ မနက် ၉း၃၀ မှ ညနေ ၄း၀၀ ထိ။
                  (ထမင်းစားချိန် ၁၂ နာရီ မှ ၁နာရီထိ) အစိုးရရုံးပိတ်ရက် နှင့် စနေ၊ တနင်္ဂနွေ ပိတ်ပါသည်။

မန္တလေးရုံးတွင်ပြင်ဆင်ခွင့်တင်ခဲ့သူများ

နေရာ။       ။ MAJA မန္တလေး ယာယီရုံးခန်း
Mandalay Swan Hotel (အပြင်ဘေးဘက်ခြမ်း)၊ ၆၈ လမ်း၊ ၂၆*၂၇ လမ်း၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။
နေ့ရက်။    ။ ၁၄.၈.၂၀၂၅ ရက်မှစတင်၍ ထုတ်ယူနိုင်ပါသည်။
အချိန်  ။    ။ မနက် ၉း၃၀ မှ ညနေ ၄း၀၀ ထိ။

ပြန်လည်ထုတ်ယူရာတွင် ကာယကံရှင်၏ သက်သေခံကတ်ပြား မူရင်းနှင့် မိတ္တူတစောင် ယူဆောင်လာရပါမည်။

မှတ်ချက်။   ။ ပြင်ဆင်ထားသည့်အောင်လက်မှတ်များအား စတင်ထုတ်ယူနိုင်သည့်ရက်မှ စတင်၍ (၁)နှစ် အတွင်း ထုတ်ယူနိုင်ပါမည်။ ပြင်ဆင်ပြီးစီးသည့် အောင်လက်မှတ်အား ပြင်ဆင်ရန် ထပ်မံပြင်ဆင်ခွင့် မရှိပါ။ အောင်လက်မှတ်တခုအား တကြိမ်သာ ပြန်လည်ပြင်ဆင်ရန် လျှောက်ထားနိုင်ပြီး လျှောက်ထားသည့်အခါတွင်လဲ မိမိပြင်ဆင်လိုသည်အား သေချာစွာ စစ်ဆေးလျှောက်ထားရန် လိုအပ်ပါသည်။

JLPTစာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2025-08-08
Application Announcement for Long-term Capacity Development Scholarship Program
visitors :      210,928