Myanmar Association of Japan Alumni ( MAJA )

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ JLPT စာမေးပွဲ လျှောက်ထားခြင်းနှင့် ပတ်သက်၍ (ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် (၁၀)နှစ်အောက် ဖြေဆိုသူများ)


၂၀၂၅ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အား ဒီဇင်ဘာလ (၇) ရက်နေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များ၌ ကျင်းပသွားမည်ဖြစ်ပါသည်။

ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် (၁၀)နှစ်အောက် ဖြေဆိုသူများ အတွက် လျှောက်လွှာလျှောက်ထားခြင်းအား အောက်ပါအစီအစဉ်အတိုင်း လက်ခံပြုလုပ် သွားမည်ဖြစ်ပါသည်။

၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၇) (တနင်္ဂနွေနေ့)

၂။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။

၃။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level N1 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level N2 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level N3 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level N4 - ၄၇,၀၀၀ + ၅,၀၀၀ = (၅၂,၀၀၀ ကျပ်)
Level N5 - ၄၇,၀၀၀ + ၅,၀၀၀ = (၅၂,၀၀၀ ကျပ်)

၄။ လျှောက်လွှာအရောင်းကာလ နှင့် လက်ခံကာလ (Level အားလုံးအတွက်)

ရန်ကုန်    - ၁၅.၈.၂၀၂၅ (သောကြာနေ့)၊ ၁၆.၈.၂၀၂၅ (စနေနေ့)၊ ၁၇.၈.၂၀၂၅ (တနင်္ဂနွေနေ့)

မန္တလေး - ၁၅.၈.၂၀၂၅ (သောကြာနေ့)၊ ၁၆.၈.၂၀၂၅ (စနေနေ့)

ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် (၁၀)နှစ်အောက် စာမေးပွဲလျှောက်ထားလိုသူများအတွက် အထက်ပါ ကာလအတွင်း လျှောက်လွှာဝယ်ယူခြင်းနှင့် လျှောက်ထားခြင်းအား ကိုယ်တိုင်/ကိုယ်စား စနစ်ဖြင့် တစ်ပြိုင်နက်ထဲ လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ပါသောကြောင့် အောက်ဖော်ပြပါလိုအပ်ချက်များအား တပါတည်းယူဆောင်လာပေးရန်လိုအပ်ပါမည်။

(ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များအတွက် သာသနာဝင်စိစစ်ရေးကတ်ပြားမိတ္တူ (သို့) သာသနာနွယ်ဝင် စိစစ်ရေးကတ်ပြားမိတ္တူ နှင့် ဓါတ်ပုံ(၂)ပုံ ယူဆောင်လာရမည်ဖြစ်ပြီး၊ (၁၀) နှစ်အောက် လျှောက်လွှာတင်သူများအတွက် မွေးစာရင်းမိတ္တူ နှင့် ဓါတ်ပုံ(၂)ပုံ ယူဆောင်လာရပါမည်။)

၅။ လျှောက်လွှာ အရောင်း/လက်ခံမည့်အချိန် နှင့် နေရာ

အချိန် - မနက် ၉း၀၀ နာရီ မှ နေ့လည် ၃း၀၀ နာရီအထိ
နေရာ - (ရန်ကုန်စာဖြေဌာန) – JLPT Test Management Centre (MAJA)
 အမှတ်(၂ဘီ-၃)၊ နှင်း ဥယျာဥ်အိမ်ရာ ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။
(မန္တလေးစာဖြေဌာန) – MAJA မန္တလေး ယာယီရုံးခန်း
  Mandalay Swan Hotel (အပြင်ဘေးဘက်ခြမ်း)၊ ၆၈ လမ်း၊ ၂၆*၂၇ လမ်း၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)                  
ဆက်သွယ်ရန် -  01- 757 10 15 (Ext: 1)

 2025-08-13
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,289