Myanmar Association of Japan Alumni ( MAJA )

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် လျှောက်လွှာလက်ခံ ကာလ တိုးမြှင့်ခြင်း (သင်တန်းကျောင်း)


၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် သင်တန်းကျောင်းအလိုက်လျှောက်ထားမှုများအား ၅.၈.၂၀၂၅ ရက်နေ့မှ ၁၄.၈.၂၀၂၅ ရက်နေ့အထိ online system မှ လက်ခံ ခဲ့ပြီးဖြစ်ပါသည်။
စာဖြေဌာနများတွင် ခုံနေရာ ထပ်မံတိုးမြင့်နေရာချထားနိုင်မည် ဖြစ်ပါသောကြောင့် သင်တန်းကျောင်းအလိုက် လျှောက်ထားမှု များအတွက် လျှောက်ထားခြင်းကာလအား အောက်ပါအတိုင်းတိုးမြှင့် သက်မှတ်လက်ခံ သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

တိုးမြှင့်လက်ခံသွားမည့်ရက်နှင့် အချိန်
နေ့ရက် - ၁၉.၈.၂၀၂၅ (အင်္ဂါနေ့)၊ ၂၀.၈.၂၀၂၅ (ဗုဒ္ဓဟူးနေ့)
အချိန်   - မနက် ၉နာရီမှ နေ့လည် ၃နာရီအထိ
ဆက်သွယ်ရန် - 09- 767 557 354 (Viber)

ထပ်မံလျှောက်ထားလိုသော စာဖြေသူများရှိသည့်သင်တန်းကျောင်းများအနေဖြင့် မိမိတို့ ဝယ်ယူလိုသည့် Level အလိုက် အရေအတွက်အား ရေးသားသတ်မှတ်ပြီး အထက်ဖော်ပြပါ Viber နံပါတ်သို့ ၁၉.၈.၂၀၂၅ ရက်နေ့ ညနေ ၄နာရီ နောက်ဆုံးထား ပေးပို့ပေးရမည်ဖြစ်ပါသည်။ လာရောက်ဝယ်ယူရမည့် အချိန်နှင့် ရက် အသေးစိတ်အား ပြန်လည်ပေးပို့သွားမည်ဖြစ်ပါသည်။


မှတ်ချက် ။ ။ တိုးမြှင့်နိုင်သော စာဖြေဌာနနှင့် ထိုင်ခုံအရေအတွက်များအတိုင်းသာ ထပ်မံလက်ခံနိုင်မည် ဖြစ်ပါသောကြောင့် သတ်မှတ်ထားသော level အလိုက် ထိုင်ခုံ အရေအတွက် ပြည့်ပါက လျှောက်လွှာလက်ခံခြင်းအား ပိတ်သိမ်းမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

စုံစမ်းရန် 01- 757 10 15 (ext 1)
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

 2025-08-18
Online Study in Japan Fair 2026 For Myanmar
visitors :      300,191